ေယာသပ္ကို ကၽြန္အျဖစ္ေရာင္းစားခံရျခင္း

ကမၻာဦးက်မ္း ၃၇

  1. ယာကုပ္သည္ မိမိအဘတည္းခိုရာ ခါနာန္ျပည္ ၌ေန၏။ 
  2. ယာကုပ္ အမ်ိဳးအႏြယ္၏ အတၳဳပၸတၱိမ်ား ဟူမူကား၊ ေယာသပ္သည္ အသက္တဆယ္ခုနစ္ႏွစ္ရွိ၍၊ အစ္ကိုတို႔ႏွင့္အတူ သိုးဆိတ္မ်ားကို ထိန္းေလ၏။ အဘ ၏မယား ဗိလဟာႏွင့္ ဇိလပ၏သားတို႔ႏွင့္အတူ ေန၍၊ သူတို႔အျပစ္ကို အဘအား ၾကားေျပာတတ္၏။ 
  3. ဣသေရလသည္ အသက္ႀကီးစဥ္အခါသား ေယာသပ္ကို ရေသာေၾကာင့္၊ အျခားေသာ သားအေပါင္း တို႔ကို ခ်စ္သည္ထက္ ေယာသပ္ကို သာ၍ခ်စ္၏။ အဆင္းအေရာင္ထူးျခားေသာ အကၤ်ီကို ခ်ဳပ္၍ ေပး၏။ 
  4. အဘသည္ မိမိသားအေပါင္းတို႔တြင္၊ ေယာသပ္ ကိုသာ၍ ခ်စ္ေၾကာင္းကို၊ အစ္ကိုတို႔သည္ သိျမင္ေသာ အခါ၊ သူ႔ကိုမုန္း၍ ေမတၱာစကားကို သူ႔အား မေျပာ နိုင္ၾက။
  5. ေယာသပ္သည္ အိပ္မက္ကို ျမင္၍၊ အစ္ကို တို႔အား ျပန္ေျပာသျဖင့္၊ သူတို႔သည္ သာ၍မုန္းၾက၏။ 
  6. အိပ္မက္ကို အဘယ္သို႔ ျပန္ေျပာသနည္းဟူမူ ကား၊ ကၽြန္ုပ္ျမင္ရေသာ အိပ္မက္ကို နားေထာင္ၾကပါ ေလာ့။ ကၽြန္ုပ္တို႔သည္ လယ္၌ေကာက္လွိုင္းကို စည္း၍ ေနၾကစဥ္တြင္၊ ကၽြန္ုပ္ ေကာက္လွိုင္းသည္ ထ၍ မတ္တတ္ေနသျဖင့္၊ သင္တို႔၏ ေကာက္လွိုင္းတို႔သည္ ဝိုင္း၍ရပ္လ်က္၊ ကၽြန္ုပ္ေကာက္လွိုင္းကို ရွိခိုးၾကသည္ဟု ေျပာဆိုေလ၏။ 
  7. အစ္ကိုတို႔ကလည္း၊ သင္သည္ ငါတို႔၌ မင္းျပဳ ရလိမ့္မည္ေလာ၊ ငါတို႔ကို အစိုးရလိမ့္မည္ေလာဟု ျပန္ဆို ၍၊ သူ၏အိပ္မက္ႏွင့္ သူ၏စကားအေၾကာင္းေၾကာင့္ သာ၍မုန္းၾက၏။
  8. တဖန္အိပ္မက္ကိုျမင္ျပန္၍ အစ္ကိုတို႔အား၊ အျခားေသာ အိပ္မက္ကို ကၽြန္ုပ္ျမင္ရၿပီ။ ေန၊ လႏွင့္တကြ၊ ၾကယ္ဆယ္တလုံးတို႔သည္၊ ကၽြန္ုပ္ကိုရွိခိုးၾက၏ဟု ၾကား ေျပာေလ၏။ 
  9. ထိုသို႔အဘႏွင့္ အစ္ကိုတို႔အား ၾကားေျပာေသာ အခါ၊ အဘက၊ သင္ျမင္ေသာအိပ္မက္သည္ အဘယ္သို႔ နည္း။ ငါႏွင့္သင္၏အမိ၊ သင္၏ အစ္ကိုတို႔သည္ သင့္ထံ သို႔ စင္စစ္လာ၍ ဦးညႊတ္ခ်ရမည္ေလာဟူ၍၊ သူ႔ကို ဆုံးမ ေလ၏။ 
  10. အစ္ကိုတို႔သည္ သူ႔ကိုျငဴစူၾက၏။ အဘသည္ ထိုအရာကို မွတ္ေလ၏။
  11. အစ္ကိုတို႔သည္ အဘ၏သိုးဆိတ္မ်ားကို ေရွခင္ ၿမိဳ႕မွာ ထိန္းျခင္းငွါ သြားၾက၏။ 
  12. ဣသေရလသည္ ေယာသပ္ကိုေခၚ၍၊ သင္၏ အစ္ကိုတို႔သည္ သိုးဆိတ္မ်ားကို ေရွခင္ၿမိဳ႕မွာ ထိန္းၾက သည္ မဟုတ္ေလာ။ လာပါ။ သင့္ကို သူတို႔ရွိရာသို႔ ငါ ေစလႊတ္မည္ဟုေခၚလၽွင္၊ ကၽြန္ုပ္ရွိပါသည္ဟုဆိုေသာ္၊ 
  13. အဘကသြားပါ၊ အစ္ကိုတို႔သည္ ခ်မ္းသာ သေလာ၊ သိုးဆိတ္တို႔လည္း ေကာင္းမြန္စြာရွိသေလာ ဟူ၍ ၾကည့္ရွုၿပီးလၽွင္၊ ငါ့အားသိတင္းၾကားေျပာပါဟု မွာလိုက္လ်က္၊ ေဟျဗဳန္ခ်ိဳင့္မွ ေစလႊတ္သျဖင့္၊သူသည္ ေရွခင္ၿမိဳ႕သို႔ ေရာက္ေလ၏။ 
  14. ေတာ၌လွည့္လည္စဥ္တြင္၊ တစုံတေယာက္ ေသာသူႏွင့္ေတြ႕၍ ထိုသူက၊ သင္သည္ ဘာကိုရွာသနည္း ဟု ေမးလၽွင္၊ 
  15. အစ္ကိုမ်ားကို ရွာ၏။ အဘယ္မွာထိန္းၾကသည္ ကို ေျပာပါဟုဆိုေသာ္၊ 
  16. ထိုသူက၊ ဤအရပ္မွထြက္သြားၿပီ။ ေဒါသန္ၿမိဳ႕သို႔ သြားၾကစို႔ဟု သူတို႔ေျပာသံကို ကၽြန္ုပ္ၾကားခဲ့ၿပီဟုဆို၏။ေယာသပ္သည္လည္း၊ အစ္ကိုတို႔ကို လိုက္ရွာ၍ ေဒါသန္ ၿမိဳ႕မွာ ေတြ႕ေလ၏။
  17. အနီးသို႔မေရာက္မွီ အေဝး၌ရွိစဥ္ပင္၊ အစ္ကို တို႔သည္ျမင္လၽွင္၊ သတ္ျခင္းငွါတိုင္ပင္လ်က္၊ 
  18. ၾကည့္ေလာ့။ အိပ္မက္ဆရာလာၿပီ။ 
  19. ကိုင္ၾက။ သူ႔ကိုသတ္၍ တစုံတခုေသာ တြင္းထဲ သို႔ ခ်ပစ္ၾကစို႔။ ဆိုးေသာသားရဲတစုံတခုကိုက္စားၿပီဟု ေျပာၾကစို႔။ ထိုသို႔ျပဳလၽွင္၊ သူ၏ အိပ္မက္တို႔သည္ အဘယ္သို႔ေနရာက်မည္ကို ၾကည့္ၾကစို႔ဟု အခ်င္းခ်င္း ေျပာဆိုၾက၏။ 
  20. ထိုစကားကို ႐ုဗင္ၾကားလၽွင္၊ သူ႔ကို မသတ္ဘဲ ေနၾကစို႔ဟုဆိုလ်က္၊ သူတို႔လက္မွ ေယာသပ္ကို ႏွုတ္ ေလ၏။ 
  21. တဖတ္ ႐ုဗင္က၊ သူ၏အေသြးကို မသြန္းၾကႏွင့္။ ကိုယ္လက္ႏွင့္မျပဳဘဲ၊ ေတာ၌ ဤမည္ေသာတြင္းထဲသို႔ ခ်ၾကစို႔ဟု သူတို႔လက္မွ ေယာသပ္ကို ႏွုတ္ယူ၍၊ အဘ၌ တဖန္ အပ္မည္အႀကံရွိသည္ႏွင့္ဆိုေလ၏။
  22. ေယာသပ္သည္ အစ္ကိုတို႔ထံသို႔ ေရာက္ေသာ အခါ၊ သူဝတ္ေသာအကၤ်ီ၊ အဆင္း ထူးျခားေသာအကၤ်ီကို ခၽြတ္ၿပီးမွ၊ 
  23. သူ႔ကိုကိုင္ယူ၍ တြင္းထဲသို႔ ခ်ၾက၏။ထိုတြင္း၌ ေရမရွိ၊ ေသြ႕ေျခာက္ေသာတြင္း ျဖစ္သတည္း။ 
  24. ထိုေနာက္ အစာစားျခင္းငွါ ထိုင္ၾကစဥ္ ေျမာ္ၾကည့္၍၊ ဣရွေမလအမ်ိဳးသား အစုအေဝးသည္ ဂိလဒ္ျပည္မွလာ၍ နံ့သာမ်ိဳး၊ ဗာလစံေစး၊ မုရန္ေစးမ်ား ကို ကုလားအုပ္ေပၚ၌ တင္ေဆာင္လ်က္၊ အဲဂုတၱဳျပည္သို႔ ခရီးသြားၾကသည္ကိုျမင္လၽွင္၊ 
  25. ယုဒက၊ ငါတို႔သည္ ညီကိုသတ္၍ေသေၾကာင္းကို ဖြက္ထားလၽွင္ အဘယ္ေက်းဇူးရွိသနည္း။ 
  26. ကိုင္ၾက။ ကိုယ္တိုင္မညႇဥ္းဆဲဘဲ၊ ဣရွေမလ လူတို႔အား ေရာင္းလိုက္ၾကစို႔။ သူသည္ တို႔ညီ၊ တို႔အမ်ိဳး ျဖစ္၏ဟု အစ္ကိုတို႔အားဆိုသည္ရွိေသာ္၊ ညီအစ္ကိုတို႔ သည္ ဝန္ခံၾက၏။ 
  27. ထိုအခါ၊ မိဒ်န္အမ်ိဳးသား ကုန္သည္တို႔သည္ ခရီးသြားၾကစဥ္တြင္၊ အစ္ကိုတို႔သည္ ေယာသပ္ကို တြင္း ထဲက ဆြဲတင္ၿပီးလ်င္၊ ေငြအက်ပ္ႏွစ္ ဆယ္အဘိုးႏွင့္ ဣရွေမလလူတို႔အား ေရာင္း၍၊ ထိုသူတို႔သည္ ေယာသပ္ ကိုအဲဂုတၱဳျပည္သို႔ ေဆာင္သြားၾက၏။
  28. ႐ုဗင္သည္လည္း တြင္းသို႔သြား၍၊ တြင္းထဲမွာ ေယာသပ္မရွိသည္ကို ျမင္လ်င္၊ မိမိအဝတ္ကို ဆြဲဆုတ္ လ်က္၊ ညီတို႔ရွိရာသို႔ သြား၍၊ သူငယ္မရွိပါတကား။ ငါသည္ အဘယ္သို႔ သြားရပါ မည္နည္းဟု ဆိုေလ၏။ 
  29. သူတို႔သည္လည္း၊ ေယာသပ္အကၤ်ီကိုယူ၍၊ ဆိတ္သငယ္ကို သတ္ၿပီးမွ၊ အကၤ်ီကိုအေသြး၌ ႏွစ္ေလ၏။ 
  30. ထိုေနာက္မွ၊ အဆင္းထူးျခားေသာ ထိုအကၤ်ီကို ေပးလိုက္၍၊ အခ်ိဳ႕တို႔သည္ အဘထံသို႔ေဆာင္ခဲ့လ်က္၊ ဤအကၤ်ီကို အကၽြန္ုပ္တို႔ ေတြ႕ပါၿပီ။ သား၏အကၤ်ီ ဟုတ္သည္ မဟုတ္သည္ကို ၾကည့္ပါဟုဆိုလၽွင္၊ 
  31. ထိုအကၤ်ီကို အဘမွတ္မိ၍၊ ငါ့သား၏ အကၤ်ီ မွန္၏။ သူ႔ကိုဆိုးေသာ သားရဲကိုက္စားၿပီ။ အကယ္၍ ေယာသပ္ကိုအပိုင္းပိုင္းကိုက္ျဖတ္ပါၿပီတကားဟုဆိုလ်က္၊ 
  32. မိမိအဝတ္ကို ဆြဲဆုတ္၍၊ ေလၽွာ္ေတအဝတ္ကို ပတ္စည္းသျဖင့္၊ အင္တန္ကာလပတ္လုံး၊ သားေၾကာင့္ စိတ္မသာ ညည္းတြားလ်က္ ေနေလ၏။ 
  33. သားသမီးအေပါင္းတို႔သည္၊ အဘကို ႏွစ္သိမ့္ ေစျခင္းငွါ ႀကိဳးစားေသာ္လည္း၊ သူသည္ ႏွစ္သိမ့္ေစေသာ စကားကို နားမေထာင္ဘဲ၊ ငါ့သားရွိရာ မရဏာနိုင္ငံသို႔ စိတ္မသာညည္းတြားလ်က္ ဆင္းသက္ေတာ့မည္ဟု ဆိုေလ၏။ ထိုသို႔ေယာသပ္အဘသည္ သားေၾကာင့္ ငိုေႂကြးျမည္တမ္းလ်က္ ေနေလ၏။ 
  34. ေယာသပ္ကိုကား၊ မိဒ်န္လူတို႔သည္ အဲဂုတၱဳျပည္ သို႔ ေဆာင္သြား၍၊ ဖါေရာဘုရင္၏ အမတ္ျဖစ္ေသာ ကိုယ္ရံေတာ္မွူး၊ ေပါတိဖါထံမွာ ေရာင္းၾက၏။
>>> Zawgyi

ကမၻာဦးက်မ္း ၃၇
  1. ယာကုပ်သည် မိမိအဘတည်းခိုရာ ခါနာန်ပြည် ၌နေ၏။ 
  2. ယာကုပ် အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများ ဟူမူကား၊ ယောသပ်သည် အသက်တဆယ်ခုနစ်နှစ်ရှိ၍၊ အစ်ကိုတို့နှင့်အတူ သိုးဆိတ်များကို ထိန်းလေ၏။ အဘ ၏မယား ဗိလဟာနှင့် ဇိလပ၏သားတို့နှင့်အတူ နေ၍၊ သူတို့အပြစ်ကို အဘအား ကြားပြောတတ်၏။ 
  3. ဣသရေလသည် အသက်ကြီးစဉ်အခါသား ယောသပ်ကို ရသောကြောင့်၊ အခြားသော သားအပေါင်း တို့ကို ချစ်သည်ထက် ယောသပ်ကို သာ၍ချစ်၏။ အဆင်းအရောင်ထူးခြားသော အင်္ကျီကို ချုပ်၍ ပေး၏။ 
  4. အဘသည် မိမိသားအပေါင်းတို့တွင်၊ ယောသပ် ကိုသာ၍ ချစ်ကြောင်းကို၊ အစ်ကိုတို့သည် သိမြင်သော အခါ၊ သူ့ကိုမုန်း၍ မေတ္တာစကားကို သူ့အား မပြော နိုင်ကြ။
  5. ယောသပ်သည် အိပ်မက်ကို မြင်၍၊ အစ်ကို တို့အား ပြန်ပြောသဖြင့်၊ သူတို့သည် သာ၍မုန်းကြ၏။ 
  6. အိပ်မက်ကို အဘယ်သို့ ပြန်ပြောသနည်းဟူမူ ကား၊ ကျွန်ုပ်မြင်ရသော အိပ်မက်ကို နားထောင်ကြပါ လော့။ ကျွန်ုပ်တို့သည် လယ်၌ကောက်လှိုင်းကို စည်း၍ နေကြစဉ်တွင်၊ ကျွန်ုပ် ကောက်လှိုင်းသည် ထ၍ မတ်တတ်နေသဖြင့်၊ သင်တို့၏ ကောက်လှိုင်းတို့သည် ဝိုင်း၍ရပ်လျက်၊ ကျွန်ုပ်ကောက်လှိုင်းကို ရှိခိုးကြသည်ဟု ပြောဆိုလေ၏။ 
  7. အစ်ကိုတို့ကလည်း၊ သင်သည် ငါတို့၌ မင်းပြု ရလိမ့်မည်လော၊ ငါတို့ကို အစိုးရလိမ့်မည်လောဟု ပြန်ဆို ၍၊ သူ၏အိပ်မက်နှင့် သူ၏စကားအကြောင်းကြောင့် သာ၍မုန်းကြ၏။
  8. တဖန်အိပ်မက်ကိုမြင်ပြန်၍ အစ်ကိုတို့အား၊ အခြားသော အိပ်မက်ကို ကျွန်ုပ်မြင်ရပြီ။ နေ၊ လနှင့်တကွ၊ ကြယ်ဆယ်တလုံးတို့သည်၊ ကျွန်ုပ်ကိုရှိခိုးကြ၏ဟု ကြား ပြောလေ၏။ 
  9. ထိုသို့အဘနှင့် အစ်ကိုတို့အား ကြားပြောသော အခါ၊ အဘက၊ သင်မြင်သောအိပ်မက်သည် အဘယ်သို့ နည်း။ ငါနှင့်သင်၏အမိ၊ သင်၏ အစ်ကိုတို့သည် သင့်ထံ သို့ စင်စစ်လာ၍ ဦးညွှတ်ချရမည်လောဟူ၍၊ သူ့ကို ဆုံးမ လေ၏။ 
  10. အစ်ကိုတို့သည် သူ့ကိုငြူစူကြ၏။ အဘသည် ထိုအရာကို မှတ်လေ၏။
  11. အစ်ကိုတို့သည် အဘ၏သိုးဆိတ်များကို ရှေခင် မြို့မှာ ထိန်းခြင်းငှါ သွားကြ၏။ 
  12. ဣသရေလသည် ယောသပ်ကိုခေါ်၍၊ သင်၏ အစ်ကိုတို့သည် သိုးဆိတ်များကို ရှေခင်မြို့မှာ ထိန်းကြ သည် မဟုတ်လော။ လာပါ။ သင့်ကို သူတို့ရှိရာသို့ ငါ စေလွှတ်မည်ဟုခေါ်လျှင်၊ ကျွန်ုပ်ရှိပါသည်ဟုဆိုသော်၊ 
  13. အဘကသွားပါ၊ အစ်ကိုတို့သည် ချမ်းသာ သလော၊ သိုးဆိတ်တို့လည်း ကောင်းမွန်စွာရှိသလော ဟူ၍ ကြည့်ရှုပြီးလျှင်၊ ငါ့အားသိတင်းကြားပြောပါဟု မှာလိုက်လျက်၊ ဟေဗြုန်ချိုင့်မှ စေလွှတ်သဖြင့်၊သူသည် ရှေခင်မြို့သို့ ရောက်လေ၏။ 
  14. တော၌လှည့်လည်စဉ်တွင်၊ တစုံတယောက် သောသူနှင့်တွေ့၍ ထိုသူက၊ သင်သည် ဘာကိုရှာသနည်း ဟု မေးလျှင်၊ 
  15. အစ်ကိုများကို ရှာ၏။ အဘယ်မှာထိန်းကြသည် ကို ပြောပါဟုဆိုသော်၊ 
  16. ထိုသူက၊ ဤအရပ်မှထွက်သွားပြီ။ ဒေါသန်မြို့သို့ သွားကြစို့ဟု သူတို့ပြောသံကို ကျွန်ုပ်ကြားခဲ့ပြီဟုဆို၏။ယောသပ်သည်လည်း၊ အစ်ကိုတို့ကို လိုက်ရှာ၍ ဒေါသန် မြို့မှာ တွေ့လေ၏။
  17. အနီးသို့မရောက်မှီ အဝေး၌ရှိစဉ်ပင်၊ အစ်ကို တို့သည်မြင်လျှင်၊ သတ်ခြင်းငှါတိုင်ပင်လျက်၊ 
  18. ကြည့်လော့။ အိပ်မက်ဆရာလာပြီ။ 
  19. ကိုင်ကြ။ သူ့ကိုသတ်၍ တစုံတခုသော တွင်းထဲ သို့ ချပစ်ကြစို့။ ဆိုးသောသားရဲတစုံတခုကိုက်စားပြီဟု ပြောကြစို့။ ထိုသို့ပြုလျှင်၊ သူ၏ အိပ်မက်တို့သည် အဘယ်သို့နေရာကျမည်ကို ကြည့်ကြစို့ဟု အချင်းချင်း ပြောဆိုကြ၏။ 
  20. ထိုစကားကို ရုဗင်ကြားလျှင်၊ သူ့ကို မသတ်ဘဲ နေကြစို့ဟုဆိုလျက်၊ သူတို့လက်မှ ယောသပ်ကို နှုတ် လေ၏။ 
  21. တဖတ် ရုဗင်က၊ သူ၏အသွေးကို မသွန်းကြနှင့်။ ကိုယ်လက်နှင့်မပြုဘဲ၊ တော၌ ဤမည်သောတွင်းထဲသို့ ချကြစို့ဟု သူတို့လက်မှ ယောသပ်ကို နှုတ်ယူ၍၊ အဘ၌ တဖန် အပ်မည်အကြံရှိသည်နှင့်ဆိုလေ၏။
  22. ယောသပ်သည် အစ်ကိုတို့ထံသို့ ရောက်သော အခါ၊ သူဝတ်သောအင်္ကျီ၊ အဆင်း ထူးခြားသောအင်္ကျီကို ချွတ်ပြီးမှ၊ 
  23. သူ့ကိုကိုင်ယူ၍ တွင်းထဲသို့ ချကြ၏။ထိုတွင်း၌ ရေမရှိ၊ သွေ့ခြောက်သောတွင်း ဖြစ်သတည်း။ 
  24. ထိုနောက် အစာစားခြင်းငှါ ထိုင်ကြစဉ် မြော်ကြည့်၍၊ ဣရှမေလအမျိုးသား အစုအဝေးသည် ဂိလဒ်ပြည်မှလာ၍ နံ့သာမျိုး၊ ဗာလစံစေး၊ မုရန်စေးများ ကို ကုလားအုပ်ပေါ်၌ တင်ဆောင်လျက်၊ အဲဂုတ္တုပြည်သို့ ခရီးသွားကြသည်ကိုမြင်လျှင်၊ 
  25. ယုဒက၊ ငါတို့သည် ညီကိုသတ်၍သေကြောင်းကို ဖွက်ထားလျှင် အဘယ်ကျေးဇူးရှိသနည်း။ 
  26. ကိုင်ကြ။ ကိုယ်တိုင်မညှဉ်းဆဲဘဲ၊ ဣရှမေလ လူတို့အား ရောင်းလိုက်ကြစို့။ သူသည် တို့ညီ၊ တို့အမျိုး ဖြစ်၏ဟု အစ်ကိုတို့အားဆိုသည်ရှိသော်၊ ညီအစ်ကိုတို့ သည် ဝန်ခံကြ၏။ 
  27. ထိုအခါ၊ မိဒျန်အမျိုးသား ကုန်သည်တို့သည် ခရီးသွားကြစဉ်တွင်၊ အစ်ကိုတို့သည် ယောသပ်ကို တွင်း ထဲက ဆွဲတင်ပြီးလျင်၊ ငွေအကျပ်နှစ် ဆယ်အဘိုးနှင့် ဣရှမေလလူတို့အား ရောင်း၍၊ ထိုသူတို့သည် ယောသပ် ကိုအဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏။
  28. ရုဗင်သည်လည်း တွင်းသို့သွား၍၊ တွင်းထဲမှာ ယောသပ်မရှိသည်ကို မြင်လျင်၊ မိမိအဝတ်ကို ဆွဲဆုတ် လျက်၊ ညီတို့ရှိရာသို့ သွား၍၊ သူငယ်မရှိပါတကား။ ငါသည် အဘယ်သို့ သွားရပါ မည်နည်းဟု ဆိုလေ၏။ 
  29. သူတို့သည်လည်း၊ ယောသပ်အင်္ကျီကိုယူ၍၊ ဆိတ်သငယ်ကို သတ်ပြီးမှ၊ အင်္ကျီကိုအသွေး၌ နှစ်လေ၏။ 
  30. ထိုနောက်မှ၊ အဆင်းထူးခြားသော ထိုအင်္ကျီကို ပေးလိုက်၍၊ အချို့တို့သည် အဘထံသို့ဆောင်ခဲ့လျက်၊ ဤအင်္ကျီကို အကျွန်ုပ်တို့ တွေ့ပါပြီ။ သား၏အင်္ကျီ ဟုတ်သည် မဟုတ်သည်ကို ကြည့်ပါဟုဆိုလျှင်၊ 
  31. ထိုအင်္ကျီကို အဘမှတ်မိ၍၊ ငါ့သား၏ အင်္ကျီ မှန်၏။ သူ့ကိုဆိုးသော သားရဲကိုက်စားပြီ။ အကယ်၍ ယောသပ်ကိုအပိုင်းပိုင်းကိုက်ဖြတ်ပါပြီတကားဟုဆိုလျက်၊ 
  32. မိမိအဝတ်ကို ဆွဲဆုတ်၍၊ လျှော်တေအဝတ်ကို ပတ်စည်းသဖြင့်၊ အင်တန်ကာလပတ်လုံး၊ သားကြောင့် စိတ်မသာ ညည်းတွားလျက် နေလေ၏။ 
  33. သားသမီးအပေါင်းတို့သည်၊ အဘကို နှစ်သိမ့် စေခြင်းငှါ ကြိုးစားသော်လည်း၊ သူသည် နှစ်သိမ့်စေသော စကားကို နားမထောင်ဘဲ၊ ငါ့သားရှိရာ မရဏာနိုင်ငံသို့ စိတ်မသာညည်းတွားလျက် ဆင်းသက်တော့မည်ဟု ဆိုလေ၏။ ထိုသို့ယောသပ်အဘသည် သားကြောင့် ငိုကြွေးမြည်တမ်းလျက် နေလေ၏။ 
  34. ယောသပ်ကိုကား၊ မိဒျန်လူတို့သည် အဲဂုတ္တုပြည် သို့ ဆောင်သွား၍၊ ဖါရောဘုရင်၏ အမတ်ဖြစ်သော ကိုယ်ရံတော်မှူး၊ ပေါတိဖါထံမှာ ရောင်းကြ၏။

>>> Unicode

Comments

Popular posts from this blog

ဘုရားသခင္ကို ခ်ီးမြမ္းသည့္အသက္တာ

သင္၏တဲရာကို က်ယ္ေစေလာ့