ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ (၄)
             အာဏာတန်ခိုးရှိသော ပုဂ္ဂိုလ်များထဲမှ ကျိန်ခြင်းများ
            ကျွန်တော်တို့ သိရှိတွေ့မြင်ပြီးခဲ့သည့်အတိုင်း ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းတို့ သည် ကျွန်တော်တို့၏နေ့စဉ် အသက်ရှင်သန်မှုကို ထိခိုက်သည့်မျက်စိဖြင့် မမြင်နိုင်သော ကျယ်ဝန်းသည် နာမ်ဝိညာဉ်စိုးမိုးသောနယ်ပယ်၏ တချို့တစ်ဝက်ဖြစ်ပါသည်။ ဤနယ်ပယ် တွင် ဗဟိုပြု၍ အဆုံးအဖြတ်ပေးသော အကြောင်းတရားတစ်ခုမှာ အာဏာတန်ခိုးဖြစ်ပါ သည်။ အာဏာတန်ခိုး၏ အခြေခံမှုများကို နားမလည်ဘဲ နာမ်ဝိညာဉ် စိုးမိုးသောနယ်ပယ် တွင် ထိရောက်စွာ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်မည်မဟုတ်ပါ။
လူသားတို့သည် ဘုရားကိုယ်စားပြုသူများ
            ကမ္ဘာစင်္ကြ၀ဠာတစ်ခုလုံးတွင် အာဏာတန်ခိုး၏ အရင်းအမြစ်တစ်ပါးတည်းသာ ရှိသည်။ ၎င်းမှာ ဖန်ဆင်းရှင် ထာဝရဘုရားဖြစ်ပါသည်။ ဘုရားသခင်သည် သူ၏အာဏာ တန်ခိုးကို သူကိုယ်တိုင် တိုက်ရိုက်အသုံးပြုလေ့မရှိပါ။ မည်ကဲ့သို့ဖြစ်စေကာမူ၊ သူရွေး ကောက်သော အခြားသူများအား လွှဲပြောင်းလေ့ရှိပါသည်။ ထိုကဲ့သို့ရွေးကောက်တော်မူခဲ့ သောသူသည် ဘုရားသခင်ကိုယ်စား အသုံးချသော အာဏာတန်ခိုးထဲတွင် ကောင်းချီးမင်္ဂ လာပေးခြင်းနှင့် ကျိန်ဆဲခြင်း အစွမ်းသတ္တိ ပါဝင်သည်။
            ဤရာစုနှစ်တွင် ကမ္ဘာတစ်ဝန်းလုံးသည် အာဏာတန်ခိုးကို ပုန်ကန်နေသည်ဟု မြင်နေကြသော်လည်း အာဏာတန်ခိုး၏ အခြေခံမူသည် ဆွဲငင်အားကဲ့သို့ မချွတ်မလွဲလှုပ် ရှားလျက်ရှိပါသည်။
            ဤအခြေခံမူကို ထင်ရှားပြသရန် ဘုရားသခင်ကို ကိုယ်စားပြုသောလူအနည်းငယ် ကို ဥပမာပြခြင်းဖြင့် လုံလောက်ပါမည်။ (ယောရှု၊၆း၂၆)တွင် ဣသရေလလူမျိုးသည် ယေရိ ခေါမြို့ကို အံ့ဩဖွယ် သိမ်းပိုက်ပြီးသည့်အခါ ယောရှုသည် ထိုမြို့တော်ကို ပြန်တည် ဆောက်သောသူအား ကျိန်ဒဏ်ခတ်လေသည်။ ထိုနှစ်သည် ဘီစီ(၁၃၀၀) ၀န်းကျင် ဖြစ်ပါ သည်။ နောက်အနှစ်ငါးရာခန့် ကျရောက်သောအခါ (၃ရာ၊၁၆း၃၄)တွင် ဖတ်ရသည့်အတိုင်း ဗေသလမြို့သား ဟိဧလဆိုသူသည် ထိုမြို့နေရာမှာပင် မြို့သစ်တည်ရန် အားထုတ်ခဲ့ပါ သည်။ ယောရှု၏ကျိန်ဒဏ်ကြောင့် ဟိဧလသားနှစ်ယောက်ဆုံးပါးခဲ့သည်။ မည်သည့် ရောဂါ ဘယမျှမရှိဘဲ ထိုသားနှစ်ယောက်ပျက်သုဉ်းခဲ့ရပါသည်။ ယောရှု၏ကျိန်ဒဏ်သည် မည်ကဲ့ သို့ လူခန္ဓာကို ထိုခိုက်သည်ကို မည်သည့်ဆရာဝန်ကမှ စမ်းသပ်ထုတ်ဖော်၍မရခဲ့ချေ။
            ဥပမာနောက်တစ်ခုကို (၂ရာ၊၁း၂၁)တွင် မှတ်တမ်းတင်ထားသည့်အတိုင်း ရှောလု နှင့် ယောနသန်တို့ ကွယ်လွန်သွားကြသည့်နောက် ဒါဝိဒ်သီကုံးထားသောတေးကဗျာတွင် တွေ့ရှိခဲ့ပါသည်။ ဒါဝိဒ်သည် အလွန်အမင်း ကျိန်တတ်သူဖြစ်ပါသည်။ ယခုခေတ်တွင် ထိုစကားလုံးကို လူအများသုံးသည့်သဘော မဆိုလိုပါ။ ဒါဝိဒ်သည် လူတချို့အပေါ်တွင် ရင် တုန်ဖွယ်ကျိန်ခြင်းပြုခဲ့ပါသည်။ သို့သော်လည်း ဘုရားလူ၏အစေခံခြင်း၌ ထည့်တွက်ရပါ သည်။
            ရှောလုနှင့် ယောနသန်တို့အား သီကုံးဖွဲ့ဆိုသော ဒါဝိဒ်၏ အလွန်လှပသော တေးကဗျာမှာ-
အို ဂိလဗောတောင်တို့ သင်တို့အပေါ်နှင်းမကျစေနှင့်။ မိုဃ်းမရွာစေနှင့်။ ပူဇော်စရာ အသီးကိုသီးသော လယ်ကွက်မရှိစေနှင့်။ အကြောင်းမူကား၊ ထိုအရပ်၌ သူရဲဆောင် သော ဒိုင်းတည်းဟူသော ရှောလုဆောင်သော ဒိုင်းလွှား၊ ဆီနှင့်လိမ်းပြီးသော လက်နက်တော်ကို ရှုတ်ချလေပြီတကား။
            ဤစကားလုံးများကို နှစ်ပေါင်း (၃၀၀၀) ကျော်က ဖွင့်ပြောခဲ့သော စကားများဖြစ် သော်လည်း သင်သည် ယနေ့ ဂိလဗောတောင်သို့ သွားရောက်ခဲ့သော်၊ မည်သည့်သစ်ပင် မြက်ပင်မျှမရှိ၊ လွင်ပြင်ခေါင်ခေါင်ကြီး တွေ့ပါလိမ့်မည်။ ဣသရေလတို့သည် ထိုတောင်ကို သစ်တောဖြစ်မြောက်ရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့သော်လည်း မည်သည့် အပင်မျှမရှင်သန်နိုင်ပါ။ နှစ်ပေါင်း(၃၀၀၀)ကျော်က ဒါဝိဒ်ကျိန်ဆိုခဲ့သော စကားကြောင့်ဖြစ် လေသည်။
            ဧလိရှဲ၏အစေခံ ဂေဟာဇိကို မှတ်မိကြပါလိမ့်မည်။ ဂေဟာဇိသည် ဧလိရှဲကို မနာခံဘဲ ဘုရားတန်ခိုးကြောင့် နူနာရောဂါ ပျောက်ကင်းခဲ့သော စစ်သူကြီး နေမန်၏ နောက်သို့လိုက်သွားသည်။ အ၀တ်နှင့်ငွေကို တောင်းယူကာ သူ၏သခင်ဧလိရှဲမသိအောင် ဖုံးအုပ်ထားသည်။ ဂေဟာဇိပြန်လာသည့်အခါ ဧလိရှဲကမေးသည်။ “ငါ့စိတ်ဝိညာဉ်သည် သင်နှင့်အတူ မလိုက်သလော” ဆက်လက်၍ ဧလိရှဲ ပြောဆိုသော စကားမှာ “သို့ဖြစ်၍ နေမန်၏နူနာသည် သင်၌၎င်း၊ သင်၏သားမြေး၌၎င်း အစဉ်အမြဲစွဲစေ” ဂေဟာဇိသည် နူနာစွဲ၍ မိုဃ်းပွင့်ကဲ့သို့ ဖြူလျက် သခင်ထံမှ ထွက်သွား၏(၄ရာ၊ ၅း၂၇)။ မည်သည့်အ ကြောင်းကြောင့် ဤကဲ့သို့ဖြစ်ခဲ့ပါသနည်း။ ဘုရားသခင်၏ လူတစ်ယောက် ကျိန်ဆဲသော ကြောင့်ဖြစ်ပါသည်။
ဆွေမျိုးအရှိန်အ၀ါရှိသော ပုဂ္ဂိုလ်များ
            အလွန်အရေးကြီးသော ကျိန်ခြင်း၏အရင်းအမြစ် နောက်တစ်ခုကျန်သေးသည်။ ဘုရားသခင်သည် လူ့အသိုင်းအ၀ိုင်းတွင် အမိန့်အာဏာပေးထားခဲ့သည်။ အကြောင်းမှာ အခြားလူတစ်ယောက် သို့မဟုတ် အခြားလူများအပေါ်တွင် ပုဂ္ဂိုလ်တစ်ဦးက အာဏာတန် ခိုးရှိစေရန် ဖန်တီးခဲ့သော အခြေအနေတစ်ရပ်ဖြစ်ပါသည်။
            ပေါ်လွင်ထင်ရှားသော ဥပမာမှာ ဖခင်တစ်ဦးဖြစ်ပါသည်။ ဖခင်ဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်အရ သူ၏အိမ်ထောင်စုအပေါ်တွင် အရှိန်တန်ခိုးအာဏာရှိ သူဖြစ်ပါသည်။ လူများကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဖခင်၏အရှိန်အ၀ါကို အန်တုသည်ဖြစ်စေ၊ မအန်တုသည်ဖြစ်စေ အရေးမကြီးပါ။ အဖြစ်မှန်မှာ ဖခင်သည် သူ၏မိသားစုအပေါ်တွင် အာဏာတန်ခိုးရှိကိုရှိလေသည်။ ထိုအာဏာတန်ခိုးကို အသုံးပြုမ ပြုမှာ သူ၏ပြဿနာ၊ သူ့အရေးပင်ဖြစ်သည်။
            အာဏာတန်ခိုးရှိသော နောက်ပုဂ္ဂိုလ်တစ်ဦးမှာ သူ့မယားအပေါ် အာဏာတန်ခိုးရှိ သော လင်ယောက်ျားဖြစ်ပါသည်။ သူတို့သည် အလွန်နီးကပ်စွာ တော်စပ်ကြသည်။ ကျမ်းစာအဆိုအရ ဘုရားသခင်သည် ခရစ်တော်၏ဦးခေါင်း၊ ခရစ်တော်သည် လင်ယောက်ျား၏ဦးခေါင်း၊ လင်ယောက်ျားသည် မယား၏ဦးခေါင်းဖြစ်သည်။ မိန်းမနှင့် ယောက်ျားတန်းတူအခွင့်အရေးခံစားရမည်ဟု ဆိုကြသောမိန်းမတို့သည် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သမ္မာတရား၏ အဆိုပြုချက်သည် အမှန်တရားဖြစ်၍ တည်နေဆဲဖြစ် ပါသည်။ လူသားကန့်ကွက်ရုံဖြင့် အလွယ်တကူ ဖျောက်ဖျက်၍ မရနိုင်သည် စစ်မှန်သော တရားဖြစ်ပါသည်။
            ယာကုပ်နှင့် သူ၏မိသားစုအဖြစ်ကိုကြည့်ပါ။ ယာကုပ်သည် သူ၏ဦးလေးဖြစ်သူ လာဗန်အား ဆယ့်လေးနှစ်ကျော် အစေခံခဲ့ပါသည်။ မယားနှစ်ယောက်၊ မယားမြှောက်များ နှင့် သားသမီးဆယ်နှစ်ယောက်ရရှိခဲ့ပါသည်။ တစ်ဖန် ဘု၇ားသခင် ကတိတော်ပေးထားခဲ့ သောနယ်သို့ ပြန်လာရန် ဆုံးဖြတ်သည်။ ဦးလေးလည်းဖြစ်၊ ယောက္ခမလည်းဖြစ်သော လာဗန်က သူ့သမီးများဖြစ်ကြသော သူ့မယားတို့အား ပြန်တောင်းမည်ကို ကြောက်ရွံ့သော ကြောင့် ယာကုပ်သည် တိတ်တဆိတ် ထွက်ပြေးခဲ့ပါသည်။
            ထွက်ပြေးသည့်အခါ ယာကုပ်၏မယားဖြစ်သော ရာခေလသည် သူမ ဖခင်၏ ရုပ်တုကို ခိုးယူလေသည်။ ဖခင်လုပ်သူသည် မဖွယ်မရာသောရုပ်တုမရှိသင့်သလို၊ သမီးလုပ်သူသည်လည်း မခိုးယူသင့်ပါ။ လာဗန်သည် အလွန်စိတ်ဆိုးသဖြင့် အပူတပြင်း လိုက်သွားရာမှီသည့်အခါ သူ့ဘုရားကို ခိုးရမည်လားဟု စွပ်စွဲလေသည်။
            ယာကုပ်အနေဖြင့် ရာခေလပြုလုပ်ခဲ့သည်ကို လုံးဝမသိသဖြင့် ဤကဲ့သို့ မတရား စွပ်စွဲခြင်းခံရသဖြင့် စိတ်တိုနေလေသည်။ (ကမ္ဘာ၊၃၁း၃၂)တွင် ဤကဲ့သို့ပြောဆိုသည်ကို ဖတ်ရှုရပါသည်။ “သင်၏ ဘုရားတို့ကိုမူကား၊ အကြင်သူ၌တွေ့လျှင်၊ ထိုသူကို သေစေလော့။” ဤသည်မှာ နားနှင့်ဆက်ဆက်ကြားရသော ကျိန်ခြင်းတစ်မျိုးဖြစ်လေရာ၊ ယာကုပ်သည် မလိမ္မာသောသူ့မယားကို ကျိန်ခြင်းဖြစ်လေတော့သည်။
            ဖခင်တို့သည် အလားတူ အရှိန်အ၀ါမျိုးကို အသုံးချသူများဖြစ်ကြပါသည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာပြီးလျှင် အသက်တာတွင် ဖခင်တစ်ဦး၏ကောင်းချီး မင်္ဂလာသည် ဒုတိယလိုက်သော လိုချင်စရာအကောင်းဆုံးဖြစ်ပါသည်။ ထိုနည်းတူ ဖခင် တစ်ဦး၏ကျိန်ခြင်းသည် ကြောက်စရာအကောင်းဆုံးသောအမှုတစ်ခုဖြစ်ပါသည်။ ဖခင်အမြောက်အမြားသည် သားသမီးများကို အမှတ်တမဲ့ ကျိန်ဆဲတတ်ကြပါသည်။ ဤကဲ့ သို့ ကျွန်တော်သိရှိရသည့်အကြောင်းမှာ အလားတူ အမြောက်အမြားကို ဆုံခဲ့ရ။ ကူညီခဲ့ရ သောကြောင့်ဖြစ်ပါသည်။
            သားသမီးသုံးယောက်ရှိသောဖခင်တစ်ဦးကို ဥပမာထားပြီး စိတ်ကူးကြည့်ကြပါစို့။ ပထမနှင့် တတိယကလေးတို့ လိမ္မာရေးခြားရှိပြီး အလယ်အလတ်မှာ ထိုသို့မဟုတ်သဖြင့် ဖခင်လုပ်သူက မနှစ်ခြိုက်လှဟု ဆိုကြပါစို့။ (တကယ့်တကယ်တွင် ဤဖြစ်ရပ်ကို ကျွန်တော် မကြာခဏ တွေ့ခဲ့ပါသည်။) ကလေးတစ်ယောက်ကို သဘောမကျလျှင် ဖခင်လုပ်သူက “မင်းကတော့ အသုံးကျမဲ့ကောင်မဟုတ်ဘူး။ မင်းညီအစ်ကိုတို့လို တစ်သက်လုံး ကောင်းစားမဲ့အကောင် မဟုတ်ဘူး”ဟု ဆူပွက်တတ်ကြပါသည်။
            ဖခင်၏ ဝေဖန်သုံးသပ်ချက်သည် ဘာဖြစ်နေသည်ကို သင်သိပါသလား။ ကျိန်ဆဲ ရာရောက်ပါသည်။ မိခင်၏သားသမီးများအပေါ်ပြောဆိုသော နစ်နာစေနိုင်သည့် စကား လည်း အလားတူပင်ဖြစ်ပါသည်။ မိဘများ၏ သားသမီးများအား အမှတ်တမဲ့ဆဲဆိုမိသော စကားကြောင့် လူအမြောက်အမြားသည် သူတို့၏အသက်တာတွင် မည်ကဲ့သို့ရုန်းကန်ခဲ့ကြ သည်ကို သင်သိလျှင် အလွန်အံ့ဩပါလိမ့်မည်။
မိသားစုပြင်ပ
            ကျောင်းဆရာ/မတို့သည် ကလေးများအပေါ်အရှိအ၀ါရှိသောသူဖြစ်ကြသော ကြောင့် ကျိန်ဆဲတတ်သည့် ပုဂ္ဂိုလ်အမျိုးအစားဖြစ်ပါသည်။ ဆိုကြပါစို့။ ကျောင်းဆရာမတစ် ဦးသည် အလုပ်ဝင်ခါစတွင် ကျောင်းသားတစ်ယောက်ကို ကိုင်တွယ်ရခက်သဖြင့် ဤကဲ့သို့ ဆိုလိုက်သည်။ “မင်းကတော့ စာတတ်မြောက်မဲ့အကောင် မဟုတ်ဘူး။ ဒီပုံနဲ့တော့ ဘာမှ ဖြစ်မှာမဟုတ်ဘူး။ လူလားမြောက်မဲ့သူ မဟုတ်ဘူး။” အမှန်ပြောရလျှင် ဆရာ/မများ၏ ကျိန်ဆဲဒဏ်ကိုခံခဲ့ရသော လူအမြောက်အမြားကို ကျွန်တော်ကယ်လွှတ်ခဲ့ပါသည်။
            အသင်းတော်အပေါ် ၀ိညာဉ်တန်ခိုးအာဏာရှိသောသူအနေဖြင့် အသင်းအုပ်ဆရာ တစ်ပါးသည် သူ့အသင်းသားအပေါ် ကောင်းကျိုးဆိုးကျိုးပြောဆိုပိုင်ခွင့်ရှိသူဖြစ်ပါသည်။ ဆိုကြပါစို့။ အသင်းအုပ်ဆရာတစ်ပါးသည် အသင်းသားတစ်ယောက်နှင့် ပဋိပက္ခဖြစ်သဖြင့် ထိုအသင်းသားသည် စိတ်ဓာတ်ကျကာ အသင်းတော်မှ ထွက်သွားရတွင် အသင်းအုပ် ဆရာက “မင်း ဘယ်ကိုပဲသွားသွား အသင်းတော်နဲ့ အဆင်မပြေမချင်း အကြံထမြောက်မှာ မဟုတ်ဘူး”ဟု ပြောပါသည်။
            ဤသည်လည်း ကျိန်ခြင်းတစ်မျိုးဖြစ်ပါသည်။ ဘာသာရေးအသင်းအဖွဲ့များသည် ဤနည်းအားဖြင့် ကြောက်မက်ဖွယ်ကောင်းပါသည်။ သင်သည် အသင်းအဖွဲ့တစ်ခုခုမှ ထွက်သွားသည်ရှိခဲ့သော် သင်သည် ကျန်အသင်းသား၏ ကျိန်ခြင်းကို အလိုအလျောက်ခံ ပြီးသားဖြစ်လေတော့သည်။ မယုံမရှိပါနှင့်။ အကြောင်းမဲ့၊ အကျိုးစပ်စုခြင်း သက်သက် မဟုတ်ပါ။ တကယ့်အဖြစ်မှန်ကို တင်ပြခြင်းဖြစ်ပါသည်။
စာတန်၏အစေခံများ
            ခရစ်ယာန်များထဲတွင် စာတန်အပေါ်စိတ်နေသဘောထားသည် အစွန်းနှစ်ခု အလယ်တွင် ခြားနားလျက်ရှိပါသည်။ တချို့သော ခရစ်ယာန်တို့သည် စာတန်ကို လုံးဝဂရု မစိုက်ကြဘဲ တကယ်မရှိသလို သဘောထားလုပ်ဆောင်ရန် ကြိုးစားအားထုတ်ကြသည်။ တချို့ခရစ်ယာန်တို့သည် စာတန်ကို အလွန်ကြောက်ရွံ့ကြသည့် အားလျော်စွာ လိုအပ် သည်ထက် ပိုပြီး အာရုံပြုကြသည်။ ဤအစွန်းတရားနှစ်ခု အလယ်တွင် သင့်တော်လျောက် ပတ်သော ကျမ်းစာအရ ညီမျှမှုတစ်ခုရှိသည်။
            စာတန်၏အဓိပ္ပါယ်မှာ “ဆန့်ကျင်ဖီဆန်သူ” သို့မဟုတ် “ရန်ဘက်ပြုသူ” ဖြစ်ပါ သည်။ စာတန်သည် မပြောင်းလဲသော ဘုရားသခင်ကိုပင် အာခံသူ၊ လူသားနှင့် ဘုရားသခင်၏ အကြံအစည်တို့ကို ဆန့်ကျင်သောသူဖြစ်ပါသည်။ စာတန်၏ ရည်မှန်းချက် မှာ လောကီသားအားလုံးကို အုပ်စိုးရန်ဖြစ်ပါသည်။ သူ၏ မူလပရိယာယ်မှာ လှည့်ဖြားခြင်း ဖြစ်ပါသည်။ လှည့်ဖြားရာတွင် စာတန်သည် သခင်ဖြစ်ပါသည်။
            စာတန်သည် ပုထုစဉ်လူသားအများဆုံးကို အုပ်စိုးလျက်ရှိနေပါသည်။ ဘုရားသခင်ကို အန်တုခြားနားသော အခြေအနေတွင်ရှိသည့် လူသားအားလုံးသည် စာတန်လက်အောက်ခံဖြစ်ကြပါသည်။ (ဧဖက်၊၂း၂)တွင် စာတန်ကို “ငြင်းဆန်သောသူတို့၌ ပြုသောဝိညာဉ်”ဟု ဖော်ပြထားပါသည်။ ဤငြင်းဆန်သောသူအများဆုံးသည် သူ၏အခြေ အနေမှန်ကို မသိကြဘဲ သူတို့နားမလည်မနှိမ်နင်းနိုင်သော စွမ်းအားများကြောင့် ဘ၀ရေလှိုင်း၏တိုက်ခိုက်ခြင်းကို ခံနေကြပါသည်။
            ဤအကြားတွင် စာတန်အား တမင်တကာ ပင့်ခေါ်သူရှိနေပါသေးသည်။ ထိုသူတို့ သည် စာတန်၏ ပကတိအမှန်ကို မသိရှိ၍ ဖြစ်ပါလိမ့်မည်။ အာဏာတန်ခိုးနှင့် ရုပ်ပစ္စည်းလို ချင်ဇောဖြင့် စာတန်မာရ်နတ်၏ အစွမ်းသတ္တိများကို နည်းမျိုးစုံဖြင့် မရမကရှာယူကြပါသည်။ ထိုကဲ့သို့သော စာတန်၏ အစေခံများကို လူတိုင်းတွင် ဘွဲ့နာမအမည်အမျိုးမျိုးဖြင့် ဖော်ထုတ်မှတ်သားနိုင်ပါသည်။ မှော်ဆရာ၊ ဗိန္ဒောဆရာ၊ အောက်လမ်းဆရာတို့မှာ အသုံး အနှုန်းတွင် အကျယ်ပြန့်ဆုံးသောသူများ ဖြစ်ကြပါသည်။ သို့သော် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ တိုင်းတွင် သူ့ဟာနှင့်သူ အခေါ်အဝေါ် ရှိကြပါသည်။
            ယေရှုသည် စာတန်မာရ်နတ်အမှန်တကယ်မတည်ရှိ၊ ဘုန်းတန်ခိုးမရှိဟု မငြင်းဆို ခဲ့ပါ။ စာတန်မရှိဘူးဟု ငြင်းဆိုရန်၊ စာတန်၏တန်ခိုးကို နှိမ်နှင်းရန်၊ စာတန်၏ဘေးအန္တရယ် ဟူသမျှကို ခုခံကာကွယ်ရန် အာဏာတန်ခိုးကို ပေးအပ်ခဲ့ပြီဟု တပည့်တော်များကို ကတိ ပေးခဲ့ပါသည်။
            ကျိန်ခြင်းသည် ဘုရားသခင်၏လူများကို တိုက်ခိုက်ရန် စာတန်မာရ်နတ်အစေခံ များ၏ အဓိကလက်နက်ဖြစ်ပါသည်။ ဤအကြောင်းကို (တော၊၂၂း၂၄)တွင် ဗာလမ်နှင့် ဗာလက်တို့က အထင်အရှားဖော်ပြခဲ့သည်။ မောဘမင်း ဗာလက်သည် ဣသရေလလူမျိုး ကို စစ်တိုက်၍ မနိုင်ကြောင်းသိရှိသောအခါ ဗာလမ်ကို ငွေကြေးဖြင့်ငှားရမ်းကာ ဣသရေလလူမျိုးအား ကျိန်ရန် စေခိုင်းခဲ့သည်။ ယခုခေတ်တွင် လူမျိုးတစ်စုနှင့်တစ်စု တိုက်ခိုက်ကြသည့်အခါ တိုက်ပွဲမ၀င်မီ မှော်ဆရာများကို တစ်ဘက်ရန်သူများအား ကျိန်ဆဲ စေကြသည်။
            သို့သော်လည်း ဗာလမ်သည် ဣသရေလလူမျိုးကို ကျိန်ဆဲမည်ပြုတိုင်း ဘုရားသခင်သည် ကြားဝင်၍ ကျိန်ဆဲမည့်စကားကို ကောင်းချီးမင်္ဂလာအဖြစ်သို့ပြောင်းလဲ စေသည်။ ဣသရေလလူမျိုးအား ဗာလမ်ကျိန်ဆဲမည့်စကားလုံးများကို အဓိပ္ပါယ်မရှိ၊ တန်ခိုး အာဏာမရှိဟု ဘုရားသခင် သဘောမထား၊ မရှုမင်ြခဲ့သည်ကို နားလည်သဘောပေါက်ရန် အရေးကြီးလှပါသည်။ ဘုရားသခင် ကိုယ်တော်တိုင်က ကျိန်ခြင်းသည် ဣသရေလလူမျိုး တို့အား ဒုက္ခပေးနိုင်သည်ဟု ယူဆခဲ့သောကြောင့် ဗာလမ်၏အကြံကို ကမောက်ကမဖြစ်ရန် ကိုယ်တော်တိုင် ကြားဝင်ခဲ့ခြင်းဖြစ်ပါသည်။ အချိန်ကာလသည် ဘုရားသခင်၏ ရှုထောင့်ကို မပြောင်းလဲစေခဲ့ပါ။ စာတန်၏အစေခံများမှ ကိုယ်တော်၏လူများအား ကျိန်ခြင်းကို ဘုရား သခင်သည် အမှုမဲ့အမှတ်မဲ့မထားခဲ့ပါ။ တစ်ဘက်တစ်လမ်းတွင် ဘုရားသခင်သည် သူ့လူ တို့အား သာလွန်သောဘုန်းတန်ခိုးကို အပ်နှင်းခဲ့ပါသည်။
            ဘုရားသခင်၏လူတို့သည် ထိုဘုန်းတန်ခိုးကို အသုံးပြု၍ ကျိန်ခြင်း၏ဆုပ်ကိုင်ခြင်း ကို ရိုက်ချိုးသည့်အခါ လူတို့၏ အသက်တာတွင် ခြားနားမှုသည် အံ့ဩဖွယ်ကောင်းပါသည်။ ကမ္ဘာပေါ်တွင် နယ်ပယ်မြောက်မြားစွာတို့သည် မျက်စိဖြင့် မမြင်နိုင်သော မှော်ဆရာ၏ ၀ိညာဉ်တန်ခိုးမှာ ကြီးစိုးနေပါသည်။ အာဖရိကတိုက်တွင် ၀န်ခံခြင်းနှင့် ဆုတောင်းခြင်းဖြင့် ကျိန်ခြင်းမှ ကျွတ်လွတ်သည့်အခါတွင် သူတို့၏အသက်တာသည် သိသိသာသာ ပြောင်းးလဲ လာသည်ကို ကိုယ်တိုင်မြင်ခဲ့ရပါသည်။ ယခင်က တခါမျှမပြုံးမရွှင်ဖူးသောသူတို့သည် တစ်မုဟုတ်ချင်းတွင် အပျော်ဆုံးသောလူများဖြစ်ကြပါသည်။ ပြောင်းလဲမှုသည် ညအမှောင် မှ နေ့အလင်းကဲ့သို့ ဖြစ်လာပါသည်။
            တစ်ခါက ယောက်ျားတစ်ယောက်သည် စည်းဝေးအပြီးတွင် ကျွန်တော်တို့ အမှု တော်ဆောင်အဖွဲ့အား ချဉ်းကပ်ခဲ့ပါသည်။ သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသော်လည်း တစ်ကိုယ်လုံး ဖုံတလူးလူးဖြစ်နေပါသည်။ ဖုံထဲတွင် လူးလိမ့်ခြင်းသည် ထိုသူတို့၏ကျေနပ် အားရမှုကို ပြသသော လက္ခဏာတစ်ပါးဖြစ်ပါသည်။ ထိုသူက “ကျွန်တော်ဘ၀ဟာ ဒုက္ခိတ ဘ၀ပါပဲ။ အခုတော့ နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ ရောဂါဝေဒနာများကျွတ်ထွက်သွားပါပြီ။ ဘာနာကျင်မှုမှမရှိတော့ပါ။ ၀မ်းသာလှပါတယ်”ဟု ပြုံးပြုံးရွှင်ရွှင်ထုတ်ဖော်ပြောဆိုခဲ့ပါသည်။
            ဤဖြစ်ရပ်အကြောင်းရင်းမှာ တခြားမဟုတ်ဘဲ သူ့ကို ကျိန်ဆဲခြင်းမှ ကျွတ်လွတ် အောင် ကျွန်တော်တို့ ဆုတောင်းပေးခြင်းကြောင့်ဖြစ်ပါသည်။
############
ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ (အပိုင်း ၅) ကို ဆက်လက်ဖော်ပြပေးပါမည်။
[[[ အသက်တာပြောင်းလဲစေသော ၀ိညာဉ်ရေးရာ တန်ခိုးတော် ]]]
{{ ဒေရက်ပရင့်စ် }}
Comments
Popular posts from this blog
ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ
ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း
သင်၏တဲရာကို ကျယ်စေလော့