နေ့စဉ် ကျမ်းစာဖတ်မယ်
ဆုတောင်းခြင်း (၁၈)
=-=-=-=-=-=-=-=
မဿဲ၊ ၂၆း၃၆-၄၄
၃၆ ထိုအခါ ယေရှုသည် သူတို့နှင့်အတူ
ဂေသရှေမန်အရပ်သို့ ရောက်တော်မူလျှင်၊ ငါသည် ဟိုအရပ်သို့သွား၍
ဆုတောင်းစဉ်တွင် ဤအရပ်၌ ထိုင်နေကြလော့ ဟုတပည့်တော်တို့အား
မိန့်တော်မူပြီးမှ၊
၃၇ ပေတရုနှင့် ဇေဗေဒဲ၏ သားနှစ်ယောက်တို့ကိုခေါ်သွား၍၊ နှလုံးမသာစိတ်ပူပန်ခြင်းသို့ရောက်တော်မူ၏။
၃၈
ထိုအခါ ယေရှုက၊ ငါသည်သေလောက်အောင်စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌
ငါနှင့်အတူ စောင့်၍နေကြလော့ဟု တပည့်တော်သုံးယောက်တို့အားမိန့်တော်မူ၍၊
၃၉
ထိုမှအနည်းငယ်လွန်ပြန်လျှင် ပြပ်ဝပ်၍ အကျွန်ုပ်အဘ၊ ဤခွက်သည်
အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း
အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။
ကိုယ်တော်အလိုရှိသည်အတိုင်းဖြစ်ပါစေသောဟု ဆုတောင်း တော်မူ၏။
၄၀
တပည့်တော်တို့ရှိရာသို့ပြန်၍ သူတို့သည် အိပ်ပျော်လျက် နေကြသည်ကို
တွေ့တော်မူလျှင်၊ သင်တို့သည် တနာရီခန့်မျှငါနှင့်အတူ စောင့်၍ နေခြင်းငှါ
ဤသို့မစွမ်းနိုင်သလော့။
၄၁
စုံစမ်းနှောင့်ရှက်ခြင်း နှင့်ကင်းလွတ်မည်အကြောင်းဆုတောင်းလျက်
စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြား သော်လည်း ကိုယ်မူကား
အားနည်းသည် ဟုပေတရုအား မိန့်တော်မူပြီးမှ၊
၄၂ တဖန်သွား၍ အကျွန်ုပ်အဘ၊ ဤခွက်ကို အကျွန်ုပ်မသောက်ဘဲလွန်၍မသွားရလျှင် ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းပြန်၏။
၄၃ ထိုနောက်တပည့်တော်တို့ရှိရာသို့လာ၍ သူတို့သည် မျက်စိလေးလံသဖြင့် တဖန်အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူလျှင်၊
၄၄ သူတို့ကို ထားခဲ့၍ တဖန်သွားပြီးလျှင် ရှေ့မြွက်ဆိုသည်နည်းတူ သုံးကြိမ်မြောက်အောင်ဆုတောင်းတော်မူ၏။
Comments