ဖန်ဆင်းခြင်း ၂
ကမ္ဘာဦးကျမ်း ၂း ၁-၎
၁ ထိုသို့ ကောင်းကင် မြေကြီးနှင့်တကွ၊ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။-
၂ သတ္တမနေ့ရက်ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။-
၃ ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာ အလုံးစုံတို့သည် ပြီးစီးသောကြောင့်၊ ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။
၎ ဤအကြောင်းအရာကား၊ ထာဝရအရှင်ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသောနေ့၊ ဖန်ဆင်းရာကာလ၌ ကောင်းကင်နှင့်မြေကြီး၏မူလအတ္ထုပတ္တိပေတည်း။-
==>> ကမ္ဘာဦးကျမ်း ၁
==>> သမ္မာကျမ်းစာဇာတ်လမ်းများ

Comments