ေယာသပ္၏႐ူပါ႐ံုျပည့္စံုလာျခင္း ၂

ကမၻာဦးက်မ္း ၄၀
  1. ထိုေနာက္မွ အဲဂုတၱဳရွင္ဘုရင္ထံ ဖလားေတာ္ ဝန္ႏွင့္ စားေတာ္ဝန္တို႔သည္ မိမိတို႔အရွင္ အဲဂုတၱဳ ရွင္ဘုရင္ကို ျပစ္မွားၾက၏။ 
  2. ဖါေရာဘုရင္သည္ ထိုအမတ္ႏွစ္ေယာက္တည္း ဟူေသာ ဖလားေတာ္ဝန္ႏွင့္စားေတာ္ဝန္တို႔ကို အမ်က္ ထြက္၍၊ 
  3. ေယာသပ္အခ်ဳပ္ခံရာ ေထာင္တည္းဟူေသာ ကိုယ္ရံေတာ္မွူး၏အိမ္၌ ခ်ဳပ္ထားေတာ္မူ၏။ 
  4. ကိုယ္ရံေတာ္မွူးသည္ သူတို႔ကို ေယာသပ္၌ အပ္၍၊ ေယာသပ္သည္ ျပဳစုရ၏။သူတို႔လည္း အင္တန္ ကာလ အခ်ဳပ္ခံလ်က္ ေနရၾက၏။
  5. ထိုသို႔ေထာင္ထဲမွာ အခ်ဳပ္ခံလ်က္ေနရေသာ အဲဂုတၱဳရွင္ဘုရင္၏ ဖလားေတာ္ဝန္ႏွင့္ စားေတာ္ဝန္ ႏွစ္ေယာက္တို႔သည္၊ အသီးအသီး မိမိတို႔ ကိုယ္စီဆိုင္ေသာ အနက္ႏွင့္ျပည့္စုံေသာ အိပ္မက္ကို တညဥ့္ျခင္းတြင္ တေယာက္တနည္းစီ ျမင္မက္ၾက၏။ 
  6. နံနက္အခ်ိန္ေရာက္မွ ေယာသပ္သည္ သူတို႔ ထံသို႔ဝင္၍ ၾကည့္ရွုေသာအခါ၊ သူတို႔မ်က္ႏွာညႇိုးငယ္လ်က္ ရွိသည္ကိုျမင္လၽွင္၊ 
  7. သင္တို႔သည္ ယေန႔အဘယ္ေၾကာင့္ မ်က္ႏွာ ညႇိုးငယ္သနည္းဟု မိမိသခင္အိမ္၌ မိမိႏွင့္အတူ အခ်ဳပ္ခံ ေနရေသာ ဖါေရာမင္း၏ အမတ္တို႔အား ေမး၏။ 
  8. သူတို႔ကလည္း၊ ငါတို႔သည္ အိပ္မက္ကိုျမင္ရၿပီ။ အနက္ကို ဘတ္နိုင္ေသာသူ မရွိဟုဆိုၾကေသာ္၊ ေယာသပ္ က၊ အိပ္မက္အနက္မ်ားကို ဘုရားသခင္ဆိုင္ေတာ္မူသည္ မဟုတ္ေလာ။ သို႔ျဖစ္၍ သင္တို႔အိပ္မက္ကို ကၽြန္ုပ္အား ၾကားေျပာၾကပါဟုဆို၏။ 
  9. ထိုအခါ ဖလားေတာ္ဝန္သည္ မိမိအိပ္မက္ကို ေယာသပ္အား ၾကားေျပာသည္ကား၊ ငါျမင္မက္ေသာ အိပ္မက္တြင္၊ ငါ့ေရွ႕မွာ စပ်စ္ႏြယ္ပင္ ရွိ၏။ 
  10. ထိုစပ်စ္ႏြယ္ပင္၌ အလက္သုံးလက္ရွိ၏။ ထိုအလက္တို႔၌ ပန္းငုံကဲ့သို႔ရွိ၏။ အပြင့္လည္း ပြင့္၏။ အသီးႁပြတ္တို႔လည္း မွည့္ေသာစပ်စ္သီး ျဖစ္ေလ၏။ 
  11. ဖါေရာမင္း၏ ဖလားေတာ္ကို ငါကိုင္လ်က္၊ ထိုစပ်စ္သီးကိုယူ၍ ဖလားေတာ္၌ညႇစ္ၿပီးမွ လက္ေတာ္ တြင္ ဆက္သည္ဟုေျပာဆို၏။ 
  12. ေယာသပ္ကလည္း သင္၏အိပ္မက္အနက္ ဟူမူကား၊ စပ်စ္ႏြယ္သုံးလက္တို႔သည္ သုံးရက္ျဖစ္၏။ 
  13. သုံးရက္လြန္မွဖါေရာမင္းသည္ သင္၏ဦးေခါင္း ကို ခ်ီးေျမႇာက္၍ သင္၏အရာကိုျပန္ေပးေတာ္မူသျဖင့္၊ သင္သည္အထက္က ဖလားေတာ္ဝန္ျဖစ္၍ ျပဳဘူးသည္ နည္းတူ၊ တဖန္ဖလားေတာ္ကို ဖါေရာမင္း၏လက္တြင္ ဆက္ျမဲ ဆက္ရလိမ့္မည္။ 
  14. သင္သည္ ခ်မ္းသာရေသာအခါ ကၽြန္ုပ္ကို ေအာက္ေမ့၍ ေက်းဇူးျပဳပါေလာ့။ ဖါေရာဘုရင္က တိုေလၽွာက္၍ ကၽြန္ုပ္ကို ဤအိမ္မွႏွုတ္ယူပါ။ 
  15. အကယ္စင္စစ္ ကၽြန္ုပ္ကို ေဟျဗဲျပည္မွ ခိုးယူ ခဲ့ၾက၏။ ဤျပည္မွာလည္း ကၽြန္ုပ္၌ အျပစ္မရွိဘဲ ေထာင္ထဲမွာ ေလွာင္ထားၾကသည္ဟုဆို၏။
  16. ထိုအိပ္မက္အနက္ ေကာင္းသည္ကို စားေတာ္ ဝန္ သိျမင္လၽွင္၊ ငါသည္လည္း ျဖဴေသာေတာင္းသုံးလုံးကို ကိုယ္တိုင္ရြက္ေနသည္ကို ျမင္မက္၏။ 
  17. အေပၚေတာင္းတြင္ ဖါေရာမင္းစားေတာ္ေခၚ ဘို႔ ခ်က္ၿပီးေသာ ခဲဘြယ္စားဘြယ္ အမ်ိဳးမ်ိဳးရွိ၍၊ ငွက္တို႔သည္လည္း ငါရြက္ေသာ ေတာင္းထဲကႏွုတ္၍ စားၾကသည္ဟု ေယာသပ္အား ေျပာဆို၏။ 
  18. ေယာသပ္ကလည္း၊ သင္၏အိပ္မက္ အနက္ဟူ မူကား၊ ေတာင္းသုံးလုံးသည္ သုံးရက္ျဖစ္၏။ 
  19. သုံးရက္လြန္မွ ဖါေရာမင္းသည္ သင္၏ဦးေခါင္း ကို ကိုယ္ႏွင့္ခြါ ေျမႇာက္လၽွက္ သစ္ပင္၌ဆြဲထားေတာ္မူ၍၊ ငွက္တို႔သည္ သင္၏အသားကို ႏွုတ္၍စားၾကလိမ့္မည္ဟု ျပန္ေျပာ၏။
  20. ထိုေနာက္ သုံးရက္လြန္ေသာအခါ၊ ဖါေရာမင္း ဘြားေသာေန႔ရက္၌ ႏွစ္စဥ္ပြဲကိုခံ၍ ကၽြန္ေတာ္မ်ိဳး အေပါင္းတို႔ကို ေကၽြးေမြးေတာ္မူစဥ္တြင္၊ ဖလားေတာ္ဝန္ ၏ဦးေခါင္းႏွင့္ စားေတာ္ဝန္၏ဦးေခါင္းကို ကၽြန္ေတာ္မ်ိဳး တို႔တြင္ ေဖၚေတာ္မူ၍၊ 
  21. အိပ္မက္အနက္ကို ေယာသပ္ဘတ္သည္ အတိုင္း၊ ဖလားေတာ္ဝန္ကို အထက္အရာ၌ တဖန္ ခန္႔ထားေတာ္မူသျဖင့္၊ သူသည္ဖလားေတာ္ကို ဖါေရာ မင္း၏လက္တြင္ ဆက္ျမဲဆက္ရ၏။ 
  22. စားေတာ္ဝန္ကိုမူကား၊ ဆြဲထားေတာ္မူ၏။ 
  23. သို႔ေသာ္လည္း ဖလားေတာ္ဝန္သည္ ေယာသပ္ ကို မေအာက္ေမ့ဘဲ ေမ့ေလ်ာ့၍ေနေလ၏။
>>> Zawgyi

ကမ္ဘာဦးကျမ်း ၄၀
  1. ထိုနောက်မှ အဲဂုတ္တုရှင်ဘုရင်ထံ ဖလားတော် ဝန်နှင့် စားတော်ဝန်တို့သည် မိမိတို့အရှင် အဲဂုတ္တု ရှင်ဘုရင်ကို ပြစ်မှားကြ၏။ 
  2. ဖါရောဘုရင်သည် ထိုအမတ်နှစ်ယောက်တည်း ဟူသော ဖလားတော်ဝန်နှင့်စားတော်ဝန်တို့ကို အမျက် ထွက်၍၊ 
  3. ယောသပ်အချုပ်ခံရာ ထောင်တည်းဟူသော ကိုယ်ရံတော်မှူး၏အိမ်၌ ချုပ်ထားတော်မူ၏။ 
  4. ကိုယ်ရံတော်မှူးသည် သူတို့ကို ယောသပ်၌ အပ်၍၊ ယောသပ်သည် ပြုစုရ၏။သူတို့လည်း အင်တန် ကာလ အချုပ်ခံလျက် နေရကြ၏။
  5. ထိုသို့ထောင်ထဲမှာ အချုပ်ခံလျက်နေရသော အဲဂုတ္တုရှင်ဘုရင်၏ ဖလားတော်ဝန်နှင့် စားတော်ဝန် နှစ်ယောက်တို့သည်၊ အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသော အိပ်မက်ကို တညဉ့်ခြင်းတွင် တယောက်တနည်းစီ မြင်မက်ကြ၏။ 
  6. နံနက်အချိန်ရောက်မှ ယောသပ်သည် သူတို့ ထံသို့ဝင်၍ ကြည့်ရှုသောအခါ၊ သူတို့မျက်နှာညှိုးငယ်လျက် ရှိသည်ကိုမြင်လျှင်၊ 
  7. သင်တို့သည် ယနေ့အဘယ်ကြောင့် မျက်နှာ ညှိုးငယ်သနည်းဟု မိမိသခင်အိမ်၌ မိမိနှင့်အတူ အချုပ်ခံ နေရသော ဖါရောမင်း၏ အမတ်တို့အား မေး၏။ 
  8. သူတို့ကလည်း၊ ငါတို့သည် အိပ်မက်ကိုမြင်ရပြီ။ အနက်ကို ဘတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ် က၊ အိပ်မက်အနက်များကို ဘုရားသခင်ဆိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အား ကြားပြောကြပါဟုဆို၏။ 
  9. ထိုအခါ ဖလားတော်ဝန်သည် မိမိအိပ်မက်ကို ယောသပ်အား ကြားပြောသည်ကား၊ ငါမြင်မက်သော အိပ်မက်တွင်၊ ငါ့ရှေ့မှာ စပျစ်နွယ်ပင် ရှိ၏။ 
  10. ထိုစပျစ်နွယ်ပင်၌ အလက်သုံးလက်ရှိ၏။ ထိုအလက်တို့၌ ပန်းငုံကဲ့သို့ရှိ၏။ အပွင့်လည်း ပွင့်၏။ အသီးပြွတ်တို့လည်း မှည့်သောစပျစ်သီး ဖြစ်လေ၏။ 
  11. ဖါရောမင်း၏ ဖလားတော်ကို ငါကိုင်လျက်၊ ထိုစပျစ်သီးကိုယူ၍ ဖလားတော်၌ညှစ်ပြီးမှ လက်တော် တွင် ဆက်သည်ဟုပြောဆို၏။ 
  12. ယောသပ်ကလည်း သင်၏အိပ်မက်အနက် ဟူမူကား၊ စပျစ်နွယ်သုံးလက်တို့သည် သုံးရက်ဖြစ်၏။ 
  13. သုံးရက်လွန်မှဖါရောမင်းသည် သင်၏ဦးခေါင်း ကို ချီးမြှောက်၍ သင်၏အရာကိုပြန်ပေးတော်မူသဖြင့်၊ သင်သည်အထက်က ဖလားတော်ဝန်ဖြစ်၍ ပြုဘူးသည် နည်းတူ၊ တဖန်ဖလားတော်ကို ဖါရောမင်း၏လက်တွင် ဆက်မြဲ ဆက်ရလိမ့်မည်။ 
  14. သင်သည် ချမ်းသာရသောအခါ ကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုပါလော့။ ဖါရောဘုရင်က တိုလျှောက်၍ ကျွန်ုပ်ကို ဤအိမ်မှနှုတ်ယူပါ။ 
  15. အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲပြည်မှ ခိုးယူ ခဲ့ကြ၏။ ဤပြည်မှာလည်း ကျွန်ုပ်၌ အပြစ်မရှိဘဲ ထောင်ထဲမှာ လှောင်ထားကြသည်ဟုဆို၏။
  16. ထိုအိပ်မက်အနက် ကောင်းသည်ကို စားတော် ဝန် သိမြင်လျှင်၊ ငါသည်လည်း ဖြူသောတောင်းသုံးလုံးကို ကိုယ်တိုင်ရွက်နေသည်ကို မြင်မက်၏။ 
  17. အပေါ်တောင်းတွင် ဖါရောမင်းစားတော်ခေါ် ဘို့ ချက်ပြီးသော ခဲဘွယ်စားဘွယ် အမျိုးမျိုးရှိ၍၊ ငှက်တို့သည်လည်း ငါရွက်သော တောင်းထဲကနှုတ်၍ စားကြသည်ဟု ယောသပ်အား ပြောဆို၏။ 
  18. ယောသပ်ကလည်း၊ သင်၏အိပ်မက် အနက်ဟူ မူကား၊ တောင်းသုံးလုံးသည် သုံးရက်ဖြစ်၏။ 
  19. သုံးရက်လွန်မှ ဖါရောမင်းသည် သင်၏ဦးခေါင်း ကို ကိုယ်နှင့်ခွါ မြှောက်လျှက် သစ်ပင်၌ဆွဲထားတော်မူ၍၊ ငှက်တို့သည် သင်၏အသားကို နှုတ်၍စားကြလိမ့်မည်ဟု ပြန်ပြော၏။
  20. ထိုနောက် သုံးရက်လွန်သောအခါ၊ ဖါရောမင်း ဘွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ ကျွန်တော်မျိုး အပေါင်းတို့ကို ကျွေးမွေးတော်မူစဉ်တွင်၊ ဖလားတော်ဝန် ၏ဦးခေါင်းနှင့် စားတော်ဝန်၏ဦးခေါင်းကို ကျွန်တော်မျိုး တို့တွင် ဖေါ်တော်မူ၍၊ 
  21. အိပ်မက်အနက်ကို ယောသပ်ဘတ်သည် အတိုင်း၊ ဖလားတော်ဝန်ကို အထက်အရာ၌ တဖန် ခန့်ထားတော်မူသဖြင့်၊ သူသည်ဖလားတော်ကို ဖါရော မင်း၏လက်တွင် ဆက်မြဲဆက်ရ၏။ 
  22. စားတော်ဝန်ကိုမူကား၊ ဆွဲထားတော်မူ၏။ 
  23. သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ် ကို မအောက်မေ့ဘဲ မေ့လျော့၍နေလေ၏။
ေယာသပ္၏႐ူပါ႐ံုျပည့္စံုလာျခင္း ၃

ေယာသပ္၏႐ူပါ႐ံုျပည့္စံုလာျခင္း ၄


Comments

Popular posts from this blog

ဘုရားသခင္ကို ခ်ီးမြမ္းသည့္အသက္တာ

ေယာသပ္ကို ကၽြန္အျဖစ္ေရာင္းစားခံရျခင္း

သင္၏တဲရာကို က်ယ္ေစေလာ့