ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ ၂



      ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းတို့ လုပ်ဆောင်ပုံ
            ကျွန်တော်တို့ အသက်ရှင်လှုပ်ရှားကြရာတွင် ကောင်းချီးမင်္ဂလာနှင့်ကျိန်ခြင်းတို့၏ လုပ်ဆောင်ပုံမှာ အမှုမဲ့အမှတ်မဲ့ မဟုတ်သလို ကြိုတင်ဟောပြောခြင်း မပြုနိုင်သော အမှုမ ဟုတ်ပါ။ ဤအမှုနှစ်ခုကို ဆန့်ကျင်သော ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းတို့၏လုပ်ဆောင်ပုံ မှာ အနိစ္စထာဝရမပြောင်းမလဲသော နိယာမတရားလည်း ဖြစ်နေပေသည်။ လူ့သမိုင်းကို ပုံ သွင်းလာသော အစွမ်းသတ္တိနှစ်မျိုးရှိရာ ၎င်းတို့မှာ မြင်နိုင်သောအစွမ်းသတ္တိနှင့် မမြင်နိုင် သောအစွမ်းသတ္တိတို့ဖြစ်ကြပါသည်။ အဖြစ်အပျက်တစ်ခုမှ ပေါ်ထွန်းလာသည့် အကျိုး သည် သတ်မှတ်သောအရာမှ ထိုအစွမ်းသတ္တိနှစ်ခုအကြား အားပြိုင်မှုကြောင့် ဖြစ်ပါသည်။ မျက်မြင်နှင့် သဘာဝကျသောအရာတို့ကိုသာ အာရုံပြုမိလျှင် သဘာဝမကျသော ဧကန် အမှန်ဖြစ်သည့်အရာများ မည်ကဲ့သို့ဖြစ်လာသည်ကို ရှင်းပြနိုင်မည်မဟုတ်ပါ။
            ကျွန်တော်တို့သည် ဤသဘာဝရုပ်လောကတွင် ကျင်လည်ကြသည်။ အဘယ် ကြောင့်ဆိုသော် တစ်ရက်ပြီးတစ်ရက်ဆိုသလို လောကီအရေးတွင် နှစ်မြုပ်နေကြသည်။ လူ အမြောက်အမြားသည် ဤလောကအတွက် ဘာတွေဖြစ်နေကြသည်ကိုပင် အကျွမ်းမ၀င် ကြပါ။ သို့ဖြစ်သည့်တိုင် ရုပ်လောကအပြင် မျက်စိဖြင့် မမြင်နိုင်သော အခြားနာမ်ဝိညာဉ် လောကရှိသည်ဟု ဖော်ပြထားပါသည်။
            ရှင်ပေါလုသည် ဤအတိုင်းအတာနှစ်ခုအကြောင်းကို (၂ကော၊၄း၁၈)တွင် ဤကဲ့ သို့ ရေးသားထားပါသည်။
အကြောင်းမူကား၊ မျက်မှောက်၌ ထင်ရှားသောအရာတို့သ် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည်ထောက် လျက်၊ ထင်ရှားသောအရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်ကြသည်။
            သဘာဝအရာဝတ္ထုတို့သည် အစဉ်အမြဲမတည်။ မမြင်နိုင်သောနယ်ပယ်၌သာစစ် မှန်၍ တည်မြဲသောအဖြစ်မှန်ကို တွေ့ရှိနိုင်မည်ဖြစ်ပါသည်။ ဤမမြင်နိုငသော နယ်ပယ်တွင် သာ ကျွန်တော်တို့၏ ကံကြမ္မာသည် ပြုပြင်ပြောင်းလဲလာမည်။
            ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းနှစ်ရပ်စလုံးသည် မမြင်နိုင်သော နာမ်ဝိညာဉ် အတိုင်းအတာတွင်ပါဝင်သည်။ ဖြစ်စဉ်တစ်ခုထက် လွန်ကဲသော နာမ်ဝိညာဉ်တန်ခိုးကို သယ်ဆောင်သည်။ ကောင်းချီးမင်္ဂလာသည် မွန်မြတ်၍ ကောင်းသောအလားအလာကို ဆောင်ပြီး ကျိန်ခြင်းသည် ဆိုးယုတ်သောအလားအလာကို ဖြစ်စေသည်။ နှစ်ရပ်စလုံး ကျမ်းစာတွင် အရေးကြီးသော မူလအကြောင်းရင်းဖြစ်ကြပါသည်။
            နှစ်ရပ်လုံးတွင် အရေးကြီးသော ပုံတူလက္ခဏာနှစ်ခုရှိသည်။ ပထမဆုံးကောင်းချီး မင်္ဂလာနှင့် ကျိန်ခြင်းတို့၏ အကျိုးသက်ရောက်မှုသည် လူတစ်ဦးချင်းမကကျော်လွန်၍ ထိ ခိုက်နိုင်သည်။ အခြားသော မိသားစုအဖွဲ့ဝင်များ၊ ဆွေမျိုးသားချင်းများ၊ လူမျိုးစု သို့မဟုတ် နိုင်ငံသူနိုင်ငံသားတစ်ရပ်လုံးပါ ထိခိုက်နိုင်သည်။
            ဒုတိယအနေဖြင့် ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းတို့သည် ပယ်ဖျက်ရန် တစ်စုံ တစ်ရာမလုပ်မချင်း မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက်သစ်သို့ ကူးသွားနိုင်သည်။ ဤ အကြောင်းအရာသည် အမှန်တွင် အရေးပါလက်တွေ့ကျသော ထင်မြင်တွေးဆချက်များ ပါဝင်သည်။ ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းတစ်ခုခုကို လက်တွေ့ခံစားဖူးသော လူတစ် ယောက်သည် အစဘယ်ကလာသည်ကို အလွယ်တကူ မပိုင်းခြားတတ်ဘဲ ရှိကောင်းရှိပါ မည်။ အဘယ်ကြောင့်ဆိုသော မူလအစသည် နှစ်ပေါင်းရာနှင့်ချီသော အတိတ်ကာလဖြစ် ကောင်းဖြစ်ပါမည်။
            တစ်ချိန်တုန်းက ဩစတြေးလျပြည် အာဒီလိပ်မြို့တွင် ဤအကြောင်း အရာကို ဟောပြောပြီးနောက် အမျိုးသမီးတစ်ဦးက ကျွန်တော်ထံ စာရေးပါသည်။ သူမ၏ဘိုးဘေး ဘီဘင်တို့သည် စကော့တလန်ပြည်နယ်မှဖြစ်ပြီး နစ္စန်လူမျိုးစုနွယ်ဖြစ်ပါသည်။ (၁၆) ရာစု နှစ်အတွင်း စကော့လူမျိုးနှင့် အင်္ဂလိပ်လူမျိုးအကြားဖြစ်ပွားသည့် စစ်ပွဲကြောင့်ဖြစ်ပေါ်လာခဲ့ သော သမိုင်းအထောက်အထားတစ်ခုသည် သူမတွင်ရှိသည်။ ၎င်းမှာ စကော့တလန် အသင်းတော်သာသနာပိုင်ချုပ်က နစ္စန်လူမျိုးနွယ်အပေါ် ကျိန်ခဲ့ခြင်းဖြစ်သည်။ အနှစ်လေး ရာကြာခဲ့သည့်တိုင် ထိုကျိန်ခြင်းမှ စဖြစ်လာသည်ဟု ကောက်ယူနိုင်သော အဖြစ်အပျက် များသည် သူ့မိသားစုတွင် ဖြစ်ပျက်နေခဲ့သည်ဟု သူမ သဘောပေါက်ခဲ့ပါသည်။
            ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းတို့တွင် ဖြစ်စဉ်တစ်ခုထက် လွန်ကဲသော ဘုန်းတန်ခိုးဖြင့် ဓာတ်အားသွင်းထားသည့် နှုတ်ထွက်စကားများဖြစ်ပါသည်။ ဘုရားသခင်၏ တန်ခိုးဖြစ်ကောင်းဖြစ်ပါမည်။ မာရ်နတ်၏တန်ခိုးဖြစ်ကောင်းဖြစ်ပါမည်။ မည်သည့် နှုတ် ထွက်စကားဖြစ်စေကာမူ၊ လူတို့၏ အသက်ရှင်ခြင်းသာမကဘဲ ကံကြမ္မာတစ်ခုလုံးပါ ထိခိုက်နိုင်သောစကားများဖြစ်ပါသည်။ ဤမျှမကဘဲ ထိုထိခိုက်မှုသည် ဆွေစဉ်မျိုးဆက် ကူးသွားနိုင်သည်။
            မည်သို့ဖြစ်စေ ရှင်းလင်းစွာဖော်ပြလိုသည်မှာ သင်သည် ကျိန်ခြင်း၏ဒဏ်ကို ခံခဲ့ သည်ရှိသော် ဘုရားသခင်သည် သင့်အတွက် ဖြေဆေးကို ပြင်ဆင်ပေးခဲ့ပါပြီ။ ကျိန်ခြင်း၏ အခိုးအငွေ့ကို သင်သည် ဆက်ခံဖို့မလိုတော့ပါ။ သို့သော် အရင်ဆုံးအားလုံးခြုံငုံ၍ ရှင်းပြပါ မည်။
ဘုရားသခင်သည် ကောင်းချီးမင်္ဂလာ၏ အခြေအမြစ်
          ဘုရားသခင်သာလျှင် ကောင်းချီးမင်္ဂလာခပ်သိမ်းတို့၏ မြင့်မြတ်သော အခြေ အမြစ်ဖြစ်ပါသည်။ ထိုကောင်းချီးမင်္ဂလာတို့သည် လမ်းသွယ်လမ်းကြောင်း အမြောက် အမြားမှတစ်ဆင့် လာကောင်းလာပါလိမ့်မည်။ ကျမ်းစာထဲတွင် ကောင်းချီးမင်္ဂလာအကျိုး ဆောင်ခြင်းကို ပထမဆုံးတွေ့ရှိသောနေရာမှာ ကမ္ဘာဦးကျမ်း အခန်းကြီး(၂၂)တွင် ဖြစ်ပါ သည်။ ဤတွင် ဘုရားသခင်၏တောင်းဆိုချက်အရ ဣဇာကို ဆက်သရန်အာဗြဟံသဘော တူခန်းဖြစ်ပါသည်။ နောက်ဆုံးအချိန် တဒင်္ဂအတွင်း ဘုရားသခင်သည် ဣဇာက်အစား သိုး ထီးတစ်ကောင်ကို ပေးအပ်ခဲ့ပါသည်။
“တဖန် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကောင်းကင်ပေါ်က အာဗြဟံကို ခေါ်လျက် သင်သည်ဤအမှုကိုပြု၍ သင်၏သား သင်၌တယောက်တည်းသော သားကို ငါ့အား မငြင်းသောကြောင့် ငါသည် သင့်အား အစဉ်အမြဲကောင်းကြီးပေး မည်။ သင်၏ အမျိုးအနွယ်ကိုလည်း ကောင်းကင်ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒရာသဲလုံး ကဲ့သို့၎င်း၊ အစဉ်အမြဲပွားများစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့ တံခါးများကို အစိုးရလိမ့်မည်။ သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့ သည် ကောင်းကြီးမင်္ဂလာကို ခံစားကြလိမ့်မည်ဟု ငါ၏စကားလုံးကို သင်နား ထောင်သောကြောင့် ငါသည် ကိုယ်ကိုကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟု ထာဝရ ဘုရား၏အမိန့်တော်ကို ဆင့်ဆိုလေ၏။” (က၊၂၂း၁၅-၁၈)။
            ကောင်းချီးမင်္ဂလာပေးရန် အကြောင်းပြချက်မှာ မှတ်သားရန် အလွန် အရေးကြီးပါ သည်။ အာဗြဟံသည် ဘုရားသခင်၏စကားကို နာခံသောကြောင့် ဘုရားသခင်၏စကားကို နာခံခြင်းသည် ကောင်းချီးမင်္ဂလာခံစားရန် အခြေခံအကြောင်းရင်းဖြစ်ပါသည်။ ထိုကောင်း ချီးမင်္ဂလာသည် အာဗြဟံ၏ဆွေစဉ်မျိုးဆက်တို့အတွက်ပါ ဖြစ်သည်ကိုလည်း မှတ်သား လောက်ပါသည်။
            နှောင်းသောအခါ ဣဇာက်သည် သက်ကြီးရွယ်အိုဖြစ်သော ကမ္ဘာဦးကျမ်းအခန်း ကြီး(၂၇)က သူ့သားယာကုပ်ကို ကောင်းချီးမင်္ဂလာပေးပုံကို မှတ်တမ်းတင်ခဲ့ပါသည်။ သို့ သော် ထူးဆန်းသောအကြောင်းအရာမှာ ဣဇာက်သည် သူ့သားဦး ဧသောအား ကောင်းချီး မင်္ဂလာပေးနေသည်ဟု ထင်ခြင်းဖြစ်ပါသည်။ ဧသောသည် သူ့ဖခင်ထံမှ ကောင်းချီးမင်္ဂလာ မခံစားမီ ဖခင်ဣဇာက်ကို ကျွေးဖို့ အမဲလိုက်ရန် ထွက်သွားသည်။ ဣဇာက်၏ဇနီးရေဗက္က သည် သူသဘောကျသော သားငယ်ယာကုပ် အတွက် အကွက်ကောင်းကို တွေ့ခဲ့ပါသည်။
            မျက်မမြင်သောဣဇာက်ကို လှည့်ဖြားရန် ရေဗက္ကသည် ယာကုပ်အား ဧသောအ ၀တ်ကို ၀တ်ဆင်စေကာ ယာကုပ်ထက် အမွေးအမျှင်ထူပြောဧသောနှင့်တူစေရန်ယာကုပ်၏ လည်ပင်းနှင့် လက်မောင်းတို့တွင် ဆိတ်သားရေကို ပတ်စေခဲ့သည်။ ဣဇာက်ကြိုက်တတ် သည့်အတိုင်း ဆိတ်သားဟင်းကိုလည်း ချက်ပြုတ်သည်။ ယာကုပ်သည် ဧသောယောင် ဆောင်ကာ ထိုဟင်းလျာကို ဖခင်အား ဆက်သလေသည်။ ဣဇာက်သည်သူ့သား ဧသော ဟုတ်မဟုတ်စစ်မေးသည်။ “ငါ့သား ဧသော တကယ်ဟုတ်ပါသလား။” ယာကုပ်က “ဟုတ်ကဲ့” ဟု ဖြေကာ မုသာစကားပြောဆိုသည်။ ဟုတ်မှန်သည်ဟု ဣဇာက်သဘော ပေါက်မိကာ ဆိတ်သားဟင်းကို အားရပါးရ စားသုံးပြီးမှ ကောင်းချီးမင်္ဂလာကို ဤကဲ့သို့ ချ ပေးလေသည်။
“ငါ့သား၏အနံ့သည် ထာဝရဘုရား ကောင်းကြီးပေးတော်မူသော လယ်၏အမွှေး အကြိုင်နှင့်တူပါ၏။ ထို့ကြောင့် ဘုရားသခင်သည် မိုဃ်းကောင်းကင်၏ နှင်းကို၎င်း၊ မြေကြီး၏ အဆီအဥကို၎င်း၊ များစွာသောဆန်စပါး၊ စပျစ်ရည်ကို၎င်း၊ သင့်အား ပေး စေတော်မူသတည်း။ သူတပါးတို့သည် သင်၌ ကျွန်ခံ၍ အပြည်ပြည်တို့သည် သင့် ရှေ့မှာ ဦးညွှတ်ကြရစေသတည်း။ သင်သည် သင်၏ညီအစ်ကိုတို့၌ အရှင်ဖြစ်၍ သင့် အမိ၏သားတို့သည် သင့်ရှေ့မှာ ဦးညွတ်ရကြစေသတည်း။ သင့်ကို ကျိန်ဆဲသော သူအပေါင်းတို့သည် ကျိန်ဆဲခြင်းကို ခံရကြစေသတည်း။ သင့်ကို ကောင်းကြီးပေး သောသူအပေါင်းတို့သည် ကောင်းကြီးကို ခံရကြစေသတည်းဟု ကောင်းကြီးပေး လေ၏။” (က၊၂၇း၂၇-၂၉)။
            ထိုကောင်းချီးမင်္ဂလာပေးခြင်းသည် နည်းနည်းနောနောမဟုတ်၊ မျိုးဆက်တစ်ခုမှ တစ်ခုသို့ ဆက်လက်ခံစားရမည့် ဧရာမကြီးမြတ်သော ကောင်းချီးမင်္ဂလာဖြစ်ပါသည်။
            ခဏကြာသောအခါ ဧသောသည် ဖခင်နှစ်သက်တတ်သည့်အတိုင်း ကျကျနန ချက်ပြုတ်သော အသားဟင်းကို ယူဆောင်လာကာ ဖခင်သုံးဆောင်ရန် ဆက်သလေသည်။ ဤတွင် ဣဇာက်သည် အလိမ်ခံရ၍ ယာကုပ်ကို ဧသောအထင်ဖြင့် ကောင်းချီးမင်္ဂလာပေးမိ ခဲ့မှန်းသိရှိလေတော့သည်။ သို့သော် ဣဇာက်၏ တုံ့ပြန်မှုကို မှတ်ကြစို့။
အဘဣဇာက်သည် အလွန်တုန်လှုပ်၍ အဘယ်သူနည်း။ အမဲသားကို ရ၍ ငါ့ထံသို့ ဆောင်ခဲ့ပြီးသောသူသည် အဘယ်မှာရှိသနည်း။ သင်မရောက်မှီ ငါသည် အကုန် အစင်စားပြီး၍ သူ့ကို ကောင်းကြီးမင်္ဂလာပေးမိပြီ။ သူသည် ကောင်းကြီးမင်္ဂလာကို ဧကန်အမှန် ခံရလိမ့်မည်ဟု ဆိုလေသည်။ (က၊၂၇း၃၃)။
            ဣဇာက်သည် ဧသောကိုသာ ကောင်းချီးမင်္ဂလာချပေးနေသည်ဟု ထင်မှတ်နေပါ သည်။ သို့သော်လည်း သူ၏နှုတ်မှ ထွက်လာသောစကားများသည် သူကိုယ်တိုင်ထွက်ဆို ခြင်းမဟုတ်ဟု သူသိသည်။ အနာဂတ္တိကောင်းချီးမင်္ဂလာဖြစ်ပါသည်။ အနာဂတ္တိဖြစ်သော ကြောင့်လည်း သူပြန်ရုပ်သိမ်း၍ မရတော့ပါ။ ထို့ကြောင့် ယာကုပ်သည် ကောင်းချီးမင်္ဂလာ ကိုရရှိကာ ဧသောအနေဖြင့် မရတော့ပါ။
            ကောင်းချီးမင်္ဂလာ၏ သဘောသဘာဝသည် သဘာဝထက် လွန်ကဲသောဖြစ်စဉ် ကို လွန်ဆန်နိုင်သောတန်ခိုးဖြစ်သည်ဟု နားလည်စေချင်ပါသည်။ စိတ်၏အလိုဆန္ဒ သို့မ ဟုတ် စိတ်ကူးယဉ်ခြင်းမဟုတ်ပါ။ ကောင်းချီးမင်္ဂလာသည် ဖြစ်စဉ်ထက်လွန်ကဲသော တန် ခိုးဖြင့် ပြည့်စုံသည့် ရေးကြီးခွင်ကျယ်ဖြစ်သည့်အရာ၊ လူတို့၏ကံကြမ္မာကိုပင် အဆုံးအဖြတ် ပေးနိုင်သောအရာတစ်ခုဖြစ်ပါသည်။ စစ်မှန်သော ကောင်းချီးမင်္ဂလာသည် မျက်စိဖြင့် မမြင် နိုင်သော တန်ခိုးဖြစ်ပါသည်။ ကျိန်ခြင်းသည်လည်း ကောင်းချီးမင်္ဂလာနှင့် အလားတူပါ သည်။
            တရားဟောရာကျမ်း အခန်းကြီး (၂၈) တစ်ခုလုံးသည် ကောင်းချီးမင်္ဂလာနှင့် ကျိန် ခြင်းတို့မှ ဖြစ်ပေါ်လာသော ပုံစံအမျိုးမျိုးတို့ကို ဖော်ပြသည်။ ပထမ ဆယ့်လေးပိုဒ်သည် ကောင်းချီးမင်္ဂလာအကြောင်းဖြစ်ပြီး ကျန်ငါးဆယ့်လေးပိုဒ်သည် ကျိန်ခြင်းနှင့်ပတ်သက် သော အပိုဒ်များဖြစ်ပါသည်။ အပိုဒ်(၁) နှင့် (၂ )တွင် မောရှေသည် ကောင်းချီးမင်္ဂလာ၏ အကြောင်းတရားနှင့် အကျိုးတရားတို့ကို ဤကဲ့သို့ သတိပေးသည်။
            “ယနေ့ ငါဆင့်ဆိုသမျှသော ပညတ်တော်တို့ကို သင်သည် ကျင့်ဆောင်ခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို စေ့စေ့နားထောင်လျှင်၊ သင်၏ဘုရား သခင် ထာဝရဘုရားသည် လူမျိုးတကာတို့ထက် ချီးမြှောက်တော်မူမည်။”
            ပဋိညာဉ်အသစ်(ယော၊၁၀း၂၇)၌ ယေရှုသည် အလားတူ “သူ၏သိုးများ” အဖြစ် အသိအမှတ်ပြုသောသူတို့ကို “သူ၏ စစ်မှန်သော တပည့်တော်များ”ဟု အဓိပ္ပါယ်ရှင်းလင်း ဖော်ပြရာတွင် “ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။”ဟု မိန့် တော်မူခဲ့ပါသည်။ အခြေခံ မူလလိုလားချက်မှာ အတူတူပင်ဖြစ်ပါသည်။ ဘုရားသခင်၏ အသံကို နားညောင်း၍ ကိုယ်တော်နောက်ကို နာခံခြင်းဖြင့် လိုက်လျှောက်ရန်ပင်ဖြစ်ပါ သည်။
            ကျိန်ခြင်းမှ ဖြစ်ပေါ်လာသော အကျိုးတရားများမူကား ကောင်းချီးမင်္ဂလာ၏ အကျိုးတရားနှင့် လုံးဝဆန့်ကျင်သည်။ ကျိန်ခြင်းသည် ဘုရားသခင်၏စကားကို မနာခံခြင်း နှင့် ကိုယ်တော်၏ အမိန့်တော်အတိုင်းမလိုက် နားမထောင်ခြင်းမှ ဖြစ်ပေါ်လာသောဆိုးကျိုး များဖြစ်ပါသည်။ ဘုရားသခင်၏စကားကို နာခံလိုက်နာရန် ငြင်းဆိုခြင်းကို စကားတစ်လုံး တည်းဖြင့် ပေါင်းစပ်၍ရပါသည်။ ၎င်းမှာ ပုန်ကန်ခြင်းပင်ဖြစ်သည်။ လူကို ပုန်ကန်ခြင်း မဟုတ်၊ ဘုရားသခင်ကို ပုန်ကန်ခြင်းဖြစ်ပါသည်။
            ကျွန်တော်ကိုယ်တိုင် လေ့လာချက်အရ တရားဟောရာကျမ်း အခန်းကြီး (၂၈)၌ ဖော်ပြသော ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းတို့ကို အစီအစဉ်အလိုက် စာရင်းနှစ်ခုဖော် ထုတ်ခဲ့ပါသည်။ ကျွန်တော်အကြံရသော ကောင်းချီးမင်္ဂလာများမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်။
            ချီးမြောက်ခြင်း      -           ကြီးပွားချမ်းသာခြင်း
            ကျန်းမာခြင်း        -           အောင်ပွဲခံခြင်း
            မျိုးပွားခြင်း          -           ဘုရားသခင်ရှေ့တော်တွင် မျက်နှာရခြင်း
ကျိန်ဆဲခြင်းစာရင်းတွင် မောရှေသည် ကောင်းချီးမင်္ဂလာထက် အသေးစိတ် ပို၍ ပြဌာန်း ထားသည်။ မည်သို့ဖြစ်စေ၊ ကျိန်ခြင်း၏ ထူးခြားသည့် အကြောင်းရင်းမှာ ကောင်းချီးမင်္ဂလာ နှင့် ဆန့််ကျင်ဘက်ဖြစ်သည်။ ကျွန်တော်၏ အကြံပြုပေါင်းချုပ်မှာ-
            နိမ့်ကျအောက်ကျို့ခြင်း
            မြုံခြင်း၊ သားသမီးမထွန်းကားခြင်း
            ကိုယ်စိတ်ရောဂါခံစားခြင်း
            အိမ်ထောင်စုပြိုကွဲခြင်း
            ဆင်းရဲနွမ်းပါးခြင်း
            အကြံအစည်မထမြောက်မအောင်မြင်ခြင်း
            ဖိနှိပ်ညှဉ်းဆဲခြင်း
            ဘုရားသခင်ရှေ့တွင် မျက်နှာသာမရခြင်း
            အပိုဒ်(၁၃)တွင် မောရှေသည် သူ၏ကောင်းချီးမင်္ဂလာစာရင်းအချုပ်ကို မျက်ဝါး ထင်ထင် ရုပ်ပုံဖော်ခြင်းဖြင့် အဆုံးသတ်ခဲ့ပါသည်။ ကျွန်တော်တို့၏ အသက်တာတိုင်းတွင် ဤရုပ်ပုံပေါ်သကဲ့သို့ မည်ကဲ့သို့ ကျင့်ကြံလုပ်ဆောင်သင့်သည်ကို ကောင်းမွန်စွာ ဆင်ခြင် သုံးသပ်ဖို့ လိုအပ်ပါသည်။
            မောရှေ၏အဆိုဖြစ်သော “ထာဝရဘုရားသည် သင့်ကို အမြီးမဖြစ်စေဘဲ ခေါင်းဖြစ် စေတော်မူမည်” ဤကျမ်းပိုဒ်သည် ကျွန်တော့်အသက်တာတွင် မည်ကဲ့သို့ အသုံးကျမည်ကို ဘုရားသခင်အား ကျွန်တော်တစ်ခါမေးမြန်းခဲ့ပါသည်။ “ခေါင်းပိုင်းက အဆုံးအဖြတ်ပေး တယ်။ အမြီးပိုင်းကတော့ ဒရွတ်တိုက် အဆွဲခံရတာပေါ့”ဟူသော အဖြေကို ရရှိခဲ့ပါသည်။
            သင်သည် ခေါင်းကဲ့သို့ လုပ်ဆောင်ကာ အခြေအနေအရပ်ရပ်ကို ကြီးကြပ်ကွပ်ကဲ နေပါသလား။ သင့်တင့်လျောက်ပတ်သော အဆုံးအဖြတ်များကို ပေးကာ၊ ထိုဆုံးဖြတ်ချက် များ အထမြောက်သည်ကို မြင်နေရပါသလား။ သို့မဟုတ် သင်သည် အမြီးပိုင်း ကဏ္ဍမှာပဲ ပါဝင်ကာ သင်နားမလည်မချုပ်ကိုင်နိုင်သော အခြေအနေအကြောင်းတရားများက သင့်ကို ဒရွတ်တိုက်ဆွဲနေပါသလား။

× × × × × × × ×× × × × × × 
############
ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ (အပိုင်း ၃) ကို ဆက်လက်ဖော်ပြပေးပါမည်။

[[[ အသက်တာပြောင်းလဲစေသော ၀ိညာဉ်ရေးရာ တန်ခိုးတော် ]]]
{{ ဒေရက်ပရင့်စ် }}

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့