ကိုယ်နှင့်စပ်ဆိုင်သောသူအစစ် (ဒေသနာ)

ကိုယ်နှင့်စပ်ဆိုင်သောသူအစစ်
(လုကာ၊ ၁၀း ၂၅ - ၃၇)
====================================
“ကိုယ်နှင့်စပ်ဆိုင်သောသူအစစ်” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ဝေငှလိုပါတယ်။
အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (လုကာ၊ ၉း၂၅-၃၇) ဖြစ်ပါသည်။
သမ္မာကျမ်းစာထဲ၌ လူတစ်ယောက်သည် ယေရုရှလင်မြို့သို့ သွားရာ ဓားပြတို့၏လက်သို့ကျရောက်သွားပြီး
သူ၏အ၀တ်အစား များကို ချွတ်ကြကာ သူ့ကို ရိုက်နှက်ကြ၏။ သေလုနီးပါးရှိသောအခါ၌ စွန့်ပစ်ထားကြသည်။ ထို့နောက်
လူသုံးယောက်တို့သည် ထိုနေရာ သို့ ရောက်ကြကာ တစ်ယောက်ပြီးတစ်ယောက် ကျော်ဖြတ်သွားကြသည်ဟုဆို၏။
ယဇ်ပုရောဟိတ်တစ်ပါးသည် အခြားလမ်းတစ်ဘက်မှနေ၍ သူ့ကို ကျော်သွားသည်။ လေ၀ိလူတစ်ယောက်လည်း
ထိုနည်းအ တိုင်းကျော်သွားသည်။ သို့သော်လည်း ရှမရိလူတစ်ယောက်သည် ထိုလူရှိရာသို့ ရောက်လာသည်။
ထိုရှမာရိလူသည် သူ၏အနာများကို စည်းပေးပြီးလျှင် စရပ်တစ်ခုသို့ဆောင်သွားပြုစုသည်။
ဤသုံးယောက်အနက်မည်သူသည် ဓားပြလက်ထဲသို့ ကျရောက်သည့် သူနှင့်စပ် ဆိုင်သောသူသည် ဖြစ်သနည်း။
လူသုံးယောက်ကို မိတ်ဆက်ပေးပြီးနောက် စစ်မှန်သော ကိုယ်နှင့်စပ်ဆိုင်သောသူသည် မည်သူဖြစ် ကြောင်းနှင့်
ပတ်သက်၍ ကျွန်တော် ဟောပြောလိုပါသည်။
ပထမဦးဆုံး ထိုလူ ယဇ်ပုရောဟိတ်တစ်ပါးနှင့် တေ့ဆွုံသည်။
သူသည် သေလုနီးပါးဖြစ်သောအခါ ယဇ်ပုရောဟိတ် ၀တ်ရုံတော်ကို ၀တ်သော ယဇ်ပုရောဟိတ်တစ်ပါးက
ချဉ်းကပ်လာသည်။ သေလုနီးပါးဖြစ်သောသူသည် သူ့ကို ကူညီမစရန်အတွက် ယဇ်ပုရောဟိတ်ကို
တောင်းပန်သောအခါတွင် ယဇ်ပုရောဟိတ်သည် သူ၏ ခေါင်းကိုခါလျက် “ဟေ့လူ ဘာဖြစ်လို့ ပညတ်တော်ကို
ပမာမခန့်လုပ်ခ့သဲ လ”ဲ အဲဒါကြောင့် ဓားပြနှင့်တွေ့ပြီး အရိုက်ခံရခြင်းဖြစ်တယ်။ ဘယ်လောက်ညစ်ညမ်းသည့်လူလဲ။
လုံခြုံသည့်လမ်းကို လိုက်ပါဟု အမြဲတမ်း ပြောဒါဘဲ။ လမ်းလွဲပြီး မလိုက်သင့်ဘူး”ဟုဆို၏။ ထို့နောက်
ယဇ်ပုရောဟိတ်သည် လမ်း၏တစ်ခြမ်းသွားပြီး ကျော်သွား၏။
ပညတ်တော်သည် ထိုယဇ်ပုရောဟိတ်က့သဲို့ပင် အပြစ်ကျူးလွန်ခြင်းများကို ဖော်ပြပြီး နတ်ဆိုး၏ထိုးနှက်ခြင်းကို
ခံရသော ကြောင့် သွေးထွက်သောသူကိုမကယ်တင်နိုင်ပေ။ ယခုပညတ်တရားဖြစ်သော ဘုရားသခင်၏ကြေးမုံပြင်ပေါ်၌
သင်၏ဩတပ္ပစိတ်ကို ကြည့်ပါ။ တစ်စုံတစ်ယောက်သောသူက “ငါမုသာမပြောပါဘူး။ ငါ့ဇနီး သို့မဟုတ်
ငါ့လင်ယောကျာ်းကို မှန်သည့်အတိုင်းဘဲပြောခ့တဲ ယ်”ဟု ဆိုရဲသောသူရှိပါသလား။
(ရောမ၊၃း၂၀)က “ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေပြီသောကြောင့်
ပညတ်တရား၏အကျင့်အားဖြင့် ဘုရားသ ခင်၏ရှေ့တော်၌ အဘယ်သူမျှဖြောင့်မတ်ရာသို့မရောက်ရာ”ဟုဆို၏။
ကျွန်ုပ်တို့ကို အပြစ်ဒုစရိုက်များမှကယ်တင်ရန် ပညတ်တရားကို ပေး ခြင်းမဟုတ်ဘဲ ကျွန်ုပ်၏အပြစ်များကို
သိလာရန်အတွက် ပေးခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ယဇ်ပုရောဟိတ် သို့မဟုတ် ပညတ်တရား သည်
ဓါးပြနှင့်တွေ့သော ကျွန်ုပ်တို့ကို မကူညီနိုင်ဘဲ အပြစ်ကိုသာစီရင်သည်။
ဒုတိယအနေနှင့် ထိုလူသည် လေ၀ိလူတစ်ယောက်ကို တွေ့သည်။
ထိုသူသည် ဝေဒနာခံစားပြီး လူးလှိမ့်ရသောအချိန်၌ အခြားလူတစ်ယောက်သည် ထိုလူရှိရာသို့ရောက်လာသည်။
သူသည် လေ ၀ိလူတစ်ယောက်ဖြစ်သည်။ လေ၀ိလူသည် ဗိမာန်တော်ထဲ၌ ပြုလုပ်သော အခမ်းအနားအစီအစဉ်များကို
ဆောင်ရွက်ရသည်။ သွေးစွန်း သည့်လူသည် လေ၀ိလူအား “ကယ်ပါ” ဟု အော်ဟစ်သည်။ ထိုလေ၀ိသည် “ဟေ့လူ၊
ငါအခမ်းအနားအစီအစဉ်ကို ဆောင်ရွက်ရမှာမို့ မ အားဘူး”ဟု ပြန်ဖြေသည်။ ထိုလေ၀ိလူသည်လည်း
လမ်းတစ်ဖက်သို့သွားပြီး ကျော်ဖြတ်သွားသည်။
ဒုက္ခအကြီးအကယ်ရောက်သောလူသည် အခမ်းအနားနှင့် ပွဲလမ်းသဘင်ဆိုင်ရာတို့အားဖြင့် နှစ်သိမ့်ကျေနပ်မှုကို
ရရှိရန်ပြုလိုကြ သည်။ သို့သော်လည်း ထိုဝတ်ပြုခြင်းအစီအစဉ်တို့သည် သေလုနီးပါးလူကိုမကယ်နိုင်ပါ။ ဘုန်းကြီးသည်
သွေးစွန်းသောလူ၏ရင်ပတ်ပေါ်၌ လက်ဝါးကပ်တိုင်တံဆိပ်ကို ပြုလုပ်ပေးကောင်း ပြုလုပ်ပေးမည်ဖြစ်သည်။ ဘုန်းကြီးသည်
ထိုသွေးစွန်းသောသူအပေါ်၌ သန့်ရှင်းသောရေ ကို ဖြန်းကောင်းဖြန်းမည်ဖြစ်သည်။ ဘုန်းကြီးသည်
ထိုသွေးစွန်းသောလူ၏လက်ကိုကိုင်ပြီး ဆုတောင်းပေးကောင်း ဆုတောင်းပေးမည်ဖြစ် သည်။ သို့သော်လည်း
ထိုသို့ပြုလုပ်ခြင်းသည် သွေးစွန်းလူ၏အသက်ကို ချမ်းသာမပေးနိုင်ပါ။ ထိုသို့ပြုလုပ်ခြင်းသည် သေလုနီးပါးဖြစ် သောလူကို
မကယ်တင်နိုင်ပါ။
အထက်ပါကျမ်းပိုဒ်အရ ထိုလေ၀ိလူသည် ကူညီမစခြင်းတစ်ခုကို မျှမပြုလုပ်ဘဲ လမ်းတစ်ဘက်မှနေ၍
ကျော်ဖြတ်သွားသည်ဟု ဆို၏။ သူ့အတွက်အရေးကြီးသောအရာမှာ ဗိမာန်တော်၏အခမ်းအနားအစီအစဉ်များပင်ဖြစ်သည်။
အခမ်းအနားဆောင်ရွက်ရာ၌ မည်သူ က ပူဇော်နိုင်မည့်သူဖြစ်သည်မှာ သူ့အတွက် အရေးမကြီးပါ။ ထိုသို့သော
ဘာသာရေးဆိုင်ရာ အခမ်းအနားတို့သည် အနာတရဖြစ်သော စိတ်ဝိညာဉ်ကို မကယ်တင်နိုင်ပါ။
တတိယအနေနှင့် ထိုလူသည် ကောင်းသော ရှမာရိလူတစ်ယောက်ကို တွေ့သည်။
ယခု ခရီးသည် တစ်ယောက်သူ့ထံသို့ရောက်လာသည်။ သူ၏ပညတ်တော်ကို ကိုယ်စားပြုသော
ယဇ်ပုရောဟိတ်မဟုတ်။ အခမ်း အနားများကိုဆောင်ရွက်သည့် လေ၀ိလူတစ်ယောက်လည်းမဟုတ်ဘဲ
ဂျူးလူမျိုးများမုန်းတီးသော ရှမာရိလူတစ်ယောက်သာ ဖြစ်သည်။ ထိုလူကို တွေ့သောအခါ ထိုရှမာရိလူသည် သနားသည်။
ထိုရှမာရိလူသည် ထိုလူထံသို့ သွားပြီးအနာတို့ကို အ၀တ်နှင့် စည်းကား ဆီနှင့် စပျစ်ရည်ကို ထည့်သည်။ ထို့နောက်
သူ၏မြည်းပေါ်၌ ထိုလူကိုတင်ကာ စရပ်တစ်ခုသို့ ခေါ်သွားကာ စောင့်ရှောက်ပြုစုသည်။
ထိုရှမာရိလူသည် ယေရှုကို ပုံဆောင်သည်။ ကျွန်ုပ်တို့ သခင်ဘုရားသည် ကောင်းကင်ဘုံပလ္လင်တော်ကို စွန့်ပြီး
လူ့ဇာတိကိုခံယူ ကာ လောကသို့ကြွလာသည်။ ဘုရားသခင်၏သားတော်ယေရှုသည် အပြစ်နှင့်ပြည့်သောလောကသို့
ကြွဆင်းလာသည်။ ယေရှုသည် ပ ညတ်တရားအသစ်ကို ပေးရန် (သို့) ဘာသာရေးအခမ်းအနားအသစ်တစ်ခုကိုပြဌာန်းရန်
လောကသို့ကြွဆင်းလာခြင်းမဟုတ်ပါ။ ဓါးပြဖြစ် သော နတ်ဆိုး၏သိမ်းပိုက်ခြင်းခံသော လူတို့၏စိတ်၊၀ိညာဉ်နှင့်
ခန္ဓာကိုယ်တစ်ခုလုံးကို ရွေးကောက်ကယ်တင်ရန်ဖြစ်သည်။
နာဇရက်မြို့သားယေရှုသည် လောကသို့ တရားစီရင်ရန်လာခြင်းမဟုတ်ပါ။ သူသည် အခမ်းအနားတို့ဖြင့်
ဘာသာရေးကို အ နှောင့်အယှက်ပြုသော လူထံသို့မလာပါ။ ဘုရားသခင်၏သားတော် ယေရှုခရစ်ကြွလာကာ
သွေးနှင့်ဆီကို သွန်းလောင်းသည်။ ကျွန်ုပ်တို့၏ သခင်သည် သူ၏ဆန္ဒအရလက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းကိုခံကာ
ကျွန်ုပ်တို့၏အပြစ်များကို ယူဆောင်သွားရန်အတွက် လှံတံဖြင့် စာတန်၏ထိုးခြင်းကိုခံရ၏။
ကျွန်ုပ်တို့၏ သခင်ဘုရားသည် ကျွန်ုပ်တို့၏ အပြစ်များကို လွှတ်ရန် ထိုးခြင်း၊ နှိပ်စက်ခြင်း၊
အနာတရဖြစ်ခြင်းခံကာ၊ သန့်ရှင်း သောဝိညာဉ်တော်နှင့် ကျွန်ုပ်တို့ကို ပတ်စည်းထား၏။ ကျွန်ုပ်တို့၏ သခင်သည်
တရားစရပ်ဖြစ်သောအသင်းတော်သို့ ကျွန်ုပ်တို့ကို ခေါ် သည်။
သခင်ယေရှုအနေနှင့် ကျွန်ုပ်တို့ကိုပြသောအရာမှာ ပညတ်တရားနှင့် ဘာသာရေးထုံးတမ်းစဉ်လာများမကသော
ပူဇော်သက္ကာပြု ခြင်းနှင့် ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။
ထိုမိမိကိုယ်ကို ပူဇော်သက္ကာပြုခြင်းနှင့် ချစ်ခြင်းမေတ္တာအားဖြင့်သာလျှင် ဖျားနာသောသူများနှင့် မျှော်လင့်ရာမြဲ့ပီး
နတ်ဆိုးကျော် လွှားဖိနှိပ်ခြင်းခံရသောသူများအတွက် မိမိကိုယ်ကို ပူဇော်ပြီး အသက်ကို စွနြ့်ခင်းဖြစ်သည်
ကောင်းသော ရှမာရိလူပြုသော အရာကိုကြည့်ပါ။ သူသည် စရပ်တစ်ခုသို့ဆောင်သွားသည်။
နာဇရက်မြို့သားယေရှုခရစ်သည် ကျွန်ုပ်တို့အပေါ်သို့ အသွေးတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်ပြီး
ကောင်းကင်နိုင်ငံတော်သို့ ပို့ဆောင်သည့် အသင်း တော်တည်းဟူသော စရပ်တစ်ခုသို့ ကျွန်ုပ်တို့ကို ခေါ်သွားသည်။
နာဇရက်မြို့သား ယေရှုသည် ငွေဒင်္ဂါးနှစ်ပြားကို ယူပြီး စရပ်စောင့်သောသူကိုပေးကာ “ဤငွေများကို အသုံးပြုပြီး
သူ့ကို ပြုစု စောင့်ရှောက်ပါ”ဟုဆို၏။ ယေရှုသည် ကျွန်ုပ်တို့အား ငွေဒင်္ဂါနှစ်ပြားကို ပေးပါသည်။ ဤငွေဒင်္ဂါနှစ်ပြားသည်
မည်သည့်အရာကို ဆိုလိုပါသ နည်း။
၎င်းတို့သည် ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံသို့ပြန်ကြွသောအခါ၌ လူတို့အား
ပေးသော ကြီးမြတ် သောဆုကျေးဇူးများဖြစ်သော ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်
သန့်ရှင်းသောဝိညာဉ်တော်ပင်ဖြစ်သည်။ ယေရှုသည် သူ့အတွက် အ လုပ်လုပ်သောသူတို့အား နှုတ်ကပတ်တော်နှင့်၎င်း၊
သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း၊ စောင့်ရှောက်ပြုစုရန်အတွက် ထိုသူကို တောင်းဆို သည်။
ယေရှုသည် သူတို့အား အောက်ပါအတိုင်း -
“သင်၏ပစ္စည်းများနှင့် ငွေကြေးများကို အကုန်အကျခံပြီး ဤလူကို စောင့်ရှောက်ပါ။ နှုတ်ကပတ်တော်နှင့်
ကျေးဇူးတော်ကို ဝေငှ ခြင်းသည် ဘုရားသခင်၏အလုပ်ကိုဆောင်ရွက်သောအရာဖြစ်သည်နှင့်အညီ ဘုရားသခင်သည်
လူအပေါ်၌ အကြွေးတင်မည်မဟုတ်။ သို့သော်လည်း သင်အသုံးပြုသော အကုန်အကျဟူသမျှကို ပြန်ဆပ်ပါမည်။ သင်အား
ပြန်ဆပ်မည်ကို ယုံကြည်ပါ။ ဒဏ်ရာရသော စိတ် ၀ိညာဉ်များကို အနာရောဂါငြိမ်းစေရန်အတွက် လိုအပ်သော ငွေကြေးကို
သုံးစွဲပါ။ အခြားသောသူများအပေါ်၌ ဂရုဏာကိုယ်ချင်းစာသော စိတ်ကိုပြသပါ။ အခြားသောသူတို့၏အစေခံပါ။
အခြားသောသူများကို ချစ်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်များနှင့် ဆက် ကပ်ပါ။ သင်သည်
ပို၍အကုန်အကျခံပါက ၎င်းအတွက် ဘုရားသခင်ပြန်လည်ပေးဆပ်မှာ ဧကန်အမှန်ဖြစ်ပါသည်။ ယနေ့တွင် သင်၏တာ
ဝန်ကို တစ်ခုပြီးစီးအောင် ပြဌာန်းထားသည့် ပညတ်တော်ကို စောင့်ရှောက်ခြင်းစသည်အားဖြင့် သင်၏အသက်တာကို
ကြွယ်ဝအောင်ပြု လုပ်နိုင်မည်မဟုတ်ပါ။ သင်သည် ငွေကြေးအနည်းငယ်ကို ပို၍ အသုံးပြုရမည်ဖြစ်သည်။ ၎င်းမှာ
တာဝန်ဝတ္တရားနှင့် ပညတ်ချက်တို့၏နယ် နိမိတ်စည်းကို ကျော်လွန်သော ချစ်ခြင်းမေတ္တာပင်ဖြစ်ပါသည်။ သို့သော်
အနည်းငယ်သောသူတို့သာလျှင် ပို၍ အကုန်အကျခံလိုကြသည်။
(မဿဲ၊ ၅း၄၀-၄၁)က “သင့်အင်္ကျီကိုယူလို၍ တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှါ
အခွင့်ပေးဦးလော့။ အ ကြင်သူသည် သင့်ကို အနိုင်အထက်ပြု၍ ခရီးတစ်တိုင်သွားစေ၏။
ထိုသူနှင့်တကွနှစ်တိုင်သွားဦးလော့၊ တောင်းသောသူအားပေးလော့။ ချေးငှါးသောသူကို မငြင်းမပယ်နှင့်” ဟုဆို၍
ဤနည်းအားဖြင့် ကန့်သတ်ချက်ထက် သင်ပိုလွန်၍ သုံးစွဲသောအခါ၌ အနာရောဂါငြိမ်းခြင်း၊
ဝမ်းမြောက်ပျော်ရွှင်ခြင်းတို့သည် သင်၏အပေါ်၌ ဖြစ်လာမည်ဖြစ်သည်။
ခရစ်ယာန်တစ်ယောက်၏ အသက်တာသည် တာဝန်ကိုသာ ကျေအောင် လုပ်ဆောင်ခြင်းနှင့်မပြီးပါ။ ထို့ကြောင့်
ကျွန်ုပ်တို့ ခရစ် ယာန်တို့သည် ပို၍ငွေကုန်ကြေးကျခံပြီး တာဝန်ဝတ္တရားကန့်သတ်ချက်ကို ကျော်လွန်သည်။
ကိုယ်ချင်းစာတရားအားဖြင့် ကျွန်ုပ်တို့ အိမ်နီး နားချင်းတို့၏ ပျော်ရွှင်ခြင်းအတွက် အသက်ရှင်ကြရမည်ဖြစ်သည်။ ထိုသို့
ပြုသောအားဖြင့် ၀မ်းမြောက်ပျော်ရွှင်ခြင်းသည် ကျွန်ုပ်တို့အ သက်တာကို ချဉ်းကပ်လာမည်ဖြစ်သည်။ လင်ယောက်ျားနှင့်
ဇနီးသည် အကြား၌၎င်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်းတို့၏အကြား၌၎င်း၊ အိမ်နီးနားချင်းတို့၏အကြား၌၎င်း၊
လုပ်သင့်သည်ထက်ပို၍ လုပ်ဆောင်ပါက ကျွန်ုပ်တို့သည် ကိုယ်နှင့်စပ်ဆိုင်သောသူ အစစ်အမှန်များဖြစ် ကြသည်။
ထိုသို့ပြုခြင်းအားဖြင့် ဘုရားသခင်အကြွေးတင်စေကြမည်ဖြစ်သည်။ ကျွန်ုပ်တို့ကို ဘုရားသခင် ပြန်ဆပ်မည့်
အခွင့်တစ်ခုကိုရရှိ မည်ဖြစ်သည်။
ပညတ်တော်အတိုင်း ဆောင်ရွက်သော ယဇ်ပုရောဟိတ်သည် သွေးစွန်းသောလူ၏အနာကို မကုပေးနိုင်ပါ။
အခမ်းအနားများကို ဆောင်ရွက်သော လေ၀ိလူသည် ဓားပြနှင့်တွေ့သောသူအား အနာရောဂါမငြိမ်းစေနိုင်ပါ။
ကိုယ်ချင်းစာခြင်းနှင့် မေတ္တာကိုပြသော ကောင်း သောရှမာရိသာ ထိုသူ၏အနာကိုငြိမ်းစေနိုင်ကာ စစ်မှန်သော
ကိုယ်နှင့်စပ်ဆိုင်သောသူဖြစ်လာမည်။
ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း ပြည့်ဝကာ
ဓားပြနှင့်တွေ့သောသူများကို ပြုစုကြရန်ဖြစ်သည်။ သူတို့၏အနာရောဂါကို ငြိမ်းစေကြရန်ဖြစ်သည်။ ကိုယ့်ကိုယ်ကို
ပေးဆပ်ခြင်းဖြင့်၎င်း၊ ချစ်ခြင်းမေတ္တာဖြင့်၎င်း ကျွန်ုပ် တို့သည် ထပ်ဆင့်၍ အပိုငွေကို သုံးကြရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည်
သူနှင့်စစ်မှန်သော အိမ်နီးနားချင်းကောင်းဖြစ်လာကြရန် ဖြစ်သည်။
ထိုသို့ ပြုလုပ်ကြသောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အစေခံခြင်းကို အဆတစ်ရာ၊ ခြောဆယ်၊ သုံးဆယ်
စသည်ဖြင့် ပြန် ပေးမည်ဖြစ်သည်။ ထို့နောက် ယေရှု၏စံနမူနာကို လိုက်ပြီး မြင့်မြတ်သော အသက်တာ၌
အသက်ရှင်နိုင်ကြမည်ဖြစ်ပါသည်။
x x x x x x x x x x x x x x x x x x
## အသက်တာနှင့် နားလည်သိတတ်မှု ##
]]}} ဒေါက်တာဒေးဗစ်ယုံကီချို {{[[

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့