အာဗြဟံနှင့် ဣဇာတ်
Zawgyi
ကမ္ဘာဦးကျမ်း ၁၅း ၁-၆
  3. တဖန် အာဗြံက အကျွန်ုပ်အား အမျိုးအနွှယ်ကို ပေးတော်မမူပါ။ အကျွန်ုပ်၏အိမ်၌ဘွားသောသူသည် အကျွန်ုပ်၏အမွေခံဖြစ်ရပါသည်တကားဟု လျှောက်ဆို၏။
Unicode -
ကမ္ဘာဦးကျမ်း ၁၅း ၁-၆
  1. ထိုနောက်မှ ဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍၊ အချင်းအာဗြံ၊ မစိုးရိမ်နှင့်။ ငါသည် သင်၏အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည် အလွန်ကြီးလှ၏ဟုမိန့်တော်မူလျှင်၊-
  2. အာဗြံက အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားမရှိဘဲ သွားရပါ၏။ ဤဒမာသက်မြို့သား ဧလျာဇာသည် အကျွန်ုပ်၏အမွေခံဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ်ကျေးဇူးကို ပြုတော်မူပါမည်နည်းဟု လျှောက်ဆို၏။-
  3. တဖန် အာဗြံက အကျွနု်ပ်အား အမျိုးအနွှယ်ကို ပေးတော်မမူပါ။ အကျွနု်ပ်၏အိမ်၌ဘွားသောသူသည် အကျွန်ုပ်၏အမွေခံဖြစ်ရပါသည်တကားဟု လျှောက်ဆို၏။
  4. တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်လာသည်ကား၊ ဤသူသည် သင်၏အမွေခံမဖြစ်ရ။ သင်၏ကိုယ်ထဲက ထွက်သောသူသည် သင်၏အမွေခံဖြစ်လိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊-
  5. အာဗြံကို ပြင်သို့ ထုတ်ဆောင်တော်မူ၍၊ မိုဃ်းကောင်းကင်ကိုမြော်ကြည့်လော့။ ကြယ်များကိုရေတွက်နိုင်လျှင်၊ ရေတွက်လော့။ သင်၏အမျိုးအနွှယ်သည် ထိုသို့ဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏။-
  6. အာဗြံသည် ထာဝရဘုရားကို ယုံကြည်သည်ဖြစ်၍ သင်၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏။
Comments
Popular posts from this blog
ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ
ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း
သင်၏တဲရာကို ကျယ်စေလော့