ရွံဆုန္ ၁

Zawgyi -

တရားသူႀကီးမွတ္စာ ၁၃
  1. တဖန္ ဣသေရလအမ်ိဳးသားတို႔သည္၊ ထာဝရဘုရားေရွ႕ေတာ္၌ ဒုစရိုက္ကို ျပဳေသာေၾကာင့္၊ ထာဝရဘုရားသည္ သူတို႔ကို ဖိလိတၱိလူတို႔လက္သို႔ အႏွစ္ေလးဆယ္ပတ္လုံးအပ္ေတာ္မူ၏။ 
  2. ဒန္အမ်ိဳး၊ ေဇာရာၿမိဳ႕သား မာေနာ္အမည္ရွိေသာ သူတေယာက္ရွိ၏။ သူ၏မယားသည္ ျမဳံေသာ ေၾကာင့္ သားမဘြား။ 
  3. ထာဝရဘုရား၏ေကာင္းကင္တမန္သည္ ထိုမိန္းမအား ကိုယ္ထင္ရွား၍၊ သင္သည္ ျမဳံေသာေၾကာင့္ သားမဘြားေသာ္လည္း၊ ယခု ပဋိသေႏၶယူ၍ သားေယာက္်ားကို ဘြားျမင္လိမ့္မည္။ 
  4. သို႔ျဖစ္၍ သတိျပဳေလာ့။ စပ်စ္ရည္ကို မေသာက္ႏွင့္။ ေသရည္ေသရက္ကို မေသာက္ႏွင့္။ မစင္ၾကယ္ေသာ အစာကို မစားႏွင့္။ 
  5. အေၾကာင္းမူကား၊ ပဋိသေႏၶယူ၍ ဘြားျမင္လတံ့ေသာ သားေယာက္်ားသည္ ဆံပင္ရိတ္ျခင္းကို မခံဘဲ၊ အမိဝမ္းထဲမွစ၍ ဘုရားသခင္၏ နာဇရိလူျဖစ္ရလိမ့္မည္။ သူသည္လည္း ဣသေရလအမ်ိဳးကို ဖိလိတၱိလူတို႔လက္မွ ကယ္ႏွုတ္စျပဳလိမ့္မည္ဟု ဆို၏။ 
  6. ထိုမိန္းမသည္လည္း မိမိခင္ပြန္းထံသို႔ သြား၍ ဘုရားသခင္၏ ေကာင္းကင္တမန္မ်က္ႏွာကဲ့သို႔ ေၾကာက္မက္ဘြယ္ေသာ မ်က္ႏွာရွိေသာ ဘုရားသခင္၏ လူတေယာက္သည္ အကၽြန္ုပ္ဆီသို႔ လာ၏။ အဘယ္ကလာသနည္းဟု အကၽြန္ုပ္လည္း မေမး။ သူသည္လည္း မိမိအမည္ကို မေျပာ။ သူကလည္း၊ သင္သည္ ပဋိသေႏၶယူ၍ သားေယာက္်ားကို ဘြားျမင္လိမ့္မည္။ စပ်စ္ရည္ကို မေသာက္ႏွင့္။ ေသရည္ေသရက္ကို မေသာက္ႏွင့္။ မစင္ၾကယ္ေသာ အစာကို မစားႏွင့္။ အေၾကာင္းမူကား၊ ထိုသူငယ္သည္ အမိဝမ္းထဲမွစ၍ ေသေသာေန႔တိုင္ေအာင္ ဘုရားသခင္၏ နာဇရိလူျဖစ္ရလိမ့္မည္ဟု အကၽြန္ုပ္အား မိန္႔ႁမြက္ေၾကာင္းကို ေျပာဆိုေလ၏။
  7. ထိုအခါ မာေနာ္က၊ အိုဘုရားရွင္၊ အကၽြန္ုပ္တို႔သည္ ဘြားျမင္လတံ့ေသာ သူငယ္၌ အဘယ္သို႔ ျပဳရမည္ကို ဘုရားသခင္၏ တမန္ေတာ္သည္ တဖန္လာ၍ သြန္သင္ေစေတာ္မူပါဟု ထာဝရဘုရား အား ေတာင္းေလၽွာက္ေသာ္၊ 
  8. ထာဝရဘုရားသည္ မာေနာ္စကားကို နားေထာင္ေတာ္မူ၍၊ ဘုရားသခင္၏ ေကာင္းကင္တမန္သည္ လယ္လုပ္ရာအရပ္၌ ထိုင္လ်က္ရွိေသာ ထိုမိန္းမဆီသို႔ လာျပန္၏။ ထိုအခါ ခင္ပြန္းမာေနာ္မရွိ။ 
  9. မိန္းမသည္ မိမိခင္ပြန္းထံသို႔ အလ်င္အျမန္ေျပး၍၊ တေန႔ကလာေသာသူသည္ ယခုလာေရာက္ၿပီဟု ၾကားေျပာလၽွင္၊ 
  10. မာေနာ္သည္ ထ၍ မယားႏွင့္အတူ ထိုသူထံသို႔ သြားၿပီးလၽွင္၊ သင္သည္ ဤမိန္းမအား ေျပာေသာ သူမွန္သေလာဟု ေမးေသာ္၊ မွန္သည္ဟု ဆို၏။ 
  11. မာေနာ္ကလည္း၊ ကိုယ္ေတာ္၏စကားျပည့္စုံပါေစေသာ။ သူငယ္သည္ အဘယ္သို႔ေသာသူ ျဖစ္ပါလိမ့္မည္နည္း။ သူ၌ အဘယ္သို႔ ျပဳရပါမည္နည္းဟု ေမးေသာ္၊ 
  12. ထာဝရဘုရား၏ ေကာင္းကင္တမန္က၊ ငါေျပာသမၽွကို မိန္းမေရွာင္ရမည္။ 
  13. စပ်စ္ပင္မွ ျဖစ္သမၽွကို မစားရ။ စပ်စ္ရည္မွစ၍ ေသရည္ေသရက္ကို မေသာက္ရ။ မစင္ၾကယ္ေသာ အရာကို မစားရ။ ငါမွာထားသမၽွအတိုင္း ေစာင့္ေရွာက္ရမည္ဟု မာေနာ္အား ေျပာဆို၏။
  14. မာေနာ္ကလည္း၊ ကိုယ္ေတာ္အဘို႔ ဆိတ္သငယ္ကို မျပင္ဆင္မွီတိုင္ေအာင္ ကိုယ္ေတာ္ကို ဆီးတားပါရေစဟု ထာဝရဘုရား၏ေကာင္းကင္တမန္အား ဆိုလၽွင္၊ 
  15. ထာဝရဘုရား၏ ေကာင္းကင္တမန္က၊ ငါ့ကို ဆီးတားေသာ္လည္း သင္၏စားစရာကို ငါမစား။ မီးရွို႔ရာယဇ္ကို ပူေဇာ္လိုလၽွင္ ထာဝရဘုရားအား ပူေဇာ္ရမည္ဟု မာေနာ္အား ဆိုျပန္၏။ သူသည္ ထာဝရဘုရား၏ ေကာင္းကင္တမန္ျဖစ္သည္ကို မာေနာ္ မသိေသး။ 
  16. မာေနာ္ကလည္း ကိုယ္ေတာ္စကား ျပည့္စုံေသာအခါ၊ အကၽြန္ုပ္တို႔သည္ ကိုယ္ေတာ္ကိုခ်ီးမြမ္းရမည္ အေၾကာင္း၊ ကိုယ္ေတာ္၏အမည္ကား အဘယ္သို႔နည္းဟု ထာဝရဘုရား၏ေကာင္းကင္တမန္ အား ေမးေသာ္၊ 
  17. ထာဝရဘုရား၏ ေကာင္းကင္တမန္က၊ အံ့ဩဘြယ္ျဖစ္ေသာ ငါ့အမည္ကို အဘယ္ေၾကာင့္ ေမးသနည္းဟု ဆို၏။ 
  18. မာေနာ္သည္ ဆိတ္သငယ္ႏွင့္ ေဘာဇဥ္ပူေဇာ္သကၠာကို ယူ၍ ေက်ာက္ေပၚမွာ ထာဝရဘုရားအား ပူေဇာ္ေလ၏။ ထိုအခါ မာေနာ္လင္မယားတို႔သည္ ၾကည့္၍ ျမင္ရေသာ အံ့ဩဘြယ္ဟူမူကား၊ 
  19. မီးလၽွံသည္ ယဇ္ပလႅင္ေပၚက မိုဃ္းေကာင္းကင္သို႔ တက္စဥ္တြင္၊ ထာဝရဘုရား၏ ေကာင္းကင္တမန္ သည္ ယဇ္ပလႅင္မီးလၽွံ၌ တက္ေလ၏။ မာေနာ္လင္မယားတို႔သည္ ၾကည့္၍ျမင္လၽွင္ ေျမေပၚမွာ ျပပ္ဝပ္လ်က္ေနၾက၏။ 
  20. ထာဝရဘုရား၏ေကာင္းကင္တမန္သည္၊ မာေနာ္လင္မယားတို႔အား တဖန္မေပၚလာ။ ထိုအခါ မာေနာ္သည္ ထာဝရဘုရား၏ ေကာင္းကင္တမန္ျဖစ္သည္ကို သိ၏။ 
  21. မာေနာ္ကလည္း၊ ငါတို႔သည္ ဘုရားသခင္ကို ျမင္ေသာေၾကာင့္၊ ဆက္ဆက္ေသေတာ့မည္ဟု မယားအား ေျပာေသာ္၊
  22. မယားက၊ ထာဝရဘုရားသည္ ငါတို႔ကို သတ္ျခင္းငွါ အလိုေတာ္ရွိလၽွင္၊ မီးရွို႔ရာယဇ္ႏွင့္ ေဘာဇဥ္ ပူေဇာ္သကၠာကို ငါတို႔လက္မွ ခံယူေတာ္မမူ။ ဤအျခင္းအရာအလုံးစုံတို႔ကိုလည္း ျပေတာ္မမူ။ ယခုအခါ၌ ဤသို႔ေသာ စကားကိုလည္း မိန္႔ေတာ္မမူဟု ျပန္ေျပာ၏။
  23. ထိုမိန္းမသည္ သားေယာက္်ားကို ဘြားျမင္၍၊ ရွံဆုန္အမည္ျဖင့္ မွည့္၏။ သူငယ္သည္ ႀကီးပြား၍ ထာဝရဘုရားေကာင္းႀကီးေပးေတာ္မူ၏။ 
  24. ထာဝရဘုရား၏ဝိညာဥ္ေတာ္သည္၊ ေဇာရာၿမိဳ႕ႏွင့္ ဧရွေတာလၿမိဳ႕စပ္ၾကား၊ ဒန္အမ်ိဳးတပ္၌ တခါတေလ ႏွိုးေဆာ္စျပဳေတာ္မူ၏။

Unicode -

တရားသူကြီးမှတ်စာ ၁၃
  1. တဖန် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ ထာဝရဘုရားသည် သူတို့ကို ဖိလိတ္တိလူတို့လက်သို့ အနှစ်လေးဆယ်ပတ်လုံးအပ်တော်မူ၏။
  2. ဒန်အမျိုး၊ ဇောရာမြို့သား မာနော်အမည်ရှိသော သူတယောက်ရှိ၏။ သူ၏မယားသည် မြုံသော ကြောင့် သားမဘွား။
  3. ထာဝရဘုရား၏ကောင်းကင်တမန်သည် ထိုမိန်းမအား ကိုယ်ထင်ရှား၍၊ သင်သည် မြုံသောကြောင့် သားမဘွားသော်လည်း၊ ယခု ပဋိသန္ဓေယူ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည်။
  4. သို့ဖြစ်၍ သတိပြုလော့။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သော အစာကို မစားနှင့်။
  5. အကြောင်းမူကား၊ ပဋိသန္ဓေယူ၍ ဘွားမြင်လတံ့သော သားယောက်ျားသည် ဆံပင်ရိတ်ခြင်းကို မခံဘဲ၊ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏ နာဇရိလူဖြစ်ရလိမ့်မည်။ သူသည်လည်း ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်မှ ကယ်နှုတ်စပြုလိမ့်မည်ဟု ဆို၏။
  6. ထိုမိန်းမသည်လည်း မိမိခင်ပွန်းထံသို့ သွား၍ ဘုရားသခင်၏ ကောင်းကင်တမန်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်သော မျက်နှာရှိသော ဘုရားသခင်၏ လူတယောက်သည် အကျွန်ုပ်ဆီသို့ လာ၏။ အဘယ်ကလာသနည်းဟု အကျွန်ုပ်လည်း မမေး။ သူသည်လည်း မိမိအမည်ကို မပြော။ သူကလည်း၊ သင်သည် ပဋိသန္ဓေယူ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သော အစာကို မစားနှင့်။ အကြောင်းမူကား၊ ထိုသူငယ်သည် အမိဝမ်းထဲမှစ၍ သေသောနေ့တိုင်အောင် ဘုရားသခင်၏ နာဇရိလူဖြစ်ရလိမ့်မည်ဟု အကျွန်ုပ်အား မိန့်မြွက်ကြောင်းကို ပြောဆိုလေ၏။
  7. ထိုအခါ မာနော်က၊ အိုဘုရားရှင်၊ အကျွန်ုပ်တို့သည် ဘွားမြင်လတံ့သော သူငယ်၌ အဘယ်သို့ ပြုရမည်ကို ဘုရားသခင်၏ တမန်တော်သည် တဖန်လာ၍ သွန်သင်စေတော်မူပါဟု ထာဝရဘုရား အား တောင်းလျှောက်သော်၊
  8. ထာဝရဘုရားသည် မာနော်စကားကို နားထောင်တော်မူ၍၊ ဘုရားသခင်၏ ကောင်းကင်တမန်သည် လယ်လုပ်ရာအရပ်၌ ထိုင်လျက်ရှိသော ထိုမိန်းမဆီသို့ လာပြန်၏။ ထိုအခါ ခင်ပွန်းမာနော်မရှိ။
  9. မိန်းမသည် မိမိခင်ပွန်းထံသို့ အလျင်အမြန်ပြေး၍၊ တနေ့ကလာသောသူသည် ယခုလာရောက်ပြီဟု ကြားပြောလျှင်၊
  10. မာနော်သည် ထ၍ မယားနှင့်အတူ ထိုသူထံသို့ သွားပြီးလျှင်၊ သင်သည် ဤမိန်းမအား ပြောသော သူမှန်သလောဟု မေးသော်၊ မှန်သည်ဟု ဆို၏။
  11. မာနော်ကလည်း၊ ကိုယ်တော်၏စကားပြည့်စုံပါစေသော။ သူငယ်သည် အဘယ်သို့သောသူ ဖြစ်ပါလိမ့်မည်နည်း။ သူ၌ အဘယ်သို့ ပြုရပါမည်နည်းဟု မေးသော်၊
  12. ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါပြောသမျှကို မိန်းမရှောင်ရမည်။
  13. စပျစ်ပင်မှ ဖြစ်သမျှကို မစားရ။ စပျစ်ရည်မှစ၍ သေရည်သေရက်ကို မသောက်ရ။ မစင်ကြယ်သော အရာကို မစားရ။ ငါမှာထားသမျှအတိုင်း စောင့်ရှောက်ရမည်ဟု မာနော်အား ပြောဆို၏။
  14. မာနော်ကလည်း၊ ကိုယ်တော်အဘို့ ဆိတ်သငယ်ကို မပြင်ဆင်မှီတိုင်အောင် ကိုယ်တော်ကို ဆီးတားပါရစေဟု ထာဝရဘုရား၏ကောင်းကင်တမန်အား ဆိုလျှင်၊
  15. ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါ့ကို ဆီးတားသော်လည်း သင်၏စားစရာကို ငါမစား။ မီးရှို့ရာယဇ်ကို ပူဇော်လိုလျှင် ထာဝရဘုရားအား ပူဇော်ရမည်ဟု မာနော်အား ဆိုပြန်၏။ သူသည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို မာနော် မသိသေး။
  16. မာနော်ကလည်း ကိုယ်တော်စကား ပြည့်စုံသောအခါ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုချီးမွမ်းရမည် အကြောင်း၊ ကိုယ်တော်၏အမည်ကား အဘယ်သို့နည်းဟု ထာဝရဘုရား၏ကောင်းကင်တမန် အား မေးသော်၊
  17. ထာဝရဘုရား၏ ကောင်းကင်တမန်က၊ အံ့ဩဘွယ်ဖြစ်သော ငါ့အမည်ကို အဘယ်ကြောင့် မေးသနည်းဟု ဆို၏။
  18. မာနော်သည် ဆိတ်သငယ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ယူ၍ ကျောက်ပေါ်မှာ ထာဝရဘုရားအား ပူဇော်လေ၏။ ထိုအခါ မာနော်လင်မယားတို့သည် ကြည့်၍ မြင်ရသော အံ့ဩဘွယ်ဟူမူကား၊
  19. မီးလျှံသည် ယဇ်ပလ္လင်ပေါ်က မိုဃ်းကောင်းကင်သို့ တက်စဉ်တွင်၊ ထာဝရဘုရား၏ ကောင်းကင်တမန် သည် ယဇ်ပလ္လင်မီးလျှံ၌ တက်လေ၏။ မာနော်လင်မယားတို့သည် ကြည့်၍မြင်လျှင် မြေပေါ်မှာ ပြပ်ဝပ်လျက်နေကြ၏။
  20. ထာဝရဘုရား၏ကောင်းကင်တမန်သည်၊ မာနော်လင်မယားတို့အား တဖန်မပေါ်လာ။ ထိုအခါ မာနော်သည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို သိ၏။
  21. မာနော်ကလည်း၊ ငါတို့သည် ဘုရားသခင်ကို မြင်သောကြောင့်၊ ဆက်ဆက်သေတော့မည်ဟု မယားအား ပြောသော်၊
  22. မယားက၊ ထာဝရဘုရားသည် ငါတို့ကို သတ်ခြင်းငှါ အလိုတော်ရှိလျှင်၊ မီးရှို့ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာကို ငါတို့လက်မှ ခံယူတော်မမူ။ ဤအခြင်းအရာအလုံးစုံတို့ကိုလည်း ပြတော်မမူ။ ယခုအခါ၌ ဤသို့သော စကားကိုလည်း မိန့်တော်မမူဟု ပြန်ပြော၏။
  23. ထိုမိန်းမသည် သားယောက်ျားကို ဘွားမြင်၍၊ ရှံဆုန်အမည်ဖြင့် မှည့်၏။ သူငယ်သည် ကြီးပွား၍ ထာဝရဘုရားကောင်းကြီးပေးတော်မူ၏။
  24. ထာဝရဘုရား၏ဝိညာဉ်တော်သည်၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြား၊ ဒန်အမျိုးတပ်၌ တခါတလေ နှိုးဆော်စပြုတော်မူ၏။

Comments

Popular posts from this blog

ဘုရားသခင္ကို ခ်ီးမြမ္းသည့္အသက္တာ

ေယာသပ္ကို ကၽြန္အျဖစ္ေရာင္းစားခံရျခင္း

သင္၏တဲရာကို က်ယ္ေစေလာ့