နေ့စဉ် ကျမ်းစာဖတ်မယ်

ဆုတောင်းခြင်း (၁၀)

၂ကော၊ ၁၂း၇-၉
= = = = =  =
၇၊ ငါခံရသောဗျာဒိတ်တော် အလွန်ထူးမြတ်၍ ငါသည် ထောင်လွားသောစိတ်မရှိစေခြင်းငှါ၊ ငါ့ကို ဒဏ်ခတ်သော စာတန်၏တမန်တည်းဟူသော ငါ့ကိုယ်၌ စူးသောဆူးကို ပေးတော်မူ၏။
၈၊ ထိုဆင်းရဲခြင်းနှင့်ကင်းလွတ်မည်အကြောင်း သုံးကြိမ်မြောက်အောင် သခင်ဘုရားကို ငါဆုတောင်း၍ အသနားတော်ခံပြီးလျှင်၊
၉၊ ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါကိုယ်၌ အားနည်းခြင်းအဖြစ်ကို ၀မ်းမြောက်သောစိတ်နှင့် ၀ါကြွားခြင်းငှါသာ၍ ငါအလိုရှိ၏။

ရှင်မာကု၊ ၁၂း၃၈-၄၀
= = = = = =  =
၃၈၊ ထိုသို့ဆုံးမဩ၀ါဒပေးစဉ်တွင် တဖန်မိန့်တော်မူသည်ကား၊ ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကိုဝတ်လျက် လည်ခြင်းငှါအလိုရှိကြ၏။ ဈေး၌ရိုသေစွာ နှုတ်ဆက်ခြင်းကို၎င်း၊
၃၉၊ ပွဲသဘင်၊ တရားစရပ်တို့၌ မြင့်မြတ်သောနေရာထိုင်ရာကို၎င်း နှစ်သက်ကြ၏။
၄၀၊ သူတို့သည် မုတ်ဆိုးမအိမ်ကို လုယူသိမ်းစား၍ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ သူတို့သည် သာ၍ကြီးစွာသောဒဏ်ကို ခံရကြမည်ဟု မိန့်တော်မူ၏။


Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့