ရွံဆုန္ ၂

Zawgyi -

တရားသူႀကီးမွတ္စာ ၁၄
  1. တရံေရာအခါ၊ ရွံဆုန္သည္ တိမနတ္ၿမိဳ႕သို႔ သြား၍၊ ထိုၿမိဳ႕၌ ဖိလိတၱိအမ်ိဳးျဖစ္ေသာ မိန္းမတေယာက္ကို ျမင္လၽွင္၊ 
  2. မိဘထံသို႔ ျပန္လာ၍၊ တိမနတ္ၿမိဳ႕၌ ဖိလိတၱိအမ်ိဳးျဖစ္ေသာ မိန္းမတေယာက္ကို ျမင္ခဲ့ၿပီ။ ကၽြန္ုပ္ ၾကင္ဘက္ျဖစ္ဘို႔ရာ ေတာင္း၍ ေပးပါဟုဆိုေသာ္၊ 
  3. မိဘတို႔က၊ သင္သည္ အေရဖ်ားလွီးျခင္းကို မခံေသာ ဖိလိတၱိလူတို႔တြင္ မယားကို သြား၍ ယူရမည္ အေၾကာင္း၊ သင္၏ညီအစ္ကိုသမီး ငါတို႔အမ်ိဳးသားခ်င္းသမီးတို႔တြင္ မိန္းမတေယာက္မၽွ မရွိေလာဟု ဆိုေသာ္လည္း၊ ရွံဆုန္က၊ ထိုမိန္းမကို ေတာင္း၍ ေပးပါ။ အလြန္ႏွစ္သိမ့္ပါသည္ဟု အဘအား ေျပာဆို၏။ 
  4. ထာဝရဘုရားစီရင္ေတာ္မူေသာအားျဖင့္၊ ရွံဆုန္သည္ ဖိလိတၱိလူတို႔၌ အမွုရွာေၾကာင္းကို မိဘတို႔သည္ မရိပ္မိၾက။ ထိုကာလ၌ ဖိလိတၱိလူတို႔သည္ ဣသေရလအမ်ိဳးကို အုပ္စိုးသတည္း။ 
  5. ထိုအခါ ရွံဆုန္သည္ မိဘႏွင့္တကြ တိမနတ္ၿမိဳ႕သို႔ သြား၍၊ တိမနတ္စပ်စ္ဥယ်ာဥ္မ်ားသို႔ ေရာက္လၽွင္၊ ျခေသၤ့ပ်ိဳတေကာင္သည္ သူ႔ကိုေတြ႕၍ ေဟာက္ေလ၏။ 
  6. ထိုအခါ ရွံဆုန္လက္၌ တစုံတခုမၽွ မပါေသာ္လည္း၊ ထာဝရဘုရား၏ ဝိညာဥ္ေတာ္သည္ သူ႔အေပၚမွာ သက္ေရာက္သျဖင့္၊ သူသည္ ဆိတ္သငယ္ကို ဆြဲျဖတ္သကဲ့သို႔ ထိုျခေသၤ့ကို ဆြဲျဖတ္၏။ သို႔ရာတြင္ မိမိျပဳေသာ အမွုကို မိဘတို႔အား မၾကားမေျပာဘဲ ေန၏။ 
  7. ၿမိဳ႕သို႔ ေရာက္၍ မိန္းမႏွင့္ ႏွုတ္ဆက္သျဖင့္ ရွံဆုန္သည္ ႏွစ္သိမ့္၏။ 
  8. အခ်ိန္ေစ့၍ ထိုမိန္းမကို သိမ္းယူျခင္းငွါ သြားစဥ္အခါ၊ ျခေသၤ့အေကာင္ကို ၾကည့္ရွုအံ့ေသာငွါ၊ လမ္းမွ လႊဲသြား၍ ျခေသၤ့အေကာင္ထဲမွာ ပ်ားအုံႏွင့္ ပ်ားရည္ရွိသည္ကို ေတြ႕ျမင္လၽွင္၊
  9.  ႏႈိက္ယူ၍စားလ်က္ ခရီးသြားေလ၏။ မိဘထံသို႔ ေရာက္ေသာ္ ေပး၍ သူတို႔သည္လည္း စားၾက၏။ သို႔ရာတြင္ ထိုပ်ားရည္ကို ျခေသၤ့အေကာင္ထဲက ႏွိုက္ယူေၾကာင္းကို မၾကားမေျပာဘဲ ေန၏။
  10. အဘသည္လည္း၊ မိန္းမေနရာအရပ္သို႔ သြားျပန္၍ ရွံဆုန္သည္ လူပ်ိဳထုံးစံအတိုင္း ပြဲလုပ္ေလ၏။ 
  11. ထိုအရပ္သားတို႔သည္ ရွံဆုန္ကို ျမင္ေသာအခါ၊ သူႏွင့္အတူ ပြဲခံျခင္းငွါ အေပါင္းအေဘာ္သုံးဆယ္တို႔ကို ေခၚခဲ့ၾက၏။ 
  12. ရွံဆုန္ကလည္း၊ သင္တို႔အား စကားဝွက္ကို ငါေျပာမည္။ ပြဲခံရာခုနစ္ရက္တြင္ ေဘာ္ျပနိုင္လၽွင္ ျခဳံထည္ သုံးဆယ္၊ အကၤ်ီသုံးဆယ္ကို ငါေပးမည္။ 
  13. မေဘာ္မျပနိုင္လၽွင္ သင္တို႔သည္ ျခဳံထည္သုံးဆယ္၊ အကၤ်ီသုံးဆယ္ကို ငါ့အား ေပးရမည္ဟုဆိုေသာ္ သူတို႔က၊ သင့္စကားဝွက္ကို ငါတို႔အား ၾကားေျပာပါဟု ဝန္ခံၾက၏။ 
  14. ရွံဆုန္ကလည္း၊ စားတတ္ေသာသူ၏အထဲက အစာ၊ သန္စြမ္းေသာ သူ၏အထဲက အခ်ိဳထြက္ေလစြဟု ဆို၏။ ထိုစကားဝွက္အနက္ကို သူတို႔သည္ သုံးရက္ပတ္လုံးရွာ၍ မေတြ႕နိုင္ၾက။ 
  15. စတုတၳေန႔ေရာက္မွ၊ သူတို႔က၊ သင္၏လင္သည္ စကားဝွက္အနက္ကို ေဘာ္ျပေစျခင္းငွါ သူ႔ကို ေခ်ာ့ေမာ့ ရမည္။ သို႔မဟုတ္ သင္ႏွင့္တကြ သင့္အေဆြအမ်ိဳးကို မီးရွို႔မည္။ ငါတို႔ဥစၥာကို လုယူျခင္းငွါ ငါတို႔ကို ေခၚဘိတ္သေလာဟု ရွံဆုန္၏ မယားကို ဆိုေသာေၾကာင့္၊ 
  16. သူသည္ လင္ေရွ႕မွာ ငိုေႂကြး၍ သင္သည္ ငါ့ကို မခ်စ္ မုန္းပါ၏။ ငါ့အမ်ိဳးသားခ်င္းတို႔အား စကားဝွက္ကို ေျပာေသာ္လည္း၊ အနက္ကို ငါ့အား မျပပါတကားဟု ဆို၏။ ရွံဆုန္ကလည္း၊ ငါသည္ ကိုယ္မိဘကိုမၽွ မျပဘဲ သင့္အား ျပရမည္ေလာဟုဆိုေသာ္လည္း၊ 
  17. ပြဲခံရာခုနစ္ရက္ေစ့ေအာင္ လင္ေရွ႕မွာ ငိုေႂကြး၍ ခုနစ္ရက္ေျမာက္ေသာ ေန႔၌ အလြန္ပူဆာေသာ ေၾကာင့္ အနက္ကို ေဘာ္ျပ၏။ မိန္းမသည္လည္း အမ်ိဳးသားခ်င္းတို႔အား ျပန္ေျပာေလ၏။ 
  18. ၿမိဳ႕သားတို႔သည္ ခုနစ္ရက္ေျမာက္ေသာေန႔ ေနမဝင္မွီလာ၍ ပ်ားရည္ထက္ အဘယ္အရာ ခ်ိဳသနည္း။ ျခေသၤ့ထက္ အဘယ္အရာ သန္စြမ္းသနည္းဟု ေဘာ္ျပၾက၏။ ရွံဆုန္ကလည္း၊ သင္တို႔သည္ ငါ့ႏြားမပ်ိဳ ႏွင့္ မထြန္လၽွင္ ငါ့စကားဝွက္အနက္ကို ရွာ၍ မေတြ႕ဟုဆို၏။ 
  19. ထာဝရဘုရား၏ဝိညာဥ္ေတာ္သည္ ရွံဆုန္အေပၚမွာ သက္ေရာက္သျဖင့္၊ သူသည္ အာရွေကလုန္ၿမိဳ႕ သို႔ သြား၍ ၿမိဳ႕သားသုံးဆယ္ကို သတ္ၿပီးမွ သူတို႔ဥစၥာကို လုယူ၍ စကားဝွက္အနက္ကို ေဘာ္ျပေသာ သူတို႔အား အဝတ္စုံတို႔ကို ေပးၿပီးမွ၊ အမ်က္ထြက္၍ မိမိအဘအိမ္သို႔ ျပန္သြားေလ၏။ 
  20. မယားကို ကားရွံဆုန္ေပါင္းေဘာ္ေသာ အေဆြခင္ပြန္းအား ေပးစားသတည္း။

Unicode -

တရားသူကြီးမှတ်စာ ၁၄

  1. တရံရောအခါ၊ ရှံဆုန်သည် တိမနတ်မြို့သို့ သွား၍၊ ထိုမြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတယောက်ကို မြင်လျှင်၊ 
  2. မိဘထံသို့ ပြန်လာ၍၊ တိမနတ်မြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတယောက်ကို မြင်ခဲ့ပြီ။ ကျွန်ုပ် ကြင်ဘက်ဖြစ်ဘို့ရာ တောင်း၍ ပေးပါဟုဆိုသော်၊ 
  3. မိဘတို့က၊ သင်သည် အရေဖျားလှီးခြင်းကို မခံသော ဖိလိတ္တိလူတို့တွင် မယားကို သွား၍ ယူရမည် အကြောင်း၊ သင်၏ညီအစ်ကိုသမီး ငါတို့အမျိုးသားချင်းသမီးတို့တွင် မိန်းမတယောက်မျှ မရှိလောဟု ဆိုသော်လည်း၊ ရှံဆုန်က၊ ထိုမိန်းမကို တောင်း၍ ပေးပါ။ အလွန်နှစ်သိမ့်ပါသည်ဟု အဘအား ပြောဆို၏။ 
  4. ထာဝရဘုရားစီရင်တော်မူသောအားဖြင့်၊ ရှံဆုန်သည် ဖိလိတ္တိလူတို့၌ အမှုရှာကြောင်းကို မိဘတို့သည် မရိပ်မိကြ။ ထိုကာလ၌ ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို အုပ်စိုးသတည်း။ 
  5. ထိုအခါ ရှံဆုန်သည် မိဘနှင့်တကွ တိမနတ်မြို့သို့ သွား၍၊ တိမနတ်စပျစ်ဥယျာဉ်များသို့ ရောက်လျှင်၊ ခြင်္သေ့ပျိုတကောင်သည် သူ့ကိုတွေ့၍ ဟောက်လေ၏။ 
  6. ထိုအခါ ရှံဆုန်လက်၌ တစုံတခုမျှ မပါသော်လည်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူသည် ဆိတ်သငယ်ကို ဆွဲဖြတ်သကဲ့သို့ ထိုခြင်္သေ့ကို ဆွဲဖြတ်၏။ သို့ရာတွင် မိမိပြုသော အမှုကို မိဘတို့အား မကြားမပြောဘဲ နေ၏။ 
  7. မြို့သို့ ရောက်၍ မိန်းမနှင့် နှုတ်ဆက်သဖြင့် ရှံဆုန်သည် နှစ်သိမ့်၏။ 
  8. အချိန်စေ့၍ ထိုမိန်းမကို သိမ်းယူခြင်းငှါ သွားစဉ်အခါ၊ ခြင်္သေ့အကောင်ကို ကြည့်ရှုအံ့သောငှါ၊ လမ်းမှ လွှဲသွား၍ ခြင်္သေ့အကောင်ထဲမှာ ပျားအုံနှင့် ပျားရည်ရှိသည်ကို တွေ့မြင်လျှင်၊
  9.  နှိုက်ယူ၍စားလျက် ခရီးသွားလေ၏။ မိဘထံသို့ ရောက်သော် ပေး၍ သူတို့သည်လည်း စားကြ၏။ သို့ရာတွင် ထိုပျားရည်ကို ခြင်္သေ့အကောင်ထဲက နှိုက်ယူကြောင်းကို မကြားမပြောဘဲ နေ၏။
  10. အဘသည်လည်း၊ မိန်းမနေရာအရပ်သို့ သွားပြန်၍ ရှံဆုန်သည် လူပျိုထုံးစံအတိုင်း ပွဲလုပ်လေ၏။ 
  11. ထိုအရပ်သားတို့သည် ရှံဆုန်ကို မြင်သောအခါ၊ သူနှင့်အတူ ပွဲခံခြင်းငှါ အပေါင်းအဘော်သုံးဆယ်တို့ကို ခေါ်ခဲ့ကြ၏။ 
  12. ရှံဆုန်ကလည်း၊ သင်တို့အား စကားဝှက်ကို ငါပြောမည်။ ပွဲခံရာခုနစ်ရက်တွင် ဘော်ပြနိုင်လျှင် ခြုံထည် သုံးဆယ်၊ အင်္ကျီသုံးဆယ်ကို ငါပေးမည်။ 
  13. မဘော်မပြနိုင်လျှင် သင်တို့သည် ခြုံထည်သုံးဆယ်၊ အင်္ကျီသုံးဆယ်ကို ငါ့အား ပေးရမည်ဟုဆိုသော် သူတို့က၊ သင့်စကားဝှက်ကို ငါတို့အား ကြားပြောပါဟု ဝန်ခံကြ၏။ 
  14. ရှံဆုန်ကလည်း၊ စားတတ်သောသူ၏အထဲက အစာ၊ သန်စွမ်းသော သူ၏အထဲက အချိုထွက်လေစွဟု ဆို၏။ ထိုစကားဝှက်အနက်ကို သူတို့သည် သုံးရက်ပတ်လုံးရှာ၍ မတွေ့နိုင်ကြ။ 
  15. စတုတ္ထနေ့ရောက်မှ၊ သူတို့က၊ သင်၏လင်သည် စကားဝှက်အနက်ကို ဘော်ပြစေခြင်းငှါ သူ့ကို ချော့မော့ ရမည်။ သို့မဟုတ် သင်နှင့်တကွ သင့်အဆွေအမျိုးကို မီးရှို့မည်။ ငါတို့ဥစ္စာကို လုယူခြင်းငှါ ငါတို့ကို ခေါ်ဘိတ်သလောဟု ရှံဆုန်၏ မယားကို ဆိုသောကြောင့်၊ 
  16. သူသည် လင်ရှေ့မှာ ငိုကြွေး၍ သင်သည် ငါ့ကို မချစ် မုန်းပါ၏။ ငါ့အမျိုးသားချင်းတို့အား စကားဝှက်ကို ပြောသော်လည်း၊ အနက်ကို ငါ့အား မပြပါတကားဟု ဆို၏။ ရှံဆုန်ကလည်း၊ ငါသည် ကိုယ်မိဘကိုမျှ မပြဘဲ သင့်အား ပြရမည်လောဟုဆိုသော်လည်း၊ 
  17. ပွဲခံရာခုနစ်ရက်စေ့အောင် လင်ရှေ့မှာ ငိုကြွေး၍ ခုနစ်ရက်မြောက်သော နေ့၌ အလွန်ပူဆာသော ကြောင့် အနက်ကို ဘော်ပြ၏။ မိန်းမသည်လည်း အမျိုးသားချင်းတို့အား ပြန်ပြောလေ၏။ 
  18. မြို့သားတို့သည် ခုနစ်ရက်မြောက်သောနေ့ နေမဝင်မှီလာ၍ ပျားရည်ထက် အဘယ်အရာ ချိုသနည်း။ ခြင်္သေ့ထက် အဘယ်အရာ သန်စွမ်းသနည်းဟု ဘော်ပြကြ၏။ ရှံဆုန်ကလည်း၊ သင်တို့သည် ငါ့နွားမပျို နှင့် မထွန်လျှင် ငါ့စကားဝှက်အနက်ကို ရှာ၍ မတွေ့ဟုဆို၏။ 
  19. ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ်မှာ သက်ရောက်သဖြင့်၊ သူသည် အာရှကေလုန်မြို့ သို့ သွား၍ မြို့သားသုံးဆယ်ကို သတ်ပြီးမှ သူတို့ဥစ္စာကို လုယူ၍ စကားဝှက်အနက်ကို ဘော်ပြသော သူတို့အား အဝတ်စုံတို့ကို ပေးပြီးမှ၊ အမျက်ထွက်၍ မိမိအဘအိမ်သို့ ပြန်သွားလေ၏။ 
  20. မယားကို ကားရှံဆုန်ပေါင်းဘော်သော အဆွေခင်ပွန်းအား ပေးစားသတည်း။

Comments

Popular posts from this blog

ဘုရားသခင္ကို ခ်ီးမြမ္းသည့္အသက္တာ

ေယာသပ္ကို ကၽြန္အျဖစ္ေရာင္းစားခံရျခင္း

သင္၏တဲရာကို က်ယ္ေစေလာ့