နေ့စဉ် ဘုရားသခင်၏အသံတော်ကို ကျမ်းစာဖက်ခြင်းဖြင့် နားထောင်ခြင်း

ဆုတောင်းခြင်း (၄)

ဆာလံ၊ ၈၈း၁-၂
၁၊ အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ နေ့ညဥ့် မပြတ်အော်ဟစ်ပါ၏။
၂၊ အကျွန်ုပ်ပြုသောပဌနာသည် အထံတော်သို့ ၀င်ပါစေသော။ အော်ဟစ်သံကို နားထောင်တော်မူပါ။

ဆာလံ၊ ၅၅း၁၆-၁၇
၁၆၊ ငါမူကား၊ ဘုရားသခင်ကို ပဌနာပြု၍၊ ထာဝရဘုရားသည် ကယ်တင်တော်မူမည်။
၁၇၊ ညဦးအချိန်၊ နံနက်အချိန်၊ မွန်းတည့်အချိန်တို့၌ ငါသည် ညည်းတွားမြည်တမ်း၍၊ ငါ၏အသံကို ကြားတော်မူမည်။

ဆာလံ၊ ၁၄၃း၁
၁၊ အိုထာဝရဘုရား၊ အကျွန်ုပ်၏ပဌနာကိုကြား၍၊ ဆုတောင်းသော စကားကိုနားထောင်တော်မူပါ။ သစ္စာ စောင့်ခြင်း၊ ဖြောင့်မတ်ခြင်းရှိတော်မူသည်အတိုင်း ပြန်ပြောတော်မူပါ။


Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့