ေယာသပ္၏႐ူပါ႐ံုျပည့္စံုလာျခင္း ၃

 Zawgyi -
ကမၻာဦးက်မ္း ၄၁
  1. ထိုေနာက္ ႏွစ္ႏွစ္လြန္ေသာအခါ၊ ဖါေရာမင္း သည္ အိပ္မက္ကို ျမင္မက္သည္ကား၊ မိမိသည္ ျမစ္နား ၌ ရပ္ေန၏။ 
  2. အဆင္းလွ၍ဝေသာ ႏြားခုနစ္ေကာင္တို႔သည္ ျမစ္ထဲကထြက္၍ ျမစ္နားမွာေပါက္ေသာ ျမက္ပင္ကို စားလ်က္ ေနၾက၏။ 
  3. ထိုႏြားတို႔ေနာက္မွ အဆင္းမလွ၊ ပိန္ေသာ ႏြားခုနစ္ေကာင္တို႔သည္ ျမစ္ထဲကထြက္၍ အရင္ႏြားတို႔ အနား၌ ကမ္းေပၚမွာ ရပ္ေနၾက၏။ 
  4. အဆင္းမလွ ပိန္ေသာႏြားတို႔သည္၊ အဆင္း လွ၍ ဝေသာႏြားခုနစ္ေကာင္တို႔ကို ကိုက္စားၾက၏။ ဖါေရာမင္းလည္း နိုးေလ၏။ 
  5. တဖန္အိပ္ျပန္၍ အိပ္မက္ကို ျမင္မက္ျပန္သည္ ကား၊ အလုံးႀကီး ၍ေကာင္းေသာ စပါးခုနစ္ႏွံတို႔သည္ စပါးတပင္တည္း၌ ျဖစ္ၾက၏။ 
  6. ထိုေနာက္မွ အလုံးေသး၍ အေရွ႕ေလျဖင့္ ပ်က္ေသာ စပါးခုနစ္ႏွံတို႔သည္ ေပါက္ၾက၏။ 
  7. အလုံးေသးေသာ စပါးခုနစ္ႏွံတို႔သည္ အလုံး ႀကီး၍ ေကာင္းေသာ စပါးခုနစ္ႏွံတို႔ကို စားၾက၏။ဖါေရာ မင္းလည္းနိုး၍ အိပ္မက္ျဖစ္သည္ကို သိေလ၏။
  8. နံနက္အခ်ိန္ ေရာက္ေသာအခါ၊ ဖါေရာမင္း သည္ စိတ္ပူပန္၍၊ အဲဂုတၱဳေဗဒင္တတ္ ပညာရွိအေပါင္း တို႔ကို ေခၚ၍ အိပ္မက္ေတာ္ကို ျပန္ၾကားေတာ္မူ၏။ သို႔ေသာ္လည္း ေရွ႕ေတာ္၌အနက္ကို ဘတ္နိုင္ေသာသူ တေယာက္မၽွမရွိ။ 
  9. ထိုအခါ ဖလားေတာ္ဝန္က၊ ကၽြန္ေတာ္သည္ ကိုယ္အျပစ္ကို ယေန႔ေအာက္ေမ့ပါ၏။ 
  10. ဖါေရာဘုရင္သည္ ကၽြန္ေတာ္ႏွင့္စားေတာ္ဝန္ ကို အမ်က္ထြက္၍ ကိုယ္ရံေတာ္မွူးအိမ္၌ ခ်ဳပ္ထားေတာ္ မူေသာအခါ၊ 
  11. ကၽြန္ေတာ္တို႔ႏွစ္ေယာက္သည္ အသီးအသီး မိမိတို႔ ကိုယ္စီဆိုင္ေသာ အနက္ႏွင့္ျပည့္စုံေသာ အိပ္မက္ ကို တညဥ့္ျခင္းတြင္ ျမင္မက္ၾကပါ၏။ 
  12. ကၽြန္ေတာ္တို႔၌ ကိုယ္ရံေတာ္မွူး၏ကၽြန္ ေဟျဗဲ လုလင္တေယာက္ရွိ၏။ ထိုသူအား ကၽြန္ေတာ္တို႔သည္ ၾကားေျပာ၍ သူသည္ အိပ္မက္၏အနက္ကို ဘတ္ပါ၏။ တေယာက္စီျမင္မက္သည္အတိုင္း ဘတ္ပါ၏။ 
  13. ဘတ္သည္အတိုင္းလည္းမွန္ပါ၏။ ကၽြန္ေတာ္ သည္အရင္အရာကိုရျပန္၍၊ စားေတာ္ဝန္မူကား၊ ဆြဲထား ျခင္းကို ခံရပါသည္ဟု ေလၽွာက္ေလ၏။
  14. ထိုအခါ ဖါေရာမင္းသည္ လူကိုေစလႊတ္၍ ေယာသပ္ကို ေခၚေတာ္မူ၏။ ေယာသပ္သည္ ေထာင္ထဲ က အလ်င္အျမန္ထြက္ရ၍၊ မုတ္ဆိတ္ညႇပ္ျခင္း၊ အဝတ္ လဲျခင္းကို ျပဳၿပီးမွ အထံေတာ္သို႔ ဝင္ရ၏။ 
  15. ဖါေရာမင္းကလည္း၊ ငါသည္အိပ္မက္ကို ျမင္ မက္ၿပီ။ အနက္ကို အဘယ္သူမၽွမဘတ္နိုင္။ သင္သည္ အိပ္မက္ကို နားလည္ေသာ ဥာဏ္ႏွင့္ အနက္ဘတ္နိုင္ သည္ကို ငါၾကားရၿပီဟုဆို၏။ 
  16. ေယာသပ္ကလည္း၊ ကၽြန္ေတာ္သည္ အလို အေလ်ာက္မတတ္နိုင္ပါ။ ဘုရားသခင္သည္ မဂၤလာ အေျဖစကားကို ဖါေရာဘုရင္အား ေပးေတာ္မူပါေစေသာ ဟု ေလၽွာက္ေလ၏။ 
  17. ဖါေရာမင္းကလည္း၊ ငါျမင္မက္သည္မွာ၊ ျမစ္နား၌ ငါရပ္ေန၏။ 
  18. အဆင္းလွ၍ဝေသာ ႏြားခုနစ္ေကာင္တို႔သည္ ျမစ္ထဲကထြက္၍၊ ျမစ္နားမွာေပါက္ေသာ ျမက္ပင္ကို စားလ်က္ ေနၾက၏။ 
  19. ထိုႏြားတို႔ေနာက္မွ၊ အဆင္းမလွ ပိန္ၾကဳံေသာ ႏြားခုနစ္ေကာင္တို႔သည္ ထြက္လာၾက၏။ ထိုမၽွေလာက္ အ႐ုပ္ဆိုးေသာ ႏြားတို႔ကို အဲဂုတၱဳျပည္တေရွာက္လုံးတြင္ တခါမၽွမျမင္ရစဖူး။ 
  20. အဆင္းမလွ ပိန္ေသာႏြားတို႔သည္၊ ဝေသာ အရင္ႏြားခုနစ္ေကာင္တို႔ကို ကိုက္စားၾက၏။ 
  21. စားၿပီးေသာေနာက္၊ စားမွန္းကို အဘယ္သူမၽွ မသိရ။ အရင္ကဲ့သို႔ အ႐ုပ္ဆိုးေသး၏။ ငါလည္း နိုး၏။ 
  22. တဖန္ငါျမင္မက္ ျပန္သည္ကား၊ အလုံးႀကီး၍ ေကာင္းေသာ စပါးခုနစ္ႏွံတို႔သည္ စပါးတပင္တည္း၌ ျဖစ္ၾက၏။ 
  23. ထိုေနာက္မွ ညႇိုးႏြမ္းလ်က္ အလုံးေသး၍ အေရွ႕ ေလျဖင့္ ပ်က္ေသာ စပါးခုနစ္ႏွံတို႔သည္ ေပါက္ၾက၏။ 
  24. အလုံးေသးေသာ စပါးႏွံတို႔သည္ ေကာင္းေသာ စပါးခုနစ္ႏွံတို႔ကို စားၾက၏။ ထိုအိမ္မက္ကို ေဗဒင္တတ္ တို႔အား ငါၾကားေျပာ၍ အနက္ကို အဘယ္သူမၽွ မဘတ္နိုင္ဟု ေယာသပ္အား ေျပာဆိုေတာ္မူ၏။
  25. ေယာသပ္ကလည္း၊ ဖါေရာဘုရင္ ျမင္မက္ေတာ္ မူေသာ အိပ္မက္ကား တပါးတည္းျဖစ္ပါ၏။ ဘုရားသခင္ ျပဳလတံ့ေသာအမွုကို ဖါေရာဘုရင္အား ျပေတာ္မူၿပီ။ 
  26. ေကာင္းေသာ ႏြားခုနစ္ေကာင္တို႔သည္ ခုနစ္ႏွစ္ျဖစ္ပါ၏။ ေကာင္းေသာစပါးခုနစ္ႏွံတို႔သည္လည္း ခုနစ္ႏွစ္ျဖစ္ပါ၏။ အိပ္မက္ေတာ္ကား တပါးတည္း ျဖစ္ပါ၏။ 
  27. ထိုႏြားတို႔ေနာက္ ထြက္လာေသာႏြား၊ ပိန္၍ အ႐ုပ္ဆိုးေသာ ႏြားခုနစ္ေကာင္တို႔သည္ ခုနစ္ႏွစ္ျဖစ္ပါ ၏။ အေရွ႕ေလျဖင့္ပ်က္ေသာ စပါးဖ်င္း ခုနစ္ႏွံတို႔သည္ လည္း၊ အစာေခါင္းပါးေသာ ခုနစ္ႏွစ္ျဖစ္ပါ၏။ 
  28. ဖါေရာဘုရင္အား ကၽြန္ေတာ္ေလၽွာက္လိုေသာ အရာဟူမူကား၊ ဘုရားသခင္ျပဳလတံ့ေသာ အမွုကိုဖါေရာ ဘုရင္အား ျပေတာ္မူ၏။ 
  29. အဲဂုတၱဳျပည္တေရွာက္လုံးတြင္ ဝေျပာေသာႏွစ္ ခုနစ္ႏွစ္ရွိလိမ့္မည္။ 
  30. ထိုေနာက္မွ အစာေခါင္းပါးေသာႏွစ္ ခုနစ္ႏွစ္ ေပၚလာ၍၊ အဲဂုတၱဳျပည္၌အလုံးစုံေသာ ဝေျပာျခင္းသည္ တိမ္ျမဳပ္လ်က္ အစာေခါင္းပါးျခင္းအားျဖင့္ တျပည္လုံး ပ်က္ စီးလိမ့္မည္။ 
  31. အစာေခါင္းပါးျခင္းသည္ အလြန္အားႀကီးေသာ ေၾကာင့္၊ အရင္ဝေျပာျခင္း၏ လကၡဏာမထင္ရ။ 
  32. ဖါေရာဘုရင္သည္ ထပ္၍အိပ္မက္ျမင္ရသည္ အရာမွာ၊ ထိုအမွုကို ဘုရားသခင္ ျမဲၿမံခိုင္ခံ့ေစ၍ အလ်င္ အျမန္ စီရင္ေတာ္မူလိမ့္မည္။ 
  33. သို႔ျဖစ္၍ ဖါေရာဘုရင္သည္ ဥာဏ္ပညာႏွင့္ ျပည့္စုံေသာသူကို ေရြးခ်ယ္၍ အဲဂုတၱဳျပည္ကို အုပ္စိုး ေစေတာ္မူပါ။ 
  34. ခန္႔ထားေတာ္မူေသာသူသည္လည္း တျပည္လုံး ၌ အႀကီးအၾကပ္တို႔ကို ခန္႔ထား၍၊ ဝေျပာေသာႏွစ္ ခုနစ္ ႏွစ္ပတ္လုံး တျပည္လုံးတြင္ ငါးဘို႔တဘို႔ေကာက္ယူၾက ပါေစ။ 
  35. ထိုသူတို႔သည္ျဖစ္လတံ့ေသာ မဂၤလာႏွစ္တို႔တြင္ ရိကၡာရွိသမၽွကို စု႐ုံး၍ ဖါေရာဘုရင္ထံေတာ္၌ စပါးမ်ား ကို ဆည္းဘူးၾကပါေစ။ ၿမိဳ႕မ်ား၌လည္း ရိကၡာကို သိုထား ၾကပါေစ။ 
  36. သို႔ျဖစ္၍ အဲဂုတၱဳျပည္၌ အစာေခါင္းပါးေသာႏွစ္ ခုနစ္ႏွစ္ေရာက္ေသာအခါ၊ ျပည္သူျပည္သား စားစရာဘို႔ သိုထားလ်က္ရွိႏွင့္၍ အစာေခါင္းပါးေသာ ကာလတြင္ ျပည္ေတာ္မပ်က္ရဟု ဖါေရာမင္းအား ေလၽွာက္ေလ၏။
  37. ထိုသို႔ ေယာသပ္ေလၽွာက္ေသာစကားကို ဖါေရာ မင္းအစရွိေသာ ကၽြန္ေတာ္မ်ိဳးအေပါင္းတို႔သည္ ႏွစ္သက္ ၾက၍၊ 
  38. ဖါေရာမင္းက၊ ဘုရားသခင္၏ ဝိညာဥ္ေတာ္ကို ရ၍ ဤကဲ့သို႔ေသာ သူကို အဘယ္မွာ ရွာ၍ ေတြ႕မည္ နည္းဟု ကၽြန္ေတာ္မ်ိဳးတို႔အား မိန္႔ေတာ္မူ၏။ 
  39. ေယာသပ္အားလည္း၊ ဘုရားသခင္သည္ ဤအမွုအလုံးစုံတို႔ကို သင့္အား ျပဳေတာ္မူသည္ျဖစ္၍ သင္ကဲ့သို႔ ဥာဏ္ပညာႏွင့္ ျပည့္စုံေသာသူ မရွိ။ 
  40. သင္သည္ နန္းေတာ္အုပ္ျဖစ္ရမည္။ သင္၏ စကားအတိုင္း ငါ၏ျပည္သားအေပါင္းတို႔ကို ငါစီရင္ ေစမည္။ ရာဇပလႅင္အားျဖင့္သာ ငါသည္ သင့္ထက္ ႀကီးျမတ္မည္ဟု မိန္႔ေတာ္မူ၏။ 
  41. တဖန္ၾကည့္ပါ၊ အဲဂုတၱဳျပည္တျပည္လုံးကို သင္အုပ္စိုးေစျခင္းငွါ ငါခန္႔ထားၿပီဟု ေယာသပ္အား မိန္႔ေတာ္မူလ်က္၊ 
  42. လက္စြပ္ေတာ္ကိုခၽြတ္၍ ေယာသပ္လက္၌ စြပ္ေစေတာ္မူ၏။ ပိတ္ေခ်ာအဝတ္ကိုလည္း ဝတ္ေစ၍၊ လည္ပင္း၌ ေရႊစလြယ္ကိုဆြဲၿပီးလၽွင္၊ 
  43. ဒုတိယရထားေတာ္ကို စီးေစေတာ္မူ၏။ ျပပ္ဝပ္ ၍ ေနၾကဟု သူ႔ေရွ႕မွာ ဟစ္ၾက၏။ ထိုသို႔လၽွင္ အဲဂုတၱဳ ျပည္တျပည္လုံးကို အုပ္စိုးေစေတာ္မူ၏။ 
  44. ဖါေရာမင္းကလည္း၊ ငါသည္ ဖါေရာဘုရင္ မွန္၏။ သို႔ျဖစ္၍ သင္၏အခြင့္မရွိလၽွင္ အဲဂုတၱဳျပည္ တေရွာက္လုံးတြင္ အဘယ္သူမၽွ မိမိလက္ေျခကိုမႂကြရဟု မိန္႔ေတာ္မူ၏။ 
  45. ဖါေရာမင္းသည္လည္း၊ ဇာဖဏာသဖါဏတည္း ဟူေသာ ဘြဲ႕နာမႏွင့္ေယာသပ္ကို ခ်ီးေျမႇာက္၍ ဩနၿမိဳ႕၏ ယဇ္ပုေရာဟိတ္ေပါတိေဖရ၏သမီးအာသနတ္ႏွင့္ စုံဘက္ေစေတာ္မူ၏။ ထိုသို႔ေယာသပ္သည္ အဲဂုတၱဳ နိုင္ငံအုပ္အရာႏွင့္ အထံေတာ္ကထြက္ေလ၏။
  46. ေယာသပ္သည္ အဲဂုတၱဳရွင္ဘုရင္ ဖါေရာမင္း ထံ၌ အခြင့္ရေသာအခါ၊ အသက္အႏွစ္သုံးဆယ္ ရွိသ တည္း။ အထံေတာ္ကထြက္၍ အဲဂုတၱဳျပည္တေရွာက္လုံး သို႔ သြားေလ၏။ 
  47. ဝေျပာႏွစ္ ခုနစ္ႏွစ္ပတ္လုံး ေျမအသီးအႏွံတို႔ သည္ အလြန္မ်ားျပားၾက၏။ 
  48. ခုနစ္ႏွစ္ပတ္လုံး အဲဂုတၱဳျပည္တြင္ ရွိသမၽွေသာ ရိကၡာကိုစု႐ုံး၍ ၿမိဳ႕တို႔၌ သိုထားေလ၏။ ၿမိဳ႕ပတ္ဝန္းက်င္ လယ္တို႔၌ရေသာ ရိကၡာကိုၿမိဳ႕အသီးအသီးတို႔တြင္ သိုထား ေလ၏။ 
  49. စပါးကိုကား သမုဒၵရာသဲလုံးႏွင့္အမၽွ အလြန္ မ်ားစြာစုထား၍ မေရတြက္နိုင္ေအာင္ မ်ားေသာေၾကာင့္ မေရတြက္ဘဲေနသတည္း။
  50. အစာေခါင္းပါးေသာႏွစ္ မေရာက္မွီ၊ ေယာသပ္ သည္ ဩနၿမိဳ႕၏ယဇ္ပုေရာဟိတ္ ေပါတိေဖရ၏သမီး အာသနတ္တြင္ သားႏွစ္ေယာက္တို႔ကို ျမင္ရ၏။ 
  51. သားဦးကိုကား မနာေရွအမည္ျဖင့္ မွည့္ေလ၏။ အေၾကာင္းမူကား၊ ငါခံရသမၽွေသာ ပင္ပန္းျခင္းႏွင့္ ငါ့အဘ၏ အိမ္သားအေပါင္းတို႔ကို ငါေမ့ေစျခင္းငွါ ဘုရားသခင္ျပဳေတာ္မူၿပီဟု ဆိုသတည္း။ 
  52. ေနာက္ရေသာသားကိုကား၊ ဧဖရိမ္အမည္ျဖင့္ မွည့္ေလ၏။ အေၾကာင္းမူကား၊ ဘုရားသခင္သည္ ငါဆင္းရဲခံရေသာျပည္၌ ငါ့ကိုပြါးမ်ား ေစေတာ္မူၿပီဟု ဆိုသတည္း။
  53. ထိုေနာက္ အဲဂုတၱဳျပည္၌ ဝေျပာေသာႏွစ္ ခုနစ္ ႏွစ္ကုန္ေလ၏။ 
  54. ေယာသပ္ေျပာသည္အတိုင္း အစာေခါင္းပါး ေသာ ႏွစ္တို႔သည္ ေရာက္စရွိ၏။ ထိုအခါ ခပ္သိမ္းေသာ ျပည္တို႔၌ အစာေခါင္းပါးျခင္းရွိေသာ္လည္း အဲဂုတၱဳျပည္ ၌ ဆန္စပါးရွိေသး၏။ 
  55. ေနာက္တဖန္ အဲဂုတၱဳျပည္သူ ျပည္သား အေပါင္းတို႔သည္ မြတ္သိပ္ေသာအခါ စားစရာကိုရပါ မည္အေၾကာင္း ဖါေရာမင္းထံ၌ ေႂကြးေၾကာ္ၾက၏။ဖါေရာမင္းကလည္း၊ ေယာသပ္ထံသို႔သြားၾက၊ သူစီရင္ သည္အတိုင္းျပဳၾကဟု အဲဂုတၱဳျပည္သူျပည္သား အေပါင္းတို႔ကို မိန္႔ေတာ္မူ၏။ 
  56. ေျမျပင္တေရွာက္လုံး၌ အစာေခါင္းပါးေသာ အခါ၊ ေယာသပ္သည္ စပါးက်ီရွိသမၽွတို႔ကို ဖြင့္၍ အဲဂုတၱဳ လူတို႔အား ေရာင္းေလ၏။ ထိုအခါ အဲဂုတၱဳျပည္၌ အစဥ္ အတိုင္း အစာေခါင္းပါးသတည္း။ 
  57. ခပ္သိမ္းေသာျပည္တို႔၌လည္း အလြန္အစာ ေခါင္းပါးေသာေၾကာင့္၊ အသီးသီးေသာျပည္သားတို႔သည္ စပါးကိုဝယ္ျခင္းငွါ အဲဂုတၱဳျပည္ ေယာသပ္ထံသို႔ လာ ေရာက္ၾက၏။

Unicode
ကမ္ဘာဦးကျမ်း ၄၁ 
  1. ထိုနောက် နှစ်နှစ်လွန်သောအခါ၊ ဖါရောမင်း သည် အိပ်မက်ကို မြင်မက်သည်ကား၊ မိမိသည် မြစ်နား ၌ ရပ်နေ၏။ 
  2. အဆင်းလှ၍ဝသော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ မြစ်နားမှာပေါက်သော မြက်ပင်ကို စားလျက် နေကြ၏။ 
  3. ထိုနွားတို့နောက်မှ အဆင်းမလှ၊ ပိန်သော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ အရင်နွားတို့ အနား၌ ကမ်းပေါ်မှာ ရပ်နေကြ၏။ 
  4. အဆင်းမလှ ပိန်သောနွားတို့သည်၊ အဆင်း လှ၍ ဝသောနွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။ ဖါရောမင်းလည်း နိုးလေ၏။ 
  5. တဖန်အိပ်ပြန်၍ အိပ်မက်ကို မြင်မက်ပြန်သည် ကား၊ အလုံးကြီး ၍ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတပင်တည်း၌ ဖြစ်ကြ၏။ 
  6. ထိုနောက်မှ အလုံးသေး၍ အရှေ့လေဖြင့် ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ၏။ 
  7. အလုံးသေးသော စပါးခုနစ်နှံတို့သည် အလုံး ကြီး၍ ကောင်းသော စပါးခုနစ်နှံတို့ကို စားကြ၏။ဖါရော မင်းလည်းနိုး၍ အိပ်မက်ဖြစ်သည်ကို သိလေ၏။
  8. နံနက်အချိန် ရောက်သောအခါ၊ ဖါရောမင်း သည် စိတ်ပူပန်၍၊ အဲဂုတ္တုဗေဒင်တတ် ပညာရှိအပေါင်း တို့ကို ခေါ်၍ အိပ်မက်တော်ကို ပြန်ကြားတော်မူ၏။ သို့သော်လည်း ရှေ့တော်၌အနက်ကို ဘတ်နိုင်သောသူ တယောက်မျှမရှိ။ 
  9. ထိုအခါ ဖလားတော်ဝန်က၊ ကျွန်တော်သည် ကိုယ်အပြစ်ကို ယနေ့အောက်မေ့ပါ၏။ 
  10. ဖါရောဘုရင်သည် ကျွန်တော်နှင့်စားတော်ဝန် ကို အမျက်ထွက်၍ ကိုယ်ရံတော်မှူးအိမ်၌ ချုပ်ထားတော် မူသောအခါ၊ 
  11. ကျွန်တော်တို့နှစ်ယောက်သည် အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသော အိပ်မက် ကို တညဉ့်ခြင်းတွင် မြင်မက်ကြပါ၏။ 
  12. ကျွန်တော်တို့၌ ကိုယ်ရံတော်မှူး၏ကျွန် ဟေဗြဲ လုလင်တယောက်ရှိ၏။ ထိုသူအား ကျွန်တော်တို့သည် ကြားပြော၍ သူသည် အိပ်မက်၏အနက်ကို ဘတ်ပါ၏။ တယောက်စီမြင်မက်သည်အတိုင်း ဘတ်ပါ၏။ 
  13. ဘတ်သည်အတိုင်းလည်းမှန်ပါ၏။ ကျွန်တော် သည်အရင်အရာကိုရပြန်၍၊ စားတော်ဝန်မူကား၊ ဆွဲထား ခြင်းကို ခံရပါသည်ဟု လျှောက်လေ၏။
  14. ထိုအခါ ဖါရောမင်းသည် လူကိုစေလွှတ်၍ ယောသပ်ကို ခေါ်တော်မူ၏။ ယောသပ်သည် ထောင်ထဲ က အလျင်အမြန်ထွက်ရ၍၊ မုတ်ဆိတ်ညှပ်ခြင်း၊ အဝတ် လဲခြင်းကို ပြုပြီးမှ အထံတော်သို့ ဝင်ရ၏။ 
  15. ဖါရောမင်းကလည်း၊ ငါသည်အိပ်မက်ကို မြင် မက်ပြီ။ အနက်ကို အဘယ်သူမျှမဘတ်နိုင်။ သင်သည် အိပ်မက်ကို နားလည်သော ဉာဏ်နှင့် အနက်ဘတ်နိုင် သည်ကို ငါကြားရပြီဟုဆို၏။ 
  16. ယောသပ်ကလည်း၊ ကျွန်တော်သည် အလို အလျောက်မတတ်နိုင်ပါ။ ဘုရားသခင်သည် မင်္ဂလာ အဖြေစကားကို ဖါရောဘုရင်အား ပေးတော်မူပါစေသော ဟု လျှောက်လေ၏။ 
  17. ဖါရောမင်းကလည်း၊ ငါမြင်မက်သည်မှာ၊ မြစ်နား၌ ငါရပ်နေ၏။ 
  18. အဆင်းလှ၍ဝသော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍၊ မြစ်နားမှာပေါက်သော မြက်ပင်ကို စားလျက် နေကြ၏။ 
  19. ထိုနွားတို့နောက်မှ၊ အဆင်းမလှ ပိန်ကြုံသော နွားခုနစ်ကောင်တို့သည် ထွက်လာကြ၏။ ထိုမျှလောက် အရုပ်ဆိုးသော နွားတို့ကို အဲဂုတ္တုပြည်တရှောက်လုံးတွင် တခါမျှမမြင်ရစဖူး။ 
  20. အဆင်းမလှ ပိန်သောနွားတို့သည်၊ ဝသော အရင်နွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။ 
  21. စားပြီးသောနောက်၊ စားမှန်းကို အဘယ်သူမျှ မသိရ။ အရင်ကဲ့သို့ အရုပ်ဆိုးသေး၏။ ငါလည်း နိုး၏။ 
  22. တဖန်ငါမြင်မက် ပြန်သည်ကား၊ အလုံးကြီး၍ ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတပင်တည်း၌ ဖြစ်ကြ၏။ 
  23. ထိုနောက်မှ ညှိုးနွမ်းလျက် အလုံးသေး၍ အရှေ့ လေဖြင့် ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ၏။
  24. အလုံးသေးသော စပါးနှံတို့သည် ကောင်းသော စပါးခုနစ်နှံတို့ကို စားကြ၏။ ထိုအိမ်မက်ကို ဗေဒင်တတ် တို့အား ငါကြားပြော၍ အနက်ကို အဘယ်သူမျှ မဘတ်နိုင်ဟု ယောသပ်အား ပြောဆိုတော်မူ၏။
  25. ယောသပ်ကလည်း၊ ဖါရောဘုရင် မြင်မက်တော် မူသော အိပ်မက်ကား တပါးတည်းဖြစ်ပါ၏။ ဘုရားသခင် ပြုလတံ့သောအမှုကို ဖါရောဘုရင်အား ပြတော်မူပြီ။ 
  26. ကောင်းသော နွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ၏။ ကောင်းသောစပါးခုနစ်နှံတို့သည်လည်း ခုနစ်နှစ်ဖြစ်ပါ၏။ အိပ်မက်တော်ကား တပါးတည်း ဖြစ်ပါ၏။ 
  27. ထိုနွားတို့နောက် ထွက်လာသောနွား၊ ပိန်၍ အရုပ်ဆိုးသော နွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ ၏။ အရှေ့လေဖြင့်ပျက်သော စပါးဖျင်း ခုနစ်နှံတို့သည် လည်း၊ အစာခေါင်းပါးသော ခုနစ်နှစ်ဖြစ်ပါ၏။ 
  28. ဖါရောဘုရင်အား ကျွန်တော်လျှောက်လိုသော အရာဟူမူကား၊ ဘုရားသခင်ပြုလတံ့သော အမှုကိုဖါရော ဘုရင်အား ပြတော်မူ၏။ 
  29. အဲဂုတ္တုပြည်တရှောက်လုံးတွင် ဝပြောသောနှစ် ခုနစ်နှစ်ရှိလိမ့်မည်။ 
  30. ထိုနောက်မှ အစာခေါင်းပါးသောနှစ် ခုနစ်နှစ် ပေါ်လာ၍၊ အဲဂုတ္တုပြည်၌အလုံးစုံသော ဝပြောခြင်းသည် တိမ်မြုပ်လျက် အစာခေါင်းပါးခြင်းအားဖြင့် တပြည်လုံး ပျက် စီးလိမ့်မည်။ 
  31. အစာခေါင်းပါးခြင်းသည် အလွန်အားကြီးသော ကြောင့်၊ အရင်ဝပြောခြင်း၏ လက္ခဏာမထင်ရ။ 
  32. ဖါရောဘုရင်သည် ထပ်၍အိပ်မက်မြင်ရသည် အရာမှာ၊ ထိုအမှုကို ဘုရားသခင် မြဲမြံခိုင်ခံ့စေ၍ အလျင် အမြန် စီရင်တော်မူလိမ့်မည်။ 
  33. သို့ဖြစ်၍ ဖါရောဘုရင်သည် ဉာဏ်ပညာနှင့် ပြည့်စုံသောသူကို ရွေးချယ်၍ အဲဂုတ္တုပြည်ကို အုပ်စိုး စေတော်မူပါ။ 
  34. ခန့်ထားတော်မူသောသူသည်လည်း တပြည်လုံး ၌ အကြီးအကြပ်တို့ကို ခန့်ထား၍၊ ဝပြောသောနှစ် ခုနစ် နှစ်ပတ်လုံး တပြည်လုံးတွင် ငါးဘို့တဘို့ကောက်ယူကြ ပါစေ။ 
  35. ထိုသူတို့သည်ဖြစ်လတံ့သော မင်္ဂလာနှစ်တို့တွင် ရိက္ခာရှိသမျှကို စုရုံး၍ ဖါရောဘုရင်ထံတော်၌ စပါးများ ကို ဆည်းဘူးကြပါစေ။ မြို့များ၌လည်း ရိက္ခာကို သိုထား ကြပါစေ။ 
  36. သို့ဖြစ်၍ အဲဂုတ္တုပြည်၌ အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ရောက်သောအခါ၊ ပြည်သူပြည်သား စားစရာဘို့ သိုထားလျက်ရှိနှင့်၍ အစာခေါင်းပါးသော ကာလတွင် ပြည်တော်မပျက်ရဟု ဖါရောမင်းအား လျှောက်လေ၏။
  37. ထိုသို့ ယောသပ်လျှောက်သောစကားကို ဖါရော မင်းအစရှိသော ကျွန်တော်မျိုးအပေါင်းတို့သည် နှစ်သက် ကြ၍၊ 
  38. ဖါရောမင်းက၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို ရ၍ ဤကဲ့သို့သော သူကို အဘယ်မှာ ရှာ၍ တွေ့မည် နည်းဟု ကျွန်တော်မျိုးတို့အား မိန့်တော်မူ၏။ 
  39. ယောသပ်အားလည်း၊ ဘုရားသခင်သည် ဤအမှုအလုံးစုံတို့ကို သင့်အား ပြုတော်မူသည်ဖြစ်၍ သင်ကဲ့သို့ ဉာဏ်ပညာနှင့် ပြည့်စုံသောသူ မရှိ။ 
  40. သင်သည် နန်းတော်အုပ်ဖြစ်ရမည်။ သင်၏ စကားအတိုင်း ငါ၏ပြည်သားအပေါင်းတို့ကို ငါစီရင် စေမည်။ ရာဇပလ္လင်အားဖြင့်သာ ငါသည် သင့်ထက် ကြီးမြတ်မည်ဟု မိန့်တော်မူ၏။ 
  41. တဖန်ကြည့်ပါ၊ အဲဂုတ္တုပြည်တပြည်လုံးကို သင်အုပ်စိုးစေခြင်းငှါ ငါခန့်ထားပြီဟု ယောသပ်အား မိန့်တော်မူလျက်၊ 
  42. လက်စွပ်တော်ကိုချွတ်၍ ယောသပ်လက်၌ စွပ်စေတော်မူ၏။ ပိတ်ချောအဝတ်ကိုလည်း ဝတ်စေ၍၊ လည်ပင်း၌ ရွှေစလွယ်ကိုဆွဲပြီးလျှင်၊ 
  43. ဒုတိယရထားတော်ကို စီးစေတော်မူ၏။ ပြပ်ဝပ် ၍ နေကြဟု သူ့ရှေ့မှာ ဟစ်ကြ၏။ ထိုသို့လျှင် အဲဂုတ္တု ပြည်တပြည်လုံးကို အုပ်စိုးစေတော်မူ၏။ 
  44. ဖါရောမင်းကလည်း၊ ငါသည် ဖါရောဘုရင် မှန်၏။ သို့ဖြစ်၍ သင်၏အခွင့်မရှိလျှင် အဲဂုတ္တုပြည် တရှောက်လုံးတွင် အဘယ်သူမျှ မိမိလက်ခြေကိုမကြွရဟု မိန့်တော်မူ၏။ 
  45. ဖါရောမင်းသည်လည်း၊ ဇာဖဏာသဖါဏတည်း ဟူသော ဘွဲ့နာမနှင့်ယောသပ်ကို ချီးမြှောက်၍ ဩနမြို့၏ ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသနတ်နှင့် စုံဘက်စေတော်မူ၏။ ထိုသို့ယောသပ်သည် အဲဂုတ္တု နိုင်ငံအုပ်အရာနှင့် အထံတော်ကထွက်လေ၏။
  46. ယောသပ်သည် အဲဂုတ္တုရှင်ဘုရင် ဖါရောမင်း ထံ၌ အခွင့်ရသောအခါ၊ အသက်အနှစ်သုံးဆယ် ရှိသ တည်း။ အထံတော်ကထွက်၍ အဲဂုတ္တုပြည်တရှောက်လုံး သို့ သွားလေ၏။ 
  47. ဝပြောနှစ် ခုနစ်နှစ်ပတ်လုံး မြေအသီးအနှံတို့ သည် အလွန်များပြားကြ၏။ 
  48. ခုနစ်နှစ်ပတ်လုံး အဲဂုတ္တုပြည်တွင် ရှိသမျှသော ရိက္ခာကိုစုရုံး၍ မြို့တို့၌ သိုထားလေ၏။ မြို့ပတ်ဝန်းကျင် လယ်တို့၌ရသော ရိက္ခာကိုမြို့အသီးအသီးတို့တွင် သိုထား လေ၏။ 
  49. စပါးကိုကား သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန် များစွာစုထား၍ မရေတွက်နိုင်အောင် များသောကြောင့် မရေတွက်ဘဲနေသတည်း။
  50. အစာခေါင်းပါးသောနှစ် မရောက်မှီ၊ ယောသပ် သည် ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီး အာသနတ်တွင် သားနှစ်ယောက်တို့ကို မြင်ရ၏။ 
  51. သားဦးကိုကား မနာရှေအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ငါခံရသမျှသော ပင်ပန်းခြင်းနှင့် ငါ့အဘ၏ အိမ်သားအပေါင်းတို့ကို ငါမေ့စေခြင်းငှါ ဘုရားသခင်ပြုတော်မူပြီဟု ဆိုသတည်း။ 
  52. နောက်ရသောသားကိုကား၊ ဧဖရိမ်အမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် ငါဆင်းရဲခံရသောပြည်၌ ငါ့ကိုပွါးများ စေတော်မူပြီဟု ဆိုသတည်း။
  53. ထိုနောက် အဲဂုတ္တုပြည်၌ ဝပြောသောနှစ် ခုနစ် နှစ်ကုန်လေ၏။ 
  54. ယောသပ်ပြောသည်အတိုင်း အစာခေါင်းပါး သော နှစ်တို့သည် ရောက်စရှိ၏။ ထိုအခါ ခပ်သိမ်းသော ပြည်တို့၌ အစာခေါင်းပါးခြင်းရှိသော်လည်း အဲဂုတ္တုပြည် ၌ ဆန်စပါးရှိသေး၏။ 
  55. နောက်တဖန် အဲဂုတ္တုပြည်သူ ပြည်သား အပေါင်းတို့သည် မွတ်သိပ်သောအခါ စားစရာကိုရပါ မည်အကြောင်း ဖါရောမင်းထံ၌ ကြွေးကြော်ကြ၏။ဖါရောမင်းကလည်း၊ ယောသပ်ထံသို့သွားကြ၊ သူစီရင် သည်အတိုင်းပြုကြဟု အဲဂုတ္တုပြည်သူပြည်သား အပေါင်းတို့ကို မိန့်တော်မူ၏။ 
  56. မြေပြင်တရှောက်လုံး၌ အစာခေါင်းပါးသော အခါ၊ ယောသပ်သည် စပါးကျီရှိသမျှတို့ကို ဖွင့်၍ အဲဂုတ္တု လူတို့အား ရောင်းလေ၏။ ထိုအခါ အဲဂုတ္တုပြည်၌ အစဉ် အတိုင်း အစာခေါင်းပါးသတည်း။ 
  57. ခပ်သိမ်းသောပြည်တို့၌လည်း အလွန်အစာ ခေါင်းပါးသောကြောင့်၊ အသီးသီးသောပြည်သားတို့သည် စပါးကိုဝယ်ခြင်းငှါ အဲဂုတ္တုပြည် ယောသပ်ထံသို့ လာ ရောက်ကြ၏။

ေယာသပ္၏႐ူပါ႐ံုျပည့္စံုလာျခင္း ၁၊      ေယာသပ္၏႐ူပါ႐ံုျပည့္စံုလာျခင္း ၂၊ 

ေယာသပ္၏႐ူပါ႐ံုျပည့္စံုလာျခင္း ၄၊      ေယာသပ္၏႐ူပါ႐ံုျပည့္စံုလာျခင္း ၅၊

ေယာသပ္၏႐ူပါ႐ံုျပည့္စံုလာျခင္း ၆၊      ေယာသပ္၏႐ူပါ႐ံုျပည့္စံုလာျခင္း ၇

Comments

Popular posts from this blog

ဘုရားသခင္ကို ခ်ီးမြမ္းသည့္အသက္တာ

ေယာသပ္ကို ကၽြန္အျဖစ္ေရာင္းစားခံရျခင္း

သင္၏တဲရာကို က်ယ္ေစေလာ့