နေ့စဉ် ဘုရားသခင်၏အသံကို ကျမ်းစာဖက်ခြင်းဖြင့် နားထောင်ခြင်း

ဆုတောင်းခြင်း (၃) 
= = = = = = = 
ယေရမိ ၄၂း၁-၁၂


၁၊ ထိုအခါ ကာရာသား ယောဟနန်၊ ဟောရှဲသား ယေဇနိ အစရှိသော တပ်မှူးရှိသမျှနှင့် လူအကြီးအငယ်အပေါင်းတို့သည် ပရောဖက် ယေရမိထံသို့ ချဉ်းကပ်၍
၊ အကျွန်ုပ်တို့သည် အထက်ကများသော်လည်း ယခုကိုယ်တော်မြင်သည်အတိုင်း အနည်းငယ်သာ ကျန်ကြွင်းပါသည်ဖြစ်၍၊
၃၊ အကျွန်ုပ်တို့သနားတော်ခံသောစကားကို မပယ်ပါနှင့်။ အကျွန်ုပ်တို့ သွားရသောလမ်းနှင့် ပြုရသောအမှုကို ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့အားပြတော်မူမည်အကြောင်း၊ ကျန်ကြွင်းသမျှသောသူ၊ အကျွန်ုပ်တို့အဘို့ ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားထံတော်၌ ဆုတောင်းပါလော့ဟု တောင်းပန်ကြ၏။ 
၎၊ ပရောဖက်ယေရမိကလည်း ငါကြား၏။ သင်တို့ပြောသည်အတိုင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား အားဆုတောင်းမည်။ ထာဝရဘုရားသည် သင်တို့အား မိန့်တော်မူသမျှတို့ကို ပြန်ပြောမည်။ အဘယ်အရာကိုမျှ မထိမ်မ၀ှက်ဟုပြောဆို၏။
၅၊ သူတို့ကလည် ကိုယ်တော်ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့ကို မှာထား တော်မူသမျှအတိုင်း၊ အကျွန်ုပ်တို့သည် ပြုပါမည်ဟု၊ ထာဝရဘုရားသည် အကျွန်ုပ်တို့၌ မှန်ကန်၍ သစ္စာစောင့်သော သက်သေဖြစ်တော်မူစေသတည်း။ 
၆၊ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကို နားထောင်သောအခါ ချမ်းသာရပါမည်အကြောင်း၊ အကျွန်ုပ်တို့သည်၊ ကိုယ်တော်ကို စေလွှတ်ရာ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်သည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ နားထောင်ပါမည်ဟု ယေရမိအား ပြောဆိုကြ၏။ 
၇၊ ထိုနောက် ဆယ်ရက်ကြာသောအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လျှင်၊
၈၊ ယေရမိသည် ကာရာသား ယောဟနနိမှစ၍၊ သူ၌ပါသမျှသောတပ်မှူးတို့နှင့် လူအကြီးအငယ်အပေါင်း တို့ကို ခေါ်၍၊ 
၉၊ သင်တို့သည် ငါ့ကိုစေလွှတ်၍ အသနားတော်ခံသော ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊
၁၀၊ အကယ်စင်စစ် သင်တို့သည် ဤပြည်၌နေလျှင်၊ ငါသည် သင်တို့ကို မဖြိုမဖျက်၊ တည်ဆောက်မည်။ သင်တို့ကို မနှုတ်၊ စိုက်ပျိုးမည်။ ငါသည် သင်တို့၌ရောက်စေသောဘေးဒဏ်ကြောင့် နောင်တရ၏။
၁၁၊ သင်တို့ကြောက်တတ်သောဗာဗုလုန်ရှင်ဘုရင်ကို မကြောက်ကြနှင့်။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုရှင်ဘုရင်ကို မကြောက်ကြနှင့်။ ငါသည် သင်တို့ကို ကယ်တင်၍၊ ထိုမင်းလက်မှ နှုတ်ယူခြင်းငှါ သင်တို့ဘက်၌ရှိ၏။ 
၁၂၊ သင်တို့ကို ငါကယ်မသနားသောအားဖြင့်၊ ထိုရှင်ဘုရင်သည် သင်တို့ကို သနား၍၊ နေရင်းပြည်သို့ ပြန်စေရလိမ့်မည်။

နေဟမိ ၁း၁၁
၁၁၊ အိုဘုရားရှင်၊ ကိုယ်တော်ကျွန်ပြုသော ပဌနာစကားနှင့် နာမတော်ကို ရိုသေချင်သော ကျွန်တော်များပြုသော ပဌနာစကားကို နားထောင်တော်မူပါ။ ကိုယ်တော်ကျွန်ကို ယနေ့ကောင်းကြီးပေး  တော်မူပါ။ ဤလူရှေ့မှာ မျက်နှာရပါမည်အကြောင်း ကယ်မသနားတော်မူပါဟု ဆုတောင်းလေ၏။ ထိုအခါ ငါသည် ရှင်ဘုရင်၏ဖလားတော်ကိုင်ဖြစ်သတည်း။

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့