ယုံကြည်ခြင်းဆန်းစစ်ခြင်း

<<<(ယုံကြည်ခြင်း၏အခြေခံကျောက်)>>>
ဂလာတိ၊ ၂း၂၀
၂၀ ငါသည်ခရစ်တော်နှင့် အတူလက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော်ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ယခုငါရှင်သော အသက်သည် ဘုရားသခင်၏ သားတော် ကိုယုံကြည်ခြင်းအားဖြင့်တည်၏။ သားတော်သည် ငါ့ကိုချစ်၍ ငါ့အဘို့ကိုယ်ကိုကိုယ်စွန့် တော်မူ၏။

ဖိလိပ္ပိ၊ ၁း၁၈-၂၁
၁၈ သို့ဖြစ်၍ အဘယ်သို့နည်း။ လျှို့ဝှက်၍ ဟောပြောသည်ဖြစ်စေ၊ သစ္စာရှိ၍ ဟောပြောသည်ဖြစ်စေ၊ အဘယ်သို့သော အားဖြင့် ဟောပြောသည်ဖြစ်စေ၊ ခရစ်တော်၏တရားကို ဟောပြောခြင်းရှိ၏။ ထိုအကြောင်းကြောင့် ငါသည် ယခုဝမ်းမြောက်၏။ နောင်၌လည်းဝမ်မြောက်လိမ့်မည်။
၁၉-၂၀ အဘယ်သို့နည်း ဟူမူကား၊ ငါသည်အလျှင်းရှက် ကြောက်ခြင်းမရှိ၊ ရဲရင့်ခြင်းနှင့် ပြည့်စုံ၍ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့ကိုယ်ခန္ဓာ၌ခရစ်တော်သည် အစဉ်မပြတ် ဂုဏ်အသရေထင်ရှားတော်မူသကဲ့သို့၊ ယခုပင်ထင်ရှားတော်မူမည်ဟု ငါမြော်လင့်အားကြီး၍ တောင့်တ သည်နှင့်အညီ သင်တို့ဆုတောင်းသဖြင့်င်း၊ ယေရှုခရစ်၏ ဝိညာဉ်တော် မစသဖြင့်င်း၊ ဤအကြောင်းအရာသည် ငါ့ကိုကယ်တင်သော အကြောင်းအရာ ဖြစ်မည်ဟု ငါသိ၏။
၂၁ ငါအသက်ရှင်သည် အရာမှာခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့