အာျဗဟံႏွင့္ ဣဇာတ္ ၃

ကမာၻဦးက်မ္း ၂၂း ၁-၁၉
  1. ထိုေနာက္မွ ဘုရားသခင္သည္၊ အာျဗဟံကို စုံစမ္းျခင္းငွါ၊ အာျဗဟံဟု ေခၚေတာ္မူ၍ အာျဗဟံက၊ အကၽြန္ုပ္ရွိပါ၏ဟု ေလၽွာက္လၽွင္၊ 
  2. သင္သည္ အလြန္ခ်စ္ေသာ တေယာက္တည္း ေသာ သားဣဇာတ္ကိုယူ၍ ေမာရိျပည္သို႔သြားေလာ့။ ငါျပလတံ့ေသာ ေတာင္ေပၚမွာ သူကိုမီးရွို႔ရာ ယဇ္ျပဳ၍ ပူေဇာ္ေလာ့ဟု မိန္႔ေတာ္မူ၏။
  3. အာျဗဟံသည္ နံနက္ေစာေစာထ၍၊ ျမည္းကို ကုန္းႏွီးတင္ၿပီးလၽွင္၊ မိမိသားဣဇာက္ႏွင့္ ငယ္သား ႏွစ္ေယာက္ကိုေခၚ၍ ယဇ္ရွို႔စရာ ထင္းကိုခြဲၿပီးမွ၊ ဘုရားသခင္မိန္႔ေတာ္မူေသာ အရပ္သို႔ ထသြားေလ၏။
  4. သုံးရက္ေျမာက္ေသာေန႔၌ ေျမာ္ၾကည့္၍၊ ထိုအရပ္ကို အေဝးက ျမင္လၽွင္၊ 
  5. ငယ္သား ႏွစ္ေယာက္ဘို႔အား၊ သင္တို႔သည္ ဤအ႐ုပ္၌ျမည္းႏွင့္ အတူေနရစ္ၾကေလာ့။ ငါသည္ သားႏွင့္အတူ ထိုအရပ္သို႔သြား၍၊ ကိုးကြယ္ျခင္းကိုျပဳအံ့။ ထိုအမွုၿပီးမွ၊ သင္တို႔ဆီသို႔ျပန္လာဦးမည္ဟု ဆိုေလ၏။ 
  6. ထိုအခါ ယဇ္ရွို႔စရာထင္းကိုယူ၍ သားဣဇာတ္ အေပၚမွာ တင္ၿပီးလၽွင္၊ မီးႏွင့္ထားကို မိမိလက္၌ ကိုင္ လ်က္၊ ႏွစ္ေယာက္အတူသြားၾက၏။ 
  7. သြားၾကစဥ္တြင္၊ ဣဇာက္သည္ အဘအာျဗဟံကို အဘဟုေခၚလၽွင္၊ ငါ့သား၊ ငါရွိ၏ဟု ထူးေလ၏။ ဣဇာက္ကလည္း မီးပါ၏၊ ထင္းလည္းပါ၏။ ယဇ္ရွို႔စရာတို႔သိုးသငယ္သည္ အဘယ္မွာ ရွိသနည္းဟု ေမးလၽွင္၊ 
  8. အာျဗဟံက ငါ့သား၊ ယဇ္ရွို႔စရာဘို႔ သိုးသငယ္ကို ဘုရားသခင္သည္ မိမိအဘို႔ ျပင္ဆင္ေတာ္မူလိမ့္မည္ဟု ဆိုေလ၏။ 
  9. ထိုသို႔ႏွစ္ေယာက္အတူသြား၍၊ ဘုရားသခင္ မိန္႔ေတာ္မူေသာ အရပ္သို႔ ေရာက္ၾကေသာအခါ၊ အာျဗဟံ သည္ ယဇ္ပလႅင္ကိုတည္၍ ထင္းကိုခင္းၿပီးလၽွင္၊ သား ဣဇာက္ကိုခ်ည္ေႏွာင္၍၊ ယဇ္ပလႅင္၌ ထင္းေပၚမွာ တင္ထား၏။ 
  10. မိမိလက္ကို ဆန္႔၍ သားကိုသတ္ျခင္းငွါ၊ ထားကို ကိုင္ယူေလ၏။
  11. ထိုအခါ၊ ထာဝဘုရား၏ ေကာင္းကင္တမန္က၊ အာျဗဟံ၊ အာျဗဟံဟု ေကာင္းကင္ေပၚက ေခၚေလ၏။ အာျဗဟံက၊ အကၽြန္ုပ္ရွိပါ၏ဟု ေလၽွာက္လၽွင္၊ 
  12. ထိုလုလင္ကို မထိမခိုက္ႏွင့္။ အလၽွင္းမျပဳႏွင့္။ သင္သည္ ဘုရားသခင္ကို ေၾကာက္ရြံ့သည္ဟု ယခု ငါသိ ၏။ အေၾကာင္းမူကား၊ သင္၏သား သင္၌တေယာက္ တည္းေသာသားကိုငါေတာင္း၍ သင္သည္ ငါ့ကိုမျငင္းဟု မိန္႔ေတာ္မူ၏။
  13. ထိုအခါ အာျဗဟံသည္ ေျမာ္ၾကည့္၍ မိမိ ေနာက္မွ ခ်ဳံဖုတ္၌ ခ်ိဳညိလ်က္ ရွိေသာသိုးကိုျမင္ေလ၏။ ထိုသိုးကိုသြား၍ ယူၿပီးလၽွင္ မိမိသားကိုယ္စား မီးရွို႔ယဇ္ ျပဳ၍ ပူေဇာ္ေလ၏။
  14. ထိုအရပ္ကို ေယေဟာဝါယိရဟု အာျဗဟံ သမုတ္ေလ၏။ ထိုသို႔ႏွင့္အညီ ေတာင္ေပၚမွာ ထာဝရ ဘုရားျပင္ဆင္ေတာ္မူမည္ဟု ယေန႔တိုင္ေအာင္ ဆိုေလ့ ရွိသတည္း။
  15. တဖန္ ထာဝရဘုရား၏ ေကာင္းကင္းတမန္ သည္ ေကာင္းကင္ေပၚက အာျဗဟံကို ေခၚလ်က္၊ 
  16. သင္သည္ ဤအမွုကိုျပဳ၍၊ သင္၏သားသင္၌ တေယာက္တည္းေသာသားကို၊ ငါ့အား မျငင္း ေသာေၾကာင့္၊ 
  17. ငါသည္ သင့္အား အစဥ္အျမဲေကာင္းႀကီး ေပးမည္။ သင္၏အမ်ိဳးအႏႊယ္ကိုလည္း ေကာင္းကင္ ၾကယ္ကဲ့သို႔၎၊ သမုဒၵရာသဲလုံးကဲ့သို႔၎၊ အစဥ္အျမဲ ပြားမ်ားေစမည္။ သင္၏အမ်ိဳးအႏြယ္သည္ ရန္သူတို႔၏ ၿမိဳ႕တံခါးမ်ားကို အစိုးရလိမ့္မည္။ 
  18. သင္၏အမ်ိဳးအႏြယ္အားျဖင့္၊ လူမ်ိဳးေပါင္း တို႔သည္ ေကာင္းႀကီးမဂၤလာကို ခံရၾကလိမ့္မည္ဟု ငါ၏ စကားကို သင္နားေထာင္ေသာေၾကာင့္၊ ငါသည္ကိုယ္ကို ကိုယ္တိုင္တည္၍ က်ိန္ဆို၏ဟု ထာဝရဘုရား၏ အမိန္႔ ေတာ္ကို ဆင့္ဆိုေလ၏။ 
  19. ထိုအခါအာျဗဟံသည္ ငယ္သားတို႔ ရွိရာသို႔ ျပန္၏။ သူတို႔သည္ ထၿပီးလၽွင္ ေဗရာရဗတအရပ္သို႔ လိုက္သြားၾက၏။ ထိုအရပ္၌ အာျဗဟံေနေလ၏။
>>> Zawgyi

ကမ္ဘာဦးကျမ်း ၂၂း ၁-၁၉

  1. ထိုနောက်မှ ဘုရားသခင်သည်၊ အာဗြဟံကို စုံစမ်းခြင်းငှါ၊ အာဗြဟံဟု ခေါ်တော်မူ၍ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လျှင်၊ 
  2. သင်သည် အလွန်ချစ်သော တယောက်တည်း သော သားဣဇာတ်ကိုယူ၍ မောရိပြည်သို့သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ သူကိုမီးရှို့ရာ ယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။
  3. အာဗြဟံသည် နံနက်စောစောထ၍၊ မြည်းကို ကုန်းနှီးတင်ပြီးလျှင်၊ မိမိသားဣဇာက်နှင့် ငယ်သား နှစ်ယောက်ကိုခေါ်၍ ယဇ်ရှို့စရာ ထင်းကိုခွဲပြီးမှ၊ ဘုရားသခင်မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။
  4. သုံးရက်မြောက်သောနေ့၌ မြော်ကြည့်၍၊ ထိုအရပ်ကို အဝေးက မြင်လျှင်၊ 
  5. ငယ်သား နှစ်ယောက်ဘို့အား၊ သင်တို့သည် ဤအရုပ်၌မြည်းနှင့် အတူနေရစ်ကြလော့။ ငါသည် သားနှင့်အတူ ထိုအရပ်သို့သွား၍၊ ကိုးကွယ်ခြင်းကိုပြုအံ့။ ထိုအမှုပြီးမှ၊ သင်တို့ဆီသို့ပြန်လာဦးမည်ဟု ဆိုလေ၏။ 
  6. ထိုအခါ ယဇ်ရှို့စရာထင်းကိုယူ၍ သားဣဇာတ် အပေါ်မှာ တင်ပြီးလျှင်၊ မီးနှင့်ထားကို မိမိလက်၌ ကိုင် လျက်၊ နှစ်ယောက်အတူသွားကြ၏။ 
  7. သွားကြစဉ်တွင်၊ ဣဇာက်သည် အဘအာဗြဟံကို အဘဟုခေါ်လျှင်၊ ငါ့သား၊ ငါရှိ၏ဟု ထူးလေ၏။ ဣဇာက်ကလည်း မီးပါ၏၊ ထင်းလည်းပါ၏။ ယဇ်ရှို့စရာတို့သိုးသငယ်သည် အဘယ်မှာ ရှိသနည်းဟု မေးလျှင်၊ 
  8. အာဗြဟံက ငါ့သား၊ ယဇ်ရှို့စရာဘို့ သိုးသငယ်ကို ဘုရားသခင်သည် မိမိအဘို့ ပြင်ဆင်တော်မူလိမ့်မည်ဟု ဆိုလေ၏။ 
  9. ထိုသို့နှစ်ယောက်အတူသွား၍၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ၊ အာဗြဟံ သည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင်၊ သား ဣဇာက်ကိုချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာ တင်ထား၏။ 
  10. မိမိလက်ကို ဆန့်၍ သားကိုသတ်ခြင်းငှါ၊ ထားကို ကိုင်ယူလေ၏။
  11. ထိုအခါ၊ ထာဝဘုရား၏ ကောင်းကင်တမန်က၊ အာဗြဟံ၊ အာဗြဟံဟု ကောင်းကင်ပေါ်က ခေါ်လေ၏။ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လျှင်၊ 
  12. ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်းမပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခု ငါသိ ၏။ အကြောင်းမူကား၊ သင်၏သား သင်၌တယောက် တည်းသောသားကိုငါတောင်း၍ သင်သည် ငါ့ကိုမငြင်းဟု မိန့်တော်မူ၏။
  13. ထိုအခါ အာဗြဟံသည် မြော်ကြည့်၍ မိမိ နောက်မှ ချုံဖုတ်၌ ချိုညိလျက် ရှိသောသိုးကိုမြင်လေ၏။ ထိုသိုးကိုသွား၍ ယူပြီးလျှင် မိမိသားကိုယ်စား မီးရှို့ယဇ် ပြု၍ ပူဇော်လေ၏။
  14. ထိုအရပ်ကို ယေဟောဝါယိရဟု အာဗြဟံ သမုတ်လေ၏။ ထိုသို့နှင့်အညီ တောင်ပေါ်မှာ ထာဝရ ဘုရားပြင်ဆင်တော်မူမည်ဟု ယနေ့တိုင်အောင် ဆိုလေ့ ရှိသတည်း။
  15. တဖန် ထာဝရဘုရား၏ ကောင်းကင်းတမန် သည် ကောင်းကင်ပေါ်က အာဗြဟံကို ခေါ်လျက်၊ 
  16. သင်သည် ဤအမှုကိုပြု၍၊ သင်၏သားသင်၌ တယောက်တည်းသောသားကို၊ ငါ့အား မငြင်း သောကြောင့်၊ 
  17. ငါသည် သင့်အား အစဉ်အမြဲကောင်းကြီး ပေးမည်။ သင်၏အမျိုးအနွှယ်ကိုလည်း ကောင်းကင် ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့၎င်း၊ အစဉ်အမြဲ ပွားများစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ မြို့တံခါးများကို အစိုးရလိမ့်မည်။ 
  18. သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးပေါင်း တို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ၏ စကားကို သင်နားထောင်သောကြောင့်၊ ငါသည်ကိုယ်ကို ကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟု ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုလေ၏။ 
  19. ထိုအခါအာဗြဟံသည် ငယ်သားတို့ ရှိရာသို့ ပြန်၏။ သူတို့သည် ထပြီးလျှင် ဗေရာရဗတအရပ်သို့ လိုက်သွားကြ၏။ ထိုအရပ်၌ အာဗြဟံနေလေ၏။

Comments

Popular posts from this blog

ဘုရားသခင္ကို ခ်ီးမြမ္းသည့္အသက္တာ

ေယာသပ္ကို ကၽြန္အျဖစ္ေရာင္းစားခံရျခင္း

သင္၏တဲရာကို က်ယ္ေစေလာ့