ယနေ့အတွက် သမ္မာကျမ်းစာ Get link Facebook X Pinterest Email Other Apps - August 17, 2017 ယာကုပ်၊ ၃း၁၃ ၁၃၊ သင်တို့တွင် အတ်အလိမ္မာနှင့်ပြည့်စုံသော ပညာရှိတစုံတယောက်ရှိလျှင်၊ ထိုသူသည် ပညာ၏နူးညံ့သိမ်မွေ့ခြင်းနှင့်တကွ၊ ကောင်းမြတ်သော ကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုတို့ကို ပြပါစေ။ Get link Facebook X Pinterest Email Other Apps Comments
သင်၏တဲရာကို ကျယ်စေလော့ - April 20, 2017 သင်၏တဲရာကို ကျယ်စေလော့ (ဟေရှာယ၊ ၅၄း ၂) ==================================== “သင်၏တဲရာကိုကျယ်စေလော့” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ဝေငှလိုပါတယ်။ အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (ဟေရှာယ၊ ၅၄း၂) ဖြစ်ပါသည်။ ကမ္ဘာ့တန်ခိုးကြီးသောနိုင်ငံများသည် (၁၉)ရာစုနှင့် (၂၀)ရာစုအကြားတွင် နီရဲသောမျက်လုံးများဖြင့် နိုင်ငံငယ်များနှင့် အားနည်း သောနိုင်ငံတို့ကို လက်အောက်ခံ ကိုလိုနီနိုင်ငံများအားဖြင့် သိမ်းပိုက်ရန် စူးစိုက်ကြည့်နေကြပြီး ဒုတိယ ကမ္ဘာစစ်ကြီးအဆုံးတိုင်အောင် သက်ဆိုးရှည်ခဲ့သည်။ ကမ္ဘာ့တန်ခိုးကြီးသောနိုင်ငံများသည် မိမိတို့၏လက်အောက်ခံနယ်ပယ်တို့ကို ချဲ့ခြင်းအားဖြင့် နယ်ချဲ့လိုကြသည်။ ဘုရားသခင်သည် ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ခေါ်ဆောင်လာသောအခါ၌ နို့နှင့်ပျားရည်စီးသောပြည်ဖြစ်သည် ခါနန် ပြည်ကို သိမ်းပိုက်ကြရန် မိန့်မှာတော်မူသည်။ ဣသရေလလူတို့သည် သိမ်းပိုက်ကြသော်လည်း ထိုပြည်၌ နဂိုနေထိုင်သောလူ... Read more
ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ (၃) - August 17, 2017 ကျိန်ခြင်း၏ အရင်းအမြစ် ကျိန်ခြင်းတိုင်းတွင် အကြောင်းတစ်ခုခုရှိစမြဲဟု ရှောလမုန်က (သု၊ ၂၆း၂) တွင် ရှင်းလင်းစွာ ဖော်ပြထားပါသည်။ စာငှက်သည် အရပ်ရပ်လှည့်လည်၍၊ ဧရက်သည်လည်း ပျံသွားသကဲ့သို့ ထိုနည်းတူ အကြောင်းမရှိသောကျိန်ခြင်းသည် မသင့်မရောက်တတ်။ ဤအခြေခံမူကို နှစ်ဖက်ချွန် အသုံးချနိုင်ပါသည်။ တစ်ဘက်တွင် ကျိန်ခြင်းသည် အကြောင်းမရှိလျှင် ထိရောက်မှုမရှိသလို၊ တစ်ဘက်တွင် ဆန့်ကျင်ဘက် မှန်ကန်ပါသည်။ ကျိန်ခြင်းရှိသည့်အကြောင်းတရားကို အတိအကျဖော်ထုတ်ဖို့ရန် သန့်ရှင်းသောဝိညာဉ် တော်အားဖြင့် ပိုင်းခြားသိတတ်ရန် လိုအပ်ပါသည်။ သီးခြားပြဿနာတစ်ခုစီအတွက် အကြောင်းတရားကို ဖော်ထုတ်နိုင်ပါက ထိရောက်စွာ ရင်ဆိုင်နိုင်ပါလိမ့်မည်။ ဤအပိုင်းသည် ကျွန်တော်တို့၏ အသက်ရှင်သန်မှုကို ဒုက္ခဝေဒနာရောက်စေ တတ်သော အဓိကကျိန်ခြင်းဟူသမျှ၏ အကြောင်းတရားများကို လမ်းဖွင့်ပေးပါလိမ့်မည်။ ဖတ်ရှုပြီးလျှင် ပိုမိုနားလည်သဘောပေါက်သည်သာမက ရှေ့ပိုင်းတွင် ေ... Read more
သစ္စာစောင့်၍ - May 18, 2020 "သစ္စာစောင့်၍ဖြောင့်မတ်သောလူမျိုးဝင်ပါစေ။ စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်၌ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်း သက်သက်ရှိမည့်အကြောင်းစောင့်ရှောက်တော်မူလိမ့်မည်။" (ဟေရှာယ ၂၆း၃) ဘဝမှာခက်ခဲပြဿနာရင်ဆိုင်လာရတဲ့အခါ ဘုရားသခင်အပေါ် ဘယ်လောက်သစ္စာစောင့်၊သစ္စာရှိသလဲ ဘုရားသခင်သူသည်စိတ်ဝင်စားသည်။ ကျမ်းစာထဲ၌ ဘုရားသခင်အပေါ်သစ္စာရှိသောသူများစွာတွေ့ရသည်။ ထိုသစ္စာရှိသောသူများထဲတွင် ကျွန်ုပ်တို့ပါဝင်နေရမည်။ သစ္စာရှိသောသူ ယောဘအကြောင်းကိုလည်း များစွာဆင်ခြင်နိုင်ပါသည်။ နောက် ယနေ့တွင် ဒံယေလ၏ သစ္စာစောင့်ခြင်းကို ဆင်ခြင်မိမယ်ဆို ကျွန်ုပ်တို့၏ ဘဝခက်ခဲပြဿနာရင်ဆိုင်မှုများသည် အလွန်လွယ်ကူနေပေလိမ့်မည်။ ဒံယေလအနာဂတ္တိကျမ်း ၆ တခန်းလုံးဖတ်ကြည့်၍ ခွန်အားယူကြပါစို့။ (ကိုယ်ပိုင်ကျမ်းစာအုပ်ဖွင့်၍ဖတ်ရှုပါ)။ ဒံယေလအနာဂတ္တိကျမ်း ၆ တခန်းလုံးကို ဖတ်ရှုပြီနောက် ဒံယေလ၏တွေ့ကြုံသော အခက်အခဲကို တွေ့ရပေမည် သူ၌ရွေးချယ်ရမည် ရှင်ဘုရင်အမိန့်နှင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းဖြစ်သည်။ ထိုမိတ်သဟာယဖွဲ့ခြင်းသည် တနေ့ကို သုံးကြိမ်ဖြစ်သည်။ ရှင်ဘုရင်အမိန့်ကို ရက်သုံးဆယ်အတွင်း တနေ့ကို သုံးကြိမ်ဆန့်ကျင့်ခဲ့သည်။ ထိုကြောင့် ဒံယေလ ခြင်္သ... Read more
Comments