နောဧနှင့် ရေလွှမ်းမိုးခြင်း ၎
ကမ္ဘာဦးကျမ်း ၉း ၁-၁၇
၁ ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သားတို့ကို ကောင်းကြီးပေးတော်မူ၍၊ သင်တို့သည်များပြားစွာ မွေးဘွားလျက် မြေကြီးကို ပြည့်စေကြလော့။-
၂ မြေတိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာလှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာ ကြောက်ရွံ့တုန်လှုပ်ခြင်းသဘောရှိရကြလိမ့်မည်။ထိုတိရစ္ဆာန်တို့ကို သင်တို့လက်၌ငါအပ်၏
၃ အသက်ရှင်၍လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဘို့ဖြစ်ရမည်။ ခပ်သိမ်းသောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။-
၎ သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကိုမစားရ။-
၅ အကယ်၍သင်တို့အသက်တည်းဟူသော၊ သင်တို့အသွေးကိုငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်းတို့၌ ငါတောင်းမည်။ ခပ်သိမ်းသောလူတို့၏ညီအစ်ကို၌၊ လူ၏ အသက်ကို ငါတောင်းမည်။-
၆ အကြင်သူသည်လူ၏အသွေးကို သွန်း၏၊ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား၊ ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။
၇ သင်တို့သည် သားကို ဘွား၍ များပြားကြလော့။ မြေပေါ်မှာ အလွန်မွေးဘွား၍ များပြားကြလော့ဟုမိန့်တော်မူ၏။
၈ တဖန်ဘုရားသခင်သည်၊ နောဧနှင့် သူ၏သားတို့ကို မိန့်တော်မူသည်ကား၊-
၉ သင်တို့နှင့်၎င်း၊ နောက်ဖြစ်လတံ့သောအမျိုးအနွှယ်နှင့်၎င်း၊-
၁၀ သင်တို့ထံမှာ အသက်ရှင်သောတိရစ္ဆာန်တည်းဟူသော၊ ငှက်၊ သားယဉ်၊ သားရဲရှိသမျှသင်္ဘောထဲကထွက်ဆင်းသမျှမှစ၍၊ မြေတိရစ္ဆာန်အပေါင်းတို့နှင့်၎င်း၊ ငါသည် ကိုယ်တိုင်ပဋိညာဉ်ပြု၏။-
၁၁ သင်တို့နှင့်ငါပြုသောပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန်မဆုံးရကြ။ မြေကြီးကို ဖျက်ဆိးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်းမရှိရ။-
၁၂ ထိုမှတပါး၊ ငါတဘက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့တဘက်၌၊ သားမြေးအစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏လက္ခဏာသက်သေဟူမူကား၊-
၁၃ ငါ၏သက်တံ့ကိုမိုဃ်းတိမ်၌ငါထား၏။ ထိုသက်တံ့သည်မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏သက်သေဖြစ်လိမ့်မည်။-
၁၄ ငါသည် မိုဃ်းကို အုံ့စေသောအခါ၊ မိုဃ်းတိမ်၌ သက်တံ့သည်ထင်ရှားလိမ့်မည်။-
၁၅ ထိုအခါ ငါတဘက်၊ သင်တို့မှစ၍၊ အသက်ရှင်သောသတ္တဝါ၊ တိရစ္ဆာန်ရှိသမျှတို့တဘက်၌ရှိသော၊ ငါ၏ပဋိညာဉ်ကို ငါအောက်မေ့သဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့ကို ဖျက်ဆီးခြင်းငှါ၊ နောက်တဖန် ရေလွှမ်းမိုးခြင်းမရှိရ။-
၁၆ မိုဃ်းတိမ်၌ သက်တံ့ရှိသည်ကို ငါကြည့်ရှုသဖြင့် ဘုရားသခင်နှင့် မြေကြီးပေါ်မှာအသက်ရှင်သော သတ္တဝါတိရစ္ဆာန်အပေါင်းတို့ စပ်ကြားမှာ ရှိသော ထာဝရပဋိညာဉ်ကို ငါအောက်မေ့မည်။-
၁၇ ဤသည်ကား၊ ငါနှင့်မြေကြီးပေါ်မှာရှိသော သတ္တဝါအပေါင်းတို့၏စပ်ကြားမှာ၊ ငါအမြဲဖွဲ့သော ပဋိညာဉ်၏ လက္ခဏာသက်သေဖြစ်သတည်းဟု၊ နောဧကို ဘုရားသခင်မိန့်တော်မူ၏။
==>> ကမ္ဘာဦးကျမ်း ၆း ၅-၂၂
==>> ကမ္ဘာဦးကျမ်း ၇
==>> ကမ္ဘာဦးကျမ်း ၈
==>> သမ္မာကျမ်းစာဇာတ်လမ်းများ

Comments