ေယာသပ္၏႐ူပါ႐ံုျပည့္စံုလာျခင္း ၄

Zawgyi -

ကမၻာဦးက်မ္း ၄၂
  1. အဲဂုတၱဳျပည္၌ စပါးရွိေၾကာင္းကို ယာကုပ္ ၾကားသိလၽွင္၊ သင္တို႔သည္ အဘယ္ေၾကာင့္ တေယာက္ကို တေယာက္ ၾကည့္ရွု၍ ေနၾကသနည္း။ 
  2. အဲဂုတၱဳျပည္၌ စပါးရွိေၾကာင္းကို ငါၾကားရၿပီ။ ငါတို႔သည္မေသ အသက္ရွင္မည္အေၾကာင္း၊ ထိုျပည္သို႔ သြား၍ ငါတို႔အဘို႔ကို ဝယ္ၾကေလာ့ဟု မိမိသားတို႔အား ဆိုသည္အတိုင္း၊ 
  3. ​ေယာသပ္၏ အစ္ကိုတက်ိပ္တို႔သည္ စပါးကို ဝယ္ျခင္းငွါ အဲဂုတၱဳျပည္သို႔ သြားၾက၏။ 
  4. ​ေယာသပ္၏ညီ ဗယၤာမိန္ကိုကား အစ္ကိုတို႔ႏွင့္ အတူ ယာကုပ္သည္မေစမလႊတ္။ အေၾကာင္းမူကား၊ သူ၌ ေဘးေရာက္ေကာင္းေရာက္လိမ့္မည္ဟု စိုးရိမ္သတည္း။
  5. ထိုအခါ ခါနာန္ျပည္၌ အစာေခါင္းပါးေသာ ေၾကာင့္၊ အဲဂုတၱဳျပည္သို႔ေရာက္လာေသာ သူတို႔တြင္၊ ဣသေရလသားတို႔သည္ စပါးကိုဝယ္ျခင္းငွါ လာၾက၏။ 
  6. ၆ယာသပ္သည္ နိုင္ငံအုပ္ျဖစ္၍ ျပည္သား အေပါင္းတို႔အား ေရာင္းေသာအမွုကို စီရင္ေလ၏။ ေယာ သပ္အစ္ကိုတို႔သည္လာ၍ သူ႔ေရွ႕မွာ ဦးညႊတ္ခ်ၾက၏။ 
  7. ၇ယာသပ္သည္ အစ္ကိုတို႔ကိုျမင္လၽွင္သိ၏။ သို႔ေသာ္လည္း မသိဟန္ေဆာင္၍ ၾကမ္းတမ္းစြာ ေျပာ လ်က္၊ သင္တို႔သည္ အဘယ္ကလာၾကသနည္းဟု ေမး၏။ သူတို႔ကလည္း၊ အစာကိုဝယ္ျခင္းငွါ ခါနာန္ျပည္က လာၾကပါသည္ ဟုေလၽွာက္ၾက၏။ 
  8. ​ေယာသပ္သည္ အစ္ကိုတို႔ကိုသိေသာ္လည္း၊ သူတို႔သည္ ေယာသပ္ကို မသိၾက။ 
  9. ​ေယာသပ္သည္ သူတို႔အေၾကာင္းႏွင့္ ျမင္ရေသာ အိပ္မက္တို႔ကို ေအာက္ေမ့လ်က္၊ သင္တို႔သည္ သူလၽွို ျဖစ္ၾက၏။ ျပည္ေတာ္၌ အားနည္းေသာအရပ္ကို ၾကည့္ရွု ျခင္းငွါ လာၾကၿပီဟုဆိုလၽွင္၊ 
  10. သူတို႔က၊ မဟုတ္ပါသခင္။ ကိုယ္ေတာ္၏ကၽြန္တို႔ သည္ အစာကို ဝယ္ျခင္းငွါသာ လာၾကပါ၏။ 
  11. ကၽြန္ေတာ္တို႔သည္ တေယာက္တည္းေသာသူ၏ သားျဖစ္ၾကပါ၏။ ေျဖာင့္မတ္ေသာသူလည္း ျဖစ္ၾကပါ၏။ ကိုယ္ေတာ္၏ကၽြန္တို႔သည္ သူလၽွိုမဟုတ္ပါဟု ေလၽွာက္ ၾက၏။ 
  12. ​ေယာသပ္ကလည္း၊ မဟုတ္ဘူး။ ျပည္ေတာ္၌ အားနည္းေသာ အရပ္ကိုၾကည့္ရွုျခင္းငွါ လာၾကၿပီဟု ဆိုျပန္၏။ 
  13. သူတို႔ကလည္း၊ ကိုယ္ေတာ္ကၽြန္တို႔သည္ ခါနာန္ ျပည္၌ တေယာက္တည္းေသာသူ၏သား၊ ညီအစ္ကို တက်ိပ္ႏွစ္ေယာက္ ျဖစ္ၾကပါ၏။ အငယ္ဆုံးေသာသူကား အဘႏွင့္အတူ ယခုရွိရစ္ပါ၏။ တေယာက္ကားမရွိပါဟု ေလၽွာက္ျပန္လၽွင္၊ 
  14. ​ေယာသပ္က၊သင္တို႔သည္ သူလၽွိုျဖစ္ၾက၏ဟု ငါဆိုသည္အရာမွာ၊ 
  15. သင္တို႔ကို အဘယ္သို႔ စုံစမ္းရမည္နည္းဟူမူ ကား၊ အငယ္ဆုံးေသာညီ မလာလၽွင္၊ ဖါေရာဘုရင္ အသက္ရွင္ေတာ္မူသည္အတိုင္း သင္တို႔သည္ ဤအရပ္မွ မထြက္မသြားရ။ 
  16. သင္တို႔စကား မွန္သည္မမွန္သည္ကို စုံစမ္း၍ သိေစျခင္းငွါ သင္တို႔တြင္ တေယာက္ေသာသူကို ေစလႊတ္ ၍ ညီကိုေဆာင္ခဲ့ေစ။ ႂကြင္းေသာသူတို႔ကို ေထာင္ထဲမွာ ခ်ထားမည္။ သို႔မဟုတ္ ဖါေရာဘုရင္ အသက္ရွင္ေတာ္ မူသည္အတိုင္း၊ အကယ္စင္စစ္ သင္တို႔သည္ သူလၽွို ျဖစ္ၾက၏ဟုဆိုၿပီးလၽွင္၊ 
  17. အစ္ကိုအေပါင္းတို႔ကို သုံးရက္ခ်ဳပ္ထားေလ၏။ 
  18. သုံးရက္ေျမာက္ေသာေန႔၌ ေယာသပ္သည္ သူတို႔ကိုေခၚ၍၊ ငါသည္ ဘုရားသခင္ကို ေၾကာက္ရြံ့ေသာ သူျဖစ္၏။ သို႔ျဖစ္၍ သင္တို႔သည္ အသက္ခ်မ္းသာေစ ျခင္းငွါ ျပဳရေသာအမွုဟူမူကား၊ 
  19. သင္တို႔သည္ ေျဖာင့္မတ္ေသာသူမွန္လၽွင္၊ သင္တို႔ညီအစ္ကိုတို႔တြင္ တစုံတေယာက္ကို ေထာင္အိမ္၌ အခ်ဳပ္ခံလ်က္ေနေစၿပီးလၽွင္၊ ႂကြင္းေသာ သူတို႔မူကား သြားၾကေလာ့။ အိမ္သူအိမ္သားတို႔၌ အစာေခါင္းပါး ေသာေၾကာင့္ စပါးကိုယူ၍သြားၾကေလာ့။ 
  20. အငယ္ဆုံးေသာညီကို ငါ့ထံသို႔ ေဆာင္ခဲ့ၾက ေလာ့။ သို႔ျပဳလၽွင္ သင္တို႔စကားမွန္လိမ့္မည္။ သင္တို႔ အသက္လည္း ခ်မ္းသာရလိမ့္မည္ဟုဆိုသည္အတိုင္း သူတို႔သည္ျပဳၾက၏။
  21. ထိုအခါ သူတို႔အခ်င္းခ်င္းဆိုၾကသည္ကား၊ အကယ္စင္စစ္ ငါတို႔ သည္ ညီ၏အမွု၌ အျပစ္ႀကီးၾက၏။ သူသည္ ငါတို႔ကိုေတာင္းပန္ေသာအခါ၊ သူ႔စိတ္ဆင္းရဲ ျခင္းကို ငါတို႔သည္ ျမင္လ်က္ႏွင့္ နားမေထာင္ဘဲေနၾက ၏။ ထိုေၾကာင့္ ဤအမွုသည္ ငါတို႔အေပၚမွာ ယခု ေရာက္လာၿပီဟု တေယာက္ကိုတေယာက္ ေျပာဆိုၾက၏။ 
  22. ႐ုဗင္ကလည္း၊ သူငယ္ကို မျပစ္မွားပါႏွင့္ဟု ကၽြန္ုပ္ဆိုသည္မဟုတ္ ေလာ။ သင္တို႔သည္ နားမေထာင္ ဘဲ ေနၾကေသာေၾကာင့္ သူ၏အေသြးအတြက္ ယခု အစစ္ခံရၾကသည္ဟု ျပန္၍ဆို၏။ 
  23. ထိုသို႔ မိမိတို႔ ေျပာဆိုၾကေသာစကားကို ေယာ သပ္ နားလည္သည္ဟု သူတို႔မထင္ၾက။ အေၾကာင္းမူကား၊ ေယာသပ္သည္ စကားျပန္ႏွင့္သူတို႔ကို ေျပာတတ္ေသာ ေၾကာင့္တည္း။ 
  24. ထိုအခါ ေယာသပ္သည္ သူတို႔ထံမွခဏခြါ၍ ငိုေလ၏။ တဖန္ လာျပန္၍ ႏွုတ္ဆက္ၿပီးလၽွင္၊ ရွိေမာင္ ကို သူတို႔အစုထဲကယူ၍ သူတို႔ေရွ႕တြင္ ခ်ည္ေႏွာင္ေလ၏။ 
  25. ထိုေနာက္ သူတို႔အိတ္မ်ားကို စပါးႏွင့္ျပည့္ေစ၍၊ သူတို႔ေငြကိုလည္း အသီးအသီးအိတ္တို႔တြင္ ျပန္ထည့္ေစ ျခင္းငွါ၎၊ လမ္းခရီး၌ စားစရိတ္ကိုေပးေစျခင္းငွါ၎ စီရင္၍ ထိုသို႔လၽွင္သူတို႔၌ျပဳေလ၏။ 
  26. သူတို႔သည္လည္း ျမည္းမ်ားအေပၚ၌ စပါးကို တင္၍ ထြက္သြားၾက၏။ 
  27. စားခန္းသို႔ေရာက္ေသာအခါ၊ တေယာက္ေသာ သူသည္ ျမည္းကို အစာေကၽြးျခင္းငွါ မိမိအိတ္ကိုဖြင့္လၽွင္၊ အိတ္ဝတြင္ရွိေသာ ေငြကိုျမင္ေလ၏။ 
  28. ညီအစ္ကိုတို႔အားလည္း ကၽြန္ုပ္ေငြကို ျပန္ထား ၿပီ။ ၾကည့္ပါ အိတ္ထဲမွာရွိသည္ဟုဆိုေသာ္၊ သူတို႔သည္ စိတ္ႏွလုံးေလ်ာ့၍ ေၾကာက္လန္႔လ်က္၊ ငါတို႔၌ ဘုရား သခင္ျပဳေတာ္မူေသာ ဤအမွုသည္ အဘယ္အမွုျဖစ္ ပါလိမ့္မည္နည္းဟု တေယာက္ကိုတေယာက္ဆိုၾက၏။
  29. ခါနာန္ျပည္ အဘယာကုပ္ထံသို႔ေရာက္လၽွင္၊ မိမိတို႔၌ျဖစ္ေလသမၽွတို႔ကို ၾကားေျပာသည္ကား၊ 
  30. ထိုျပည္ကိုအုပ္စိုးေသာသူသည္ ၾကမ္းတမ္းစြာ ေျပာလ်က္၊ ကၽြန္ုပ္တို႔ကို ထိုျပည္၌ သူလၽွိုလုပ္သူဟူ၍ မွတ္ေလ၏။ 
  31. ကၽြႏုပ္တို႔ကလည္း၊ ကၽြန္ေတာ္တို႔သည္ ေျဖာင့္ မတ္ေသာသူျဖစ္ၾကပါ၏။ သူလၽွိုမဟုတ္ပါ။ 
  32. တဘတည္းသား၊ ညီအစ္ကိုခ်င္း တက်ိပ္ ႏွစ္ေယာက္ျဖစ္ၾကပါ၏။ တေယာက္ကားမရွိပါ။ အငယ္ ဆုံးေသာသူကား ခါနာန္ျပည္၌ အဘႏွင့္အတူ ယခုရွိရစ္ ပါသည္ဟု ေလၽွာက္ေသာအခါ၊ 
  33. ထိုျပည္ကို အုပ္စိုးေသာသခင္က၊ သင္တို႔သည္ ေျဖာင့္မတ္ေသာသူမွန္သည္ကို အဘယ္သို႔ ငါသိနိုင္မည္ နည္းဆိုေသာ္၊ သင္တို႔ညီအစ္ကိုတို႔ တြင္ တစုံတေယာက္ကို ငါ့ထံ၌ထားရစ္ၾကေလာ့။ သင္တို႔အိမ္သူအိမ္သားတို႔၌ အစာေခါင္းပါးေသာေၾကာင့္ အစာကိုယူ၍သြားၾကေလာ့၊ 
  34. အငယ္ဆုံးေသာညီကို ငါ့ထံသို႔ ေဆာင္ခဲ့ၾက ေလာ့။ သို႔ျပဳလၽွင္ သင္တို႔သည္ သူလၽွိုမဟုတ္ ေျဖာင့္မတ္ ေသာသူျဖစ္သည္ကို ငါသိလိမ့္မည္။ သင္တို႔ညီအစ္ကိုကို လည္း ငါျပန္၍အပ္မည္။ သင္တို႔သည္ ျပည္ေတာ္၌ ေဖါက္ကားေရာင္းဝယ္ရၾကမည္ဟု ဆိုေၾကာင္းကို ၾကားေျပာၾကၿပီးမွ၊ 
  35. မိမိတို႔အိတ္မ်ားအထဲက စပါးကို ထုတ္ေသာ အခါ၊ အသီးအသီးဆိုင္ေသာ ေငြထုပ္တို႔သည္ မိမိတို႔အိတ္ ၌ ရွိၾက၏။ ေငြထုပ္မ်ားကို သူတို႔ႏွင့္ အဘသည္ ျမင္ေသာ အခါ ေၾကာက္လန္႔ၾက၏။ 
  36. အဘယာကုပ္ကလည္း၊ သင္တို႔သည္ ငါ့သား တို႔ကို လုယူၾကၿပီ။ ေယာသပ္မရွိ၊ ရွိေမာင္မရွိ၊ ဗယၤာမိန္ ကိုလည္း ယူသြားခ်င္သည္တကား။ ဤအမွုအလုံးစုံတို႔ သည္ ငါႏွင့္ဆန္႔က်င္ဘက္ျဖစ္သည္တကားဟု သူတို႔အား ဆို၏။ 
  37. ႐ုဗင္ကလည္း၊ ကၽြန္ုပ္သည္ ဗယၤာမိန္ကို အဘ ထံသို႔ျပန္၍ မေဆာင္ခဲ့လၽွင္၊ ကၽြန္ုပ္သားႏွစ္ေယာက္တို႔ကို သတ္ပါေလာ့။သူ႔ကိုကၽြန္ုပ္ လက္၌အပ္ပါ။ ကၽြန္ုပ္တဖန္ အဘထံသို႔ျပန္၍ ေဆာင္ခဲ့ပါမည္ဟု အဘအား ဆို၏။ 
  38. အဘကလည္း၊ သင္တို႔ႏွင့္အတူ ငါ့သားမသြား ရ။ သူ၏အစ္ကိုေသၿပီ။ သူသည္ တေယာက္တည္း က်န္ ရစ္၏။ သင္တို႔သြားရာလမ္းခရီးတြင္ သူ၌ ေဘးေရာက္ လၽွင္၊သင္တို႔သည္ ငါ့ဆံပင္ျဖဴကို ဝမ္းနည္းျခင္းႏွင့္တကြ မရဏာနိုင္ငံသို႔ သက္ေရာက္ေစၾကလိမ့္မည္ဟု ဆိုေလ ၏။

Unicode -


ကမ္ဘာဦးကျမ်း ၄၂
  1. အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကို ယာကုပ် ကြားသိလျှင်၊ သင်တို့သည် အဘယ်ကြောင့် တယောက်ကို တယောက် ကြည့်ရှု၍ နေကြသနည်း။ 
  2. အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကို ငါကြားရပြီ။ ငါတို့သည်မသေ အသက်ရှင်မည်အကြောင်း၊ ထိုပြည်သို့ သွား၍ ငါတို့အဘို့ကို ဝယ်ကြလော့ဟု မိမိသားတို့အား ဆိုသည်အတိုင်း၊ 
  3. ​ယောသပ်၏ အစ်ကိုတကျိပ်တို့သည် စပါးကို ဝယ်ခြင်းငှါ အဲဂုတ္တုပြည်သို့ သွားကြ၏။ 
  4. ​ယောသပ်၏ညီ ဗင်္ယာမိန်ကိုကား အစ်ကိုတို့နှင့် အတူ ယာကုပ်သည်မစေမလွှတ်။ အကြောင်းမူကား၊ သူ၌ ဘေးရောက်ကောင်းရောက်လိမ့်မည်ဟု စိုးရိမ်သတည်း။
  5. ထိုအခါ ခါနာန်ပြည်၌ အစာခေါင်းပါးသော ကြောင့်၊ အဲဂုတ္တုပြည်သို့ရောက်လာသော သူတို့တွင်၊ ဣသရေလသားတို့သည် စပါးကိုဝယ်ခြင်းငှါ လာကြ၏။ 
  6. ၆ယာသပ်သည် နိုင်ငံအုပ်ဖြစ်၍ ပြည်သား အပေါင်းတို့အား ရောင်းသောအမှုကို စီရင်လေ၏။ ယော သပ်အစ်ကိုတို့သည်လာ၍ သူ့ရှေ့မှာ ဦးညွှတ်ချကြ၏။ 
  7. ၇ယာသပ်သည် အစ်ကိုတို့ကိုမြင်လျှင်သိ၏။ သို့သော်လည်း မသိဟန်ဆောင်၍ ကြမ်းတမ်းစွာ ပြော လျက်၊ သင်တို့သည် အဘယ်ကလာကြသနည်းဟု မေး၏။ သူတို့ကလည်း၊ အစာကိုဝယ်ခြင်းငှါ ခါနာန်ပြည်က လာကြပါသည် ဟုလျှောက်ကြ၏။ 
  8. ​ယောသပ်သည် အစ်ကိုတို့ကိုသိသော်လည်း၊ သူတို့သည် ယောသပ်ကို မသိကြ။ 
  9. ​ယောသပ်သည် သူတို့အကြောင်းနှင့် မြင်ရသော အိပ်မက်တို့ကို အောက်မေ့လျက်၊ သင်တို့သည် သူလျှို ဖြစ်ကြ၏။ ပြည်တော်၌ အားနည်းသောအရပ်ကို ကြည့်ရှု ခြင်းငှါ လာကြပြီဟုဆိုလျှင်၊ 
  10. သူတို့က၊ မဟုတ်ပါသခင်။ ကိုယ်တော်၏ကျွန်တို့ သည် အစာကို ဝယ်ခြင်းငှါသာ လာကြပါ၏။ 
  11. ကျွန်တော်တို့သည် တယောက်တည်းသောသူ၏ သားဖြစ်ကြပါ၏။ ဖြောင့်မတ်သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော်၏ကျွန်တို့သည် သူလျှိုမဟုတ်ပါဟု လျှောက် ကြ၏။ 
  12. ​ယောသပ်ကလည်း၊ မဟုတ်ဘူး။ ပြည်တော်၌ အားနည်းသော အရပ်ကိုကြည့်ရှုခြင်းငှါ လာကြပြီဟု ဆိုပြန်၏။ 
  13. သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့သည် ခါနာန် ပြည်၌ တယောက်တည်းသောသူ၏သား၊ ညီအစ်ကို တကျိပ်နှစ်ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံးသောသူကား အဘနှင့်အတူ ယခုရှိရစ်ပါ၏။ တယောက်ကားမရှိပါဟု လျှောက်ပြန်လျှင်၊ 
  14. ​ယောသပ်က၊သင်တို့သည် သူလျှိုဖြစ်ကြ၏ဟု ငါဆိုသည်အရာမှာ၊ 
  15. သင်တို့ကို အဘယ်သို့ စုံစမ်းရမည်နည်းဟူမူ ကား၊ အငယ်ဆုံးသောညီ မလာလျှင်၊ ဖါရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤအရပ်မှ မထွက်မသွားရ။ 
  16. သင်တို့စကား မှန်သည်မမှန်သည်ကို စုံစမ်း၍ သိစေခြင်းငှါ သင်တို့တွင် တယောက်သောသူကို စေလွှတ် ၍ ညီကိုဆောင်ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင်ထဲမှာ ချထားမည်။ သို့မဟုတ် ဖါရောဘုရင် အသက်ရှင်တော် မူသည်အတိုင်း၊ အကယ်စင်စစ် သင်တို့သည် သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊ 
  17. အစ်ကိုအပေါင်းတို့ကို သုံးရက်ချုပ်ထားလေ၏။ 
  18. သုံးရက်မြောက်သောနေ့၌ ယောသပ်သည် သူတို့ကိုခေါ်၍၊ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့သော သူဖြစ်၏။ သို့ဖြစ်၍ သင်တို့သည် အသက်ချမ်းသာစေ ခြင်းငှါ ပြုရသောအမှုဟူမူကား၊ 
  19. သင်တို့သည် ဖြောင့်မတ်သောသူမှန်လျှင်၊ သင်တို့ညီအစ်ကိုတို့တွင် တစုံတယောက်ကို ထောင်အိမ်၌ အချုပ်ခံလျက်နေစေပြီးလျှင်၊ ကြွင်းသော သူတို့မူကား သွားကြလော့။ အိမ်သူအိမ်သားတို့၌ အစာခေါင်းပါး သောကြောင့် စပါးကိုယူ၍သွားကြလော့။ 
  20. အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြ လော့။ သို့ပြုလျှင် သင်တို့စကားမှန်လိမ့်မည်။ သင်တို့ အသက်လည်း ချမ်းသာရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြုကြ၏။
  21. ထိုအခါ သူတို့အချင်းချင်းဆိုကြသည်ကား၊ အကယ်စင်စစ် ငါတို့ သည် ညီ၏အမှု၌ အပြစ်ကြီးကြ၏။ သူသည် ငါတို့ကိုတောင်းပန်သောအခါ၊ သူ့စိတ်ဆင်းရဲ ခြင်းကို ငါတို့သည် မြင်လျက်နှင့် နားမထောင်ဘဲနေကြ ၏။ ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခု ရောက်လာပြီဟု တယောက်ကိုတယောက် ပြောဆိုကြ၏။ 
  22. ရုဗင်ကလည်း၊ သူငယ်ကို မပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည်မဟုတ် လော။ သင်တို့သည် နားမထောင် ဘဲ နေကြသောကြောင့် သူ၏အသွေးအတွက် ယခု အစစ်ခံရကြသည်ဟု ပြန်၍ဆို၏။ 
  23. ထိုသို့ မိမိတို့ ပြောဆိုကြသောစကားကို ယော သပ် နားလည်သည်ဟု သူတို့မထင်ကြ။ အကြောင်းမူကား၊ ယောသပ်သည် စကားပြန်နှင့်သူတို့ကို ပြောတတ်သော ကြောင့်တည်း။ 
  24. ထိုအခါ ယောသပ်သည် သူတို့ထံမှခဏခွါ၍ ငိုလေ၏။ တဖန် လာပြန်၍ နှုတ်ဆက်ပြီးလျှင်၊ ရှိမောင် ကို သူတို့အစုထဲကယူ၍ သူတို့ရှေ့တွင် ချည်နှောင်လေ၏။ 
  25. ထိုနောက် သူတို့အိတ်များကို စပါးနှင့်ပြည့်စေ၍၊ သူတို့ငွေကိုလည်း အသီးအသီးအိတ်တို့တွင် ပြန်ထည့်စေ ခြင်းငှါ၎င်း၊ လမ်းခရီး၌ စားစရိတ်ကိုပေးစေခြင်းငှါ၎င်း စီရင်၍ ထိုသို့လျှင်သူတို့၌ပြုလေ၏။ 
  26. သူတို့သည်လည်း မြည်းများအပေါ်၌ စပါးကို တင်၍ ထွက်သွားကြ၏။ 
  27. စားခန်းသို့ရောက်သောအခါ၊ တယောက်သော သူသည် မြည်းကို အစာကျွေးခြင်းငှါ မိမိအိတ်ကိုဖွင့်လျှင်၊ အိတ်ဝတွင်ရှိသော ငွေကိုမြင်လေ၏။ 
  28. ညီအစ်ကိုတို့အားလည်း ကျွန်ုပ်ငွေကို ပြန်ထား ပြီ။ ကြည့်ပါ အိတ်ထဲမှာရှိသည်ဟုဆိုသော်၊ သူတို့သည် စိတ်နှလုံးလျော့၍ ကြောက်လန့်လျက်၊ ငါတို့၌ ဘုရား သခင်ပြုတော်မူသော ဤအမှုသည် အဘယ်အမှုဖြစ် ပါလိမ့်မည်နည်းဟု တယောက်ကိုတယောက်ဆိုကြ၏။
  29. ခါနာန်ပြည် အဘယာကုပ်ထံသို့ရောက်လျှင်၊ မိမိတို့၌ဖြစ်လေသမျှတို့ကို ကြားပြောသည်ကား၊ 
  30. ထိုပြည်ကိုအုပ်စိုးသောသူသည် ကြမ်းတမ်းစွာ ပြောလျက်၊ ကျွန်ုပ်တို့ကို ထိုပြည်၌ သူလျှိုလုပ်သူဟူ၍ မှတ်လေ၏။ 
  31. ကျွနုပ်တို့ကလည်း၊ ကျွန်တော်တို့သည် ဖြောင့် မတ်သောသူဖြစ်ကြပါ၏။ သူလျှိုမဟုတ်ပါ။ 
  32. တဘတည်းသား၊ ညီအစ်ကိုချင်း တကျိပ် နှစ်ယောက်ဖြစ်ကြပါ၏။ တယောက်ကားမရှိပါ။ အငယ် ဆုံးသောသူကား ခါနာန်ပြည်၌ အဘနှင့်အတူ ယခုရှိရစ် ပါသည်ဟု လျှောက်သောအခါ၊ 
  33. ထိုပြည်ကို အုပ်စိုးသောသခင်က၊ သင်တို့သည် ဖြောင့်မတ်သောသူမှန်သည်ကို အဘယ်သို့ ငါသိနိုင်မည် နည်းဆိုသော်၊ သင်တို့ညီအစ်ကိုတို့ တွင် တစုံတယောက်ကို ငါ့ထံ၌ထားရစ်ကြလော့။ သင်တို့အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် အစာကိုယူ၍သွားကြလော့၊ 
  34. အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြ လော့။ သို့ပြုလျှင် သင်တို့သည် သူလျှိုမဟုတ် ဖြောင့်မတ် သောသူဖြစ်သည်ကို ငါသိလိမ့်မည်။ သင်တို့ညီအစ်ကိုကို လည်း ငါပြန်၍အပ်မည်။ သင်တို့သည် ပြည်တော်၌ ဖေါက်ကားရောင်းဝယ်ရကြမည်ဟု ဆိုကြောင်းကို ကြားပြောကြပြီးမှ၊ 
  35. မိမိတို့အိတ်များအထဲက စပါးကို ထုတ်သော အခါ၊ အသီးအသီးဆိုင်သော ငွေထုပ်တို့သည် မိမိတို့အိတ် ၌ ရှိကြ၏။ ငွေထုပ်များကို သူတို့နှင့် အဘသည် မြင်သော အခါ ကြောက်လန့်ကြ၏။ 
  36. အဘယာကုပ်ကလည်း၊ သင်တို့သည် ငါ့သား တို့ကို လုယူကြပြီ။ ယောသပ်မရှိ၊ ရှိမောင်မရှိ၊ ဗင်္ယာမိန် ကိုလည်း ယူသွားချင်သည်တကား။ ဤအမှုအလုံးစုံတို့ သည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သည်တကားဟု သူတို့အား ဆို၏။ 
  37. ရုဗင်ကလည်း၊ ကျွန်ုပ်သည် ဗင်္ယာမိန်ကို အဘ ထံသို့ပြန်၍ မဆောင်ခဲ့လျှင်၊ ကျွန်ုပ်သားနှစ်ယောက်တို့ကို သတ်ပါလော့။သူ့ကိုကျွန်ုပ် လက်၌အပ်ပါ။ ကျွန်ုပ်တဖန် အဘထံသို့ပြန်၍ ဆောင်ခဲ့ပါမည်ဟု အဘအား ဆို၏။ 
  38. အဘကလည်း၊ သင်တို့နှင့်အတူ ငါ့သားမသွား ရ။ သူ၏အစ်ကိုသေပြီ။ သူသည် တယောက်တည်း ကျန် ရစ်၏။ သင်တို့သွားရာလမ်းခရီးတွင် သူ၌ ဘေးရောက် လျှင်၊သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ဆိုလေ ၏။

ေယာသပ္၏႐ူပါ႐ံုျပည့္စံုလာျခင္း ၁၊   ေယာသပ္၏႐ူပါ႐ံုျပည့္စံုလာျခင္း ၂၊

ေယာသပ္၏႐ူပါ႐ံုျပည့္စံုလာျခင္း ၃၊   ေယာသပ္၏႐ူပါ႐ံုျပည့္စံုလာျခင္း ၅၊

ေယာသပ္၏႐ူပါ႐ံုျပည့္စံုလာျခင္း ၆၊   ေယာသပ္၏႐ူပါ႐ံုျပည့္စံုလာျခင္း ၇၊

Comments

Popular posts from this blog

ဘုရားသခင္ကို ခ်ီးမြမ္းသည့္အသက္တာ

ေယာသပ္ကို ကၽြန္အျဖစ္ေရာင္းစားခံရျခင္း

သင္၏တဲရာကို က်ယ္ေစေလာ့