ယုံကြည်ခြင်းကိုဆန်းစစ်ခြင်း (၅)

ဟေဗြဲ၊ ၆း၁၀
၁၀ အကြောင်းမူကား၊ သင်တို့သည် သန့်ရှင်းသူတို့ ကို အထက်ကလုပ်ကျွေးသည်သာမက၊ ယခုပင်လုပ်ကျွေးခြင်းအမှုကို၎င်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကို ထောက်၍ပြသော မေတ္တာကို၎င်း၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မူ သည်မဟုတ်။
+ + + + + + + + +
ယာကုပ်၊ ၁း၁၂
၁၂ စုံစမ်းနှောင့်ရှက်ခြင်းကိုသည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်း ခြင်းကို ခံပြီးမှ သခင်ဘုရားကိုချစ်သောသူတို့အား ဂတိထားတော်မူသော အသက်သရဖူကိုရလိမ့်မည်။
+ + + + + + + + + 
ဟေရှာယ၊ ၄၁း၁၀
၁၀ မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ ဘုရားသခင် ငါသည်သင့်ကိုခိုင်ခံ့စေမည်။ သင့်ကိုစောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။
+ + + + + + + + +
ဟဗက္ကုက်၊ ၃း၁၇-၁၈
၁၇ သင်္ဘောသဖန်းပင်မပွင့်ရ၊ စပျစ်ပင် မသီးရ၊ သံလွင်ပင်၏ ကျေးဇူးကိုမြော်လင့်၍မခံရ၊ လယ်တို့သည် အသီးအနှံကို မပေးရ၊ သိုးခြံ၌သိုးကုန်း၍ တင်းကုပ်၌ နွားမရှိရ။
၁၈ သို့သော်လည်း၊ ထာဝရဘုရား၌ ငါဝမ်းမြောက်၍၊ ငါ့ကိုကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြုလျက် ရွှင်လန်းမည်။


Comments

Popular posts from this blog

သင်၏တဲရာကို ကျယ်စေလော့

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ (၃)