နေ့စဉ် ဘုရားသခင်၏အသံတော်ကို ကျမ်းစာဖက်ခြင်းဖြင့် နားထောင်းခြင်း

ဆုတောင်းခြင်း (၈)

၁တိ၊ ၂း၁-၎
၁၊ ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာ ကျင့်ခြင်းအမျိုးမျိုးကိုပြု၍၊
၂၊ ငြိမ်ဝပ်ဆိတ်ညံစွာနေရမည်အကြောင်း၊ ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသော သူအပေါင်းတို့နှင့် လူအမျိုးမျိုးတို့အဘို့ ဆုတောင်းပဌာနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေးဦးစွာ ပြုစေခြင်းငှါ ငါတိုက်တွန်းသွေးဆောင်၏။
၃၊ အကြောင်းမူကား၊ ထိုသို့သော အမှုသည် ကောင်းသောအမှုဖြစ်၏။ ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားနှစ်သက်တော်မူသောအမှုလည်းဖြစ်၏။
၎၊ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင်အလိုတော်ရှိ၏။

၁တိ၊ ၂း၈
၈၊ သို့ဖြစ်၍၊ အရပ်ရပ်တို့၌ ယောကျာ်းတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခံခြင်းမရှိဘဲ၊ သန့်ရှင်းသောလက်ကိုချီ၍၊ ဆုတောင်းစေခြင်းငှါ ငါအလိုရှိ၏။

၁တိ၊ ၄း၎-၅
၎၊ ဘုရားသခင်ဖန်ဆင်းတော်မူသမျှသည် သုံးစရာကောင်း၏။
၅၊ ကျေးဇူးတော်ကို သိသောစိတ်နှင့်ခံယူလျှင်၊ အဘယ်အရာကိုမျှ မပယ်မရှောင်ရ။ အကြောင်းမူကား၊ ဘုရားသခင်၏နှုတ်ကပတ်တရားတော်အားဖြင့်၎င်း၊ ဆုတောင်းခြင်းအားဖြင့်၎င်း၊ အရာရာတို့သည် စင်ကြယ်လျက်ရှိကြ၏။


Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့