နေ့စဉ်ဘုရားသခင်၏အသံတော်ကို ကျမ်းစာဖတ်ခြင်းဖြင့် နားထောင်ခြင်း

 ဆုတောင်းခြင်း (၇)

 ရှင်ယောဟန်၊ ၁၇း ၁-၂၆

၁၊ ထိုသို့မိန့်တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့ကြည့်မျှော်၍၊ အိုအဘ၊ အကျွန်ုပ်အချိန်ရောက်ပါပြီ။
၂၊ ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေးတော်မူသမျှသောသူတို့အား ထာဝရအသက်ကိုပေးစေခြင်းငှါ၊ လူမျိုးအပေါင်းတို့ကို အစိုးရသောအခွင့်တန်ခိုးကိုသားတော်အား ပေးတော်မူသည်နှင့်အညီ၊ သားတော်သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော်၏ဘုန်းထင်ရှားစေတော်မူပါ။
၃၊ ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင် တဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကို၎င်း၊ သိကျွမ်းခြင်းတည်း။
၎၊ အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်ကို ဘုန်းထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက်စရာဘို့ အကျွန်ုပ်အပ်ပေးတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်၍ ပြီးပါပြီ။
၅၊ အိုအဘ၊ ဤကမ္ဘာမတည်မရှိမှီအထံတော်၌ အကျွန်ုပ်ခံစားရသောဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကိုအထံတော်၌ ချီးမြောက်တော်မူပါ၏။
၆၊ ဤလောကထဲမှယူ၍ အကျွန်ုပ်၌အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏နာမကို ပြပါပြီ။ ထိုသူတို့ကို ကိုယ်တော်သည်ပိုင်တော်မူသဖြင့် အကျွန်ုပ်အားပေးတော်မူ၏။ ကိုယ်တော်၏နှုတ်ကပတ်တရားကို သူတို့သည်စောင့်ကြ၏။
၇၊ အကျွန်ုပ်အားပေးတော်မူသမျှတို့သည် ကိုယ်တော်မှဖြစ်ကြောင်းကို သူတို့သည်ယခုသိကြပါ၏။
၈၊ အကြောင်းမူကား၊ အကျွန်ုပ်အားပေးတော်မူသမျှသောအရာတို့ကို သူတို့အား အကျွန်ုပ်ပေး၍ သူတို့သည် ခံယူသဖြင့်၊ အကျွန်ုပ်သည်အထံတော်မှကြွလာသည်ကို အတပ်သိကြသည်နှင့် ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကိုယုံကြပါ၏။
၉၊ သူတို့အဘို့အလို့ငှါ အကျွန်ုပ်ဆုတောင်းပါ၏။ လောကီသားတို့အဘို့အလို့ငှါ ဆုတောင်းသည်မဟုတ်ပါ။ အကျွန်ုပ်အား ပေးတော်မူသောသူတို့သည် ကိုယ်တော်၏လူဖြစ်သောကြောင့်၊ ထိုသူတို့အဘို့အလို့ငှါ ဆုတောင်းပါ၏။
၁၀၊ အကျွန်ုပ်နှင့်စပ်ဆိုင်သောအရာရှိသမျှတို့သည် ကိုယ်တော်နှင့်စပ်ဆိုင်ကြပါ၏။ ကိုယ်တော်နှင့်စပ်ဆိုင်သောအရာရှိသမျှတို့သည်လည်း အကျွန်ုပ်နှင့်စပ်ဆိုင်၍ ထိုအရာတို့အားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏
၁၁၊ ယခုမှစ၍ အကျွန်ုပ်သည် ဤလောက၌မရှိပါ။ ဤသူတို့မူကား၊ ဤလောက၌ရှိရစ်ရကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရပါမည်။ သန့်ရှင်းတော်မူသောအဘ၊ ကိုယ်တော်နှင့်အကျွန်ုပ်သည် တလုံးတ၀တည်းဖြစ်သကဲ့သို့ အကျွန်ုပ်အားပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏နာမ၌တည်စေတော်မူပါ။
၁၂၊ အကျွန်ုပ်သည် ဤလောက၌ ဤသူတို့နှင့်တကွရှိစဉ်ကာလ၊ သူတို့ကို ကိုယ်တော်၏နာမ၌တည်စေပါပြီ။ အကျွန်ုပ်အား ပေးတော်မူသောသူတို့ကို အကျွန်ုပ်စောင့်မပါပြီ။ ထိုသူတို့တွင် ပျက်စီးခြင်း၏သားတယောက်မှတပါး အဘယ်သူမျှပျက်စီးခြင်းသို့မရောက်ပါ။ ထိုသူသည် ပျက်စီခြင်းသို့ ရောက်သည်အကြောင်းကား၊ ကျမ်းစာပြည့်စုံမည်အကြောင်းတည်း။
၁၃၊ ယခုတွင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့သွားရမည်ဖြစ်၍၊ ဤသူသည် အကျွန်ုပ်ကို အမှီပြုသဖြင့် ၀မ်းမြောက်ခြင်းနှင့်ပြည်စုံမည်အကြောင်း၊ ဤစကားကို ဤလောက၌အကျွန်ုပ်ပြောပါ၏။
၁၄၊ ကိုယ်တော်၏နှုတ်ကပတ်တော်တရားကို ဤသူတို့အား အကျွန်ုပ်ပေးပါပြီ။ အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံသောကြောင့်၊ လောကီသားတို့သည် ဤသူတို့ကို မုန်းကြပါ၏။
၁၅၊ ဤသူတို့ကို ဤလောကမှ နှုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည်မဟုတ်ပါ။ မကောင်းသောအမှုအရာနှင့်ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါ၏။
၁၆၊ အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ။
၁၇၊ ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။
၁၈၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကသို့စေလွှတ်တော်မူသည်နည်းတူ၊ အကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ၏။
၁၉၊ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း၊ အကျွန်ုပ်သည် သူတို့အဘို့အလိုငှါ ကိုယ်ကို သန့်ရှင်းစေပါ၏။
၂၀၊ ထိုသူတို့အဘို့ကိုသာ အကျွန်ုပ်ဆုတောင်းသည်မဟုတ်ပါ။ သူတို့ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကို ယုံကြည်သောသူတို့အဘို့ကိုလည်း ဆုတောင်းပါ၏။
၂၁၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူသညို လောကီသားတို့သည် ယုံကြည်မည်အကြောင်း ထိုသူအပေါင်းတို့သည် တလုံးတ၀တည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌တလုံးတ၀တည်းဖြစ်စေခြင်းငှါ ဆုတောင်းပါ၏။
၂၂၊ ငါတို့သည် တလုံးတ၀တည်းဖြစ်သကဲ့သို့၊ အကျွန်ုပ်သည်သူတို့၌ရှိ၍၊
၂၃၊ ကိုယ်တော်သည်လည်း၊ အကျွန်ုပ်၌ရှိတော်မူသောအားဖြင့် သူတို့သည်တလုံးတ၀တည်းဖြစ်၍၊ တလုံးတ၀တည်း၌ စုံလင်စေခြင်းငှါ၎င်း၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကိုချစ်တော်မူသကဲ့သို့ သူတို့ကိုလည်း ချစ်တော်မူကြောင်းကို လောကီသားတို့သည် သိစေခြင်းငှါ၎င်း၊ ကိုယ်တော်သည် အကျွန်ုပ်အားပေးတော်မူသော ဘုန်းအသရေကို အကျွန်ုပ်သည်သူတို့အား ပေးပါပြီး။
၂၄၊ အိုအဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမှီ အကျွန်ုပ်ကိုချစ်၍ အကျွန်ုပ်အားပေးတော်မူသော ဘုန်းတော်ကို အကျွန်ုပ်အားပေးတော်မူသောသူတို့သည် ရှုမြင်ရမည်အကြောင်း၊ အကျွန်ုပ်ရှိရာ အရပ်၌ အကျွန်ုပ်နှင့်အတူရှိနေစေခြင်းငှါ အကျွန်ုပ်အလိုရှိပါ၏။
၂၅၊ တရားတော်မူသောအဘ၊ လောကီသားတို့သည် ကိုယ်တော်ကိုမသိသော်လည်း အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းကို ထိုသူတို့သည်သိကြပါ၏။
၂၆၊ ကိုယ်တော်သည် အကျွန်ုပ်ကိချစ်တော်မူသော မေတ္တာသည်သူတို့၌ရှိစေခြင်းငှါ၎င်း၊ အကျွန်ုပ်သည် သူတို့၌ရှိစေခြင်းငှါ၎င်း၊ ကိုယ်တော်၏နာမကို အကျွန်ုပ်သည် သူတို့အားပြညွှန်ပါပြီဖြစ်၍ အစဉ်ပြညွှန်ပါ မည်ဟု မိန့်မြွှတ်တော်မူ၏။


Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့