နေ့စဉ် ဘုရားသခင်၏အသံတော်ကို ကျမ်းစာဖက်ခြင်းဖြင့် နားထောင်ခြင်း

ဆုတောင်းခြင်း (၅)

သုတ္တံကျမ်း၊ ၁၄း၂၉-၃၃။
၂၉၊ စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တိုသောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏။
၃၀၊ ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေသောအကြောင်း၊ ငြူစူသော သဘောမူကား၊ အရိုးဆွေးမြေ့ခြင်းအကြောင်းဖြစ်၏။
၃၁၊ ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန်ဆင်းတော်မူသောဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေသောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။
၃၂၊ မတရားသောသူသည် မတရားဖြင့် ပြုစဉ်အခါ၊ လှဲခြင်းကိုခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။
၃၃၊ ဥာဏ်ရှိသောသူ၏ နှလုံး၌ပညာကျိန်းဝပ်တတ်၏။ မိုက်သောသူတို့၏အထဲ၌ရှိသောအရာမူကား၊ ထင်ရှားတတ်၏။

သုတ္တံကျမ်း၊ ၂၈း၉
၉၊ တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်းသော်လည်း၊ သူ၏ပဌနာစကားသည် စက်ဆုပ်ရွံရှာ ဘွယ်ဖြစ်၏။



Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့