ဘုရားသခင် စီမံတော်မူသော ဖလှယ်ခြင်း (အပိုင်း ၄)
လက်ဝါးကပ်တိုင်၌
ဖလှယ်ခြင်းတွင် လူ၏ဒုစရိုက်အပြစ်များမှ ဖြစ်ပေါ်လာသော စိတ်ဝေဒနာအမျိုးမျိုးလည်း ပါဝင်သည်။
ဤနေရာတွင် နောက်တစ်ဖန်၊ ကျွန်ုတို့သည် အကောင်းကိုခံစားနိုင်ရန် ယေရှုသည် အဆိုးကိုခံပေးတော်မူပါသည်။
ကျွန်ုပ်တို့ကျူးလွန် သော ဒုစရိုက်အပြစ် ယူဆောင်လာသည့်အရက်စက်ဆုံး အနာတရနှစ်ခုမှာ အရှက်တကွဲ
ဖြစ်ခြင်းနှင့် အပယ်ခံခြင်းတို့ဖြစ်သည်။ ယေရှုသည် ဤစိတ်နာကျင်မှုနှစ်ရပ်စလုံးကို လက်ဝါးကပ်တိုင်ပေါ်တွင်
ခံတော်မူခဲ့ပါသည်။
အရှက်တကွဲဖြစ်ခြင်း၏ ထိခိုက်မှုသည် အမျိုးမျိုးကွဲပြားတတ်သည်။
ရှက်ကိုးရှက် ကန်းဖြစ်ရခြင်းမှသည် မိမိကိုယ်ကို တန်ဖိုးမထားတော့လောက်အောင် အရှက်ကွဲအကျိုး
နည်းစိတ် ခံစားလွန်းပြီး၊ ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း မိတ်သဟာ ယဖွဲ့ရန်
အဓိပ္ပါယ်မရှိဟု အပယ်ခံစိတ်ပေါက်သည်အဆင့် ရောက်နိုင်သည်။ အများဆုံးဖြစ် တတ်သော အကြောင်းတရားတစ်ခုမှာ
ယခုခေတ် လူ့အသိုင်းအ၀ိုင်းတွင် တစ်နေ့တခြား ခေတ်စားလာသည့် မဖွယ်မရာလိင်ဆက်ဆံခြင်းမျိုး
သို့မဟုတ် အဓမ္မပြုကျင့်ခံရခြင်းတို့ဖြစ် သည်။ ဤကဲ့သို့သော ဖြစ်ရပ်များမှာ ဒဏ်ရာဒဏ်ချက်ဖြစ်လာကာ
ဘုရားသခင်၏ကျေးဇူး တော်အားဖြင့်သာ ကုစားနိုင်ပါသည်။
လက်ဝါးကပ်တိုင်ပေါ်က ယေရှုအကြောင်းကို ပြောပြရာတွင်
ဟေဗြဲဩ၀ါဒစာရေး သူ၏အဆိုမှာ “ထိုသခင်သည် မိမိရှေ့၌ထားသော ၀မ်းမြောက်ခြင်းအကြောင်းကြောင့်
ရှက် ကြောက်ခြင်းအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ”(ဟေဗြဲ၊ ၁၂း၂)။ လက်ဝါးကပ်
တိုင်၌ အသေခံခြင်းသည် အဆိုးဝါးဆုံး ရာဇ၀တ်ကောင်များအတွက် သတ်မှတ်ထားသော ရှက်စရာအကောင်းဆုံး
သေခြင်းဖြစ်သည်။ အသတ်ခံရမည့်သူ၏ အ၀တ်အစားအားလုံးကို ချွတ်၍ ဖြတ်သွားဖြတ်လာသူများ လှောင်ပြောင်ရန်
ကိုယ်တုံးလုံးချိတ်ဆွဲထားလေသည်။ လက်ဝါးကပ်တိုင်ပေါ်တွင် ဆွဲထားခြင်းခံတုန်းက ယေရှုခံတော်မူသော
အရှက်ကွဲခြင်းမှာ ဤအဆင့်ပင်ဖြစ်ပါသည်။ (မဿဲ၊ ၂၇း၃၅-၄၄)။
ယေရှုယူတင်ဆောင်ရွက်တော်မူခဲ့သော အရှက်ကွဲခြင်းနေရာတွင်
ဘုရားသခင် ယူဆောင်တော်မူလာရန် ရည်ရွယ်သောအရာမှာ ကိုယ်တော်ကို ယုံကြည်ကိုးစားသောသူ များအား
ထာဝရဘုန်းတော်မျှဝေဖို့ရန် ဖြစ်ပါသည်။ ဟေဗြဲ၊၂း၁၀ တွင် စာရေးသူ၏ အဆို မှာ၊ “အကြောင်းမူကား
များစွာသောသားတို့ကို ကယ်တင်၍ ဘုန်းစည်းစိမ်ခံစားဖို့ရာသို့ ပို့ ဆောင်သောအရှင်(ယေရှု)သည်
ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ရောက်ရမည့် အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း၍
အုပ်စိုးတော်မူသော ဘုရားသည် စီရင် တော်မူအပ်၏။” လက်ဝါးကပ်တိုင်ပေါ်တွင် ယေရှုသည်းခံတော်မူသောအရှက်ကွဲခြင်းသည်
ကိုယ်တော်ကို ယုံကြည်ကိုးစားသူအပေါင်းတို့၏ အရှက်ကွဲခြင်းမှ လွတ်ကျွတ်နိုင်ရန် လမ်း
ဖွင့်ပေးပါသည်။ ထိုမျှမက ကိုယ်တော်ရှင်သာ ခံစားခွင့်ရှိသော ထာဝရရပိုင်ခွင့်ဖြစ်သည့်
ဘုန်းအသရေကို ကျွန်ုပ်တို့အား ဝေငှခွင့်ရှိတော်မူပါသည်။
အရှက်ကွဲခြင်းထက်သာ၍ ရင်နာစရာကောင်းသော
ဒဏ်ရာဒဏ်ချက်နောက်တစ် ခုရှိပါသည်။ ၎င်းမှာ အပယ်ခံခြင်းဖြစ်ပါသည်။ အပယ်ခံခြင်းသည် ဆက်ဆံရေးပျက်ပြားခြင်း
၏ ပုံစံအမျိုးမျိုးကို အခြေခံလေ့ရှိပါသည်။ အစောလျင်ဆုံး အပယ်ခံခြင်း ဖြစ်ရပ်တစ်ခုမှာ
မိမိတို့ကိုယ်ပိုင်ရင်သွေးသားသမီးများကို ငြင်းပယ်သော မိဘများမှ အစပြုလေသည်။ အပယ်ခံခြင်းသည်
မခံမရပ်နိုင်သည့်အဆင့် ဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့မဟုတ် မျက်နှာ ချင်းမဆိုင်ချင်လောက်အောင်
စိတ်နာကြည်းမှုဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ချစ်ခြင်း မေတ္တာမပြရုံ၊ မျက်နှာသာ
မပေးရုံမျှလည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ကိုယ်ဝန်ရှိသော မိန်း မတစ်ယောက်သည် မိမိဝမ်းဗိုက်ရှိကလေးအပေါ်
စိတ်နာကြည်းမှုတစ်ခုခုရှိလျှင် ထိုကလေး သည် အပယ်ခံစိတ်ဖြင့် မွေးဖွားလာကာ၊ အပယ်ခံဘ၀တွင်
ကြီးပြင်းလာပြီး မရဏာနိုင်ငံသို့ ပင် အပယ်ခံဘ၀ဖြင့် ရောက်ကောင်းရောက်သွားလိမ့်မည်။
လင်မယားကွာရှင်းခြင်းသည် အပယ်ခံခြင်း၏ဖြစ်လေ့ဖြစ်ထရှိသော
အကြောင်း တရားတစ်ခုဖြစ်သည်။ ဤအကြောင်းကို သခင်ဘုရားကိုယ်တိုင် ဟေရှာယ၊ ၅၄း၆ တွင် ရှင်းရှင်းလင်းလင်း
မိန့်တော်မူခဲ့ပါသည်။
စွန့်ပစ်၍
စိတ်ငြိုငြင်သောမိန်းမ၊ ငယ်စဉ်တွင် မယားဖြစ်၍၊ နောက်မှငြင်းပယ်သော မိန်းမကို တဖန်ခေါ်သကဲ့သို့
သင့်ကို ငါခေါ်မည်ဟု သင်၏ဘုရားသခင်မိန့်တော်မူ၏။
အပယ်ခံခြင်း ဒဏ်ရာဒဏ်ချက်ကို ငြိမ်းစေရန်
ဘုရားသခင်၏ပြင်ဆင်တော်မူချက် ကို မဿဲ၊ ၂၇း၄၆၊၅၀ တွင် မှတ်တမ်းတင်ထားပြီး၊ ဤကျမ်းပိုဒ်များသည်
ယေရှု၏အမြင့်ဆုံး ဒုက္ခဝေဒနာအကြောင်းကို ဖော်ပြလေသည်။
သုံးချက်တီးအချိန်၌
ယေရှုက၊ ဧလိ၊ဧလိ၊ လာမာရှာဗခသာနိ ဟု ကြီးသော
အသံ နှင့် ကြွေးကြော်တော်မူ၏။ အနက်ကား အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ့်ကြောင့်
အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုသတည်း။ ယေရှုသည် ကြီးသောအသံနှင့် တဖန် ကြွေးကြော်ပြီးလျှင်
အသက်တော်ကို လွှတ်လေ၏။
ကမ္ဘာလောကကြီး၏ ရာဇ၀င်တွင် ပထမဆုံးအကြိမ်
ဘုရားသခင်၏သားတော် သည် ခမည်းတော်ကို အော်ခေါ်တော်မူသော်လည်း ပြန်ထူးခြင်းမရရှိခဲ့ပါ။
ယေရှုသည် လူ ၏အပြစ်များအားလုံးကို ယူတင်ဆောင်ရွက်သောကြောင့် ဘုရားသခင်၏ အလျှော့မပေး
သော သန့်ရှင်းစင်ကြယ်ဖြောင့်မတ်မှုသည် သားတော်ကိုပင် ငြင်းပယ် စေတော်မူခဲ့ပါသည်။ ဤအတိုင်း
ယေရှုသည် ရင်နာစရာအကောင်းဆုံးဖြစ်သည့် ဖခင်၏ ငြင်းပယ်ခြင်းကို ခံတော် မူခဲ့ရှာလေသည်။
မရှေးမနှောင်းမှာပင် ကိုယ်တော်သည် အသက်ထွက် သွားတော်မူလေ သည်။ လက်ဝါးကပ်တိုင်ပေါ်တွင်
ချိန်ဆွဲထားခြင်း၏ဒဏ်ရာဒဏ်ချက်ကြောင့်မဟုတ်ဘဲ ငြင်းပယ်ခြင်းကြောင့်ခံစားရသော အသည်းနှလုံးအက်ကွဲ၍
အသက်ထွက်သွားတော်မူခြင်း ဖြစ်ပါသည်။
ရှင်မဿဲ၏မှတ်တမ်း၌ “ထိုအခါ ဗိမာန်တော်၏ကန့်လန့်ကာသည်
အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။” အပြစ်များပြားလှသော လူတို့သည် သန့်ရှင်းတော်
မူသော ဘုရားသခင်နှင့်တိုက်ရိုက်မိတ်သဟာယဖွဲ့နိုင်ရန် လမ်းဖွင့်ပေးသည့်အကြောင်းကို ဖော်ပြခြင်းဖြစ်လေသည်။ ယေရှုအားဖြင့် ဘုရားသခင်သည်
ကျွန်ုပ်တို့အား သူ၏သားသမီး များအဖြစ် လက်ခံရန် လမ်းဖွင့်ပေးသည်။ ဤအကြောင်းအရာကို ရှင်ပေါလုက
ဧဖက်၊ ၁း၅-၆ တွင် ဤကဲ့သို့ ဖော်ပြထားပါသည်။ “ထိုဘုရားသခင်သည် ချစ်တော်မူသော သားတော်
ကြောင့် ငါတို့အား ပေးတော်မူခြင်းငှါ၊ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည့်
အကြောင်း အလိုတော်ရှိသော စေတနာအတိုင်း ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏။
အရှက်တကွဲဖြစ်ခြင်းနှင့် အပယ်ခံခြင်းအတွက်
ဘုရားသခင်၏အားပေးနှစ်သိမ့်မှု ကို ယခုခေတ်ကာလကဲ့သို့ အရေးကြီးလိုအပ်သောအချိန်ကာလမရှိခဲ့ဘူးပါ။
ကျွန်ုပ်ခန့်မှန်း ချက်အရ ကမ္ဘာပေါ်ရှိ လူငယ်လေးပုံတစ်ပုံသည် အရှက်ကွဲအကျိုးနည်းခြင်းနှင့်အပယ်ခံခြင်း
တစ်ခုခုကို ခံစားတွေ့ကြုံနေရသည်။ ဤဝေဒနာကို ခံစားသော လူငယ်များအား ယေရှု၏ လက်ဝါးကပ်တိုင်မှ
ယိုစီးသော အနာရောဂါငြိမ်းစေခြင်းကို လက်ညွှန်ခွင့်ရရှိသည့်အတွက် အတိုင်းမရှိဝမ်းမြောက်ပါသည်။
အထက်တွင် ဆွေးနွေးပြီးခဲ့သည့် လက်ဝါးကပ်တိုင်ပေါ်၌
ဖလှယ်ခြင်း၏စိတ်လှုပ် ရှားမှုပိုင်းဆိုင်ရာ အသွင်အပြင်နှစ်ရပ်ကို အောက်ပါအတိုင်း ပေါင်းစပ်ဖော်ပြပါသည်။
ယေရှုသည် ကျွန်ုပ်တို့၏ အရှက်ကွဲအကျိုးနည်းခြင်းကို ယူတင်ဆောင်ရွက်ပေး ခြင်းအားဖြင့် ကျွန်ုပ်တို့သည်
ကိုယ်တော်၏ဘုန်းအသရေကို ဝေမျှခံစားခွင့်ရရှိပါသည်။
+ + + + + +
## အပိုင်း ၅ ကို ဆက်လက်ဖော်ပြသွားပါမည်။ ##
+ + + + +
မှတ်ချက်=
အသက်တာပြောင်းလဲစေသော
ဝိညာဉ်ရေးရာ တန်ခိုတော်
(DerekPrince) မှ ကောက်နုတ်ဖော်ပြပါသည်
Comments