႐ုသ၀တၳဳ ၁

႐ုသဝတၳဳ။ ၁

  1. တရားသူႀကီးအုပ္စိုးေသာကာလ၊ တရံေရာအခါဣသေရလျပည္၌ အစာအာဟာရေခါင္းပါး၍ယုဒျပည္ ဗက္လင္ ၿမိဳ႕သား တေယာက္သည္၊ မယားႏွင့္သားႏွစ္ေယာက္ပါလ်က္ ေမာဘျပည္၌ တည္းခိုျခင္းငွါ သြား၏။ 
  2. ထိုသူ၏အမည္ကား ဧလိမလက္။ မယားအမည္ကား ေနာမိ။ သားႏွစ္ေယာက္အမည္ကား မဟာလုန္ႏွင့္ ခိလ်ဳန္တည္း။ သူတို႔သည္ယုဒျပည္၊ ဗက္လင္ၿမိဳ႕၊ ဧဖရတ္အရပ္သားျဖစ္လ်က္၊ ေမာဘျပည္သို႔သြား ၍ေနၾက၏။ 
  3. ေနာမိ၏ခင္ပြန္းဧလိမလက္သည္ေသ၍မယားႏွင့္သားႏွစ္ေယာက္တို႔သည္ က်န္ရစ္ၾက၏။ 
  4. သားတို႔သည္ေမာဘျပည္သူဩရပႏွင့္႐ုသအမည္ရွိေသာ မိန္းမ ႏွစ္ေယာက္ တို႔ႏွင့္ စုံဘက္ျခင္းကိုျပဳ၍၊ ထိုျပည္မွာ ဆယ္ႏွစ္ခန္႔မၽွ ေနၿပီးမွ၊ 
  5. ထိုသားႏွစ္ေယာက္ မဟာလုန္ႏွင့္ခိလ်ဳန္တို႔သည္ ေသ၍ ေနာမိသည္သားမရွိ၊ ခင္ပြန္းလည္းမရွိ က်န္ရစ္ေလ၏။
  6. တဖန္ထာဝရဘုရားသည္မိမိလူတို႔ကိုအၾကည့္အရွုႂကြ၍ မုန္႔ကိုေပးသနားေတာ္မူေၾကာင္းကို ထိုမိန္းမသည္ ေမာဘျပည္၌ၾကားေသာအခါ၊ ေမာဘျပည္မွျပန္သြားမည္ဟု ေခၽြးမႏွစ္ေယာက္ႏွင့္အတူထ၍၊ 
  7. တည္းခိုရာအရပ္က ထြက္ၿပီးလၽွင္ ယုဒျပည္သို႔ေရာက္လိုေသာငွါသြားၾက၏။ 
  8. သို႔ရာတြင္ ေခၽြးမႏွစ္ေယာက္တို႔အား၊ သင္တို႔သည္ ကိုယ္အမိအိမ္သို႔ျပန္ၾကေလာ့။ ေသလြန္ေသာသူ၌ ၎၊ ငါ၌၎၊ ေက်းဇူးျပဳသည္ႏွင့္အညီ၊ ထာဝရဘုရားသည္ သင္တို႔၌ ေက်းဇူးျပဳေတာ္မူပါေစေသာ။
  9. သင္တို႔ႏွစ္ေယာက္သည္ ေနာက္ရေသာလင္အိမ္၌ခ်မ္းသာစြာေနရမည္အေၾကာင္း ထာဝရဘုရား ကယ္မသနားေတာ္မူပါေစေသာဟုဆိုလ်က္သူတို႔ကို နမ္းေလ၏။ သူတို႔သည္လည္း၊ အသံကိုလႊင့္၍ငိုေႂကြး လ်က္၊ အကယ္စင္စစ္အကၽြန္ုပ္တို႔သည္ ကိုယ္ေတာ္ႏွင့္အတူ၊ ကိုယ္ေတာ္၏ အမ်ိဳးထံသို႔ လိုက္သြားပါမည္ဟု ဆိုၾက၏။ 
  10. ေနာမိကလည္း၊ငါ့သမီးတို႔ျပန္သြားၾကေလာ့။ ငါႏွင့္အတူအဘယ္ေၾကာင့္ လိုက္ရမည္နည္း။ သင္တို႔လင္ လၽွာဘို႔ငါ၏ဝမ္း၌ သားရွိေသး သေလာ။ 
  11. ငါ့သမီးတို႔ျပန္သြားၾကေလာ့။ ငါသည္အသက္အရြယ္လြန္၍လင္ႏွင့္မေနသင့္။ သို႔မဟုတ္ေျမာ္လင့္စရာရွိ ေသးသည္ဟုငါဆိုလၽွင္၎၊ ယေန႔ညမွာလင္ေနလၽွင္၎၊ သားတို႔ကိုလည္းဘြားျမင္လၽွင္၎၊ 
  12. ထိုသားတို႔သည္ႀကီးပြားသည္တိုင္ေအာင္ငံ့ေနလိမ့္မည္ေလာ။ လင္မေနဘဲသူတို႔ကို ေျမာ္လင့္လိမ့္မည္ ေလာ။ ငါ့သမီးတို႔ထိုသို႔မျဖစ္ရ။ ထာဝရဘုရား လက္ေတာ္သည္ ငါ၌ ကန္႔လန္႔ရွိသည္ကို သင္တို႔အတြက္ ငါအလြန္ၾကင္နာေသာ စိတ္ရွိသည္ဟုဆိုေလေသာ္၊ 
  13. သူတို႔သည္တဖန္အသံကိုလႊင့္၍ငိုေႂကြးၾက၏။ ထိုအခါဩရပသည္ေယာကၡမကိုနမ္း၍မိမိအမ်ိဳးသား တို႔ထံသြားသို႔ျပန္သြား၏။ ႐ုသမူကား၊ ေယာကၡမ၌မွီဝဲဆည္းကပ္လ်က္ေနေသး၏။ 
  14. ေနာမိကလည္း၊ သင့္အစ္မသည္အမ်ိဳးသားရင္းဘုရားရင္းတို႔ထံသို႔ျပန္သြားၿပီ။ အစ္မေနာက္သို႔ လိုက္သြားပါဟုဆိုေသာ္၊ 
  15. ႐ုသက၊ ကၽြန္မသည္ ကိုယ္ေတာ္ကိုမစြန္႔ပါရေစႏွင့္။ ေနာက္ေတာ္သို႔မလိုက္ဘဲ ျပန္သြားေစျခင္းငွါ မျပဳပါႏွင့္။ ကိုယ္ေတာ္သြားေလရာရာသို႔ကၽြန္မလိုက္ပါမည္။ ကိုယ္ေတာ္အိပ္ေလရာရာ၌ကၽြန္မအိပ္ပါမည္။ ကိုယ္ေတာ္အမ်ိဳးသည္ ကၽြန္မအမ်ိဳး၊ ကိုယ္ေတာ္ဘုရားသည္ကၽြန္မဘုရားျဖစ္ပါေစ။ 
  16. ကိုယ္ေတာ္ေသရာအရပ္၌ ကၽြန္မေသ၍ သၿဂႋဳဟ္ခံပါမည္။ ေသျခင္းမွတပါး၊ အျခားေသာအမွုေၾကာင့္ ကိုယ္ေတာ္ႏွင့္ကၽြန္မကြာလၽွင္၊ ထာဝရဘုရားသည္ ကၽြန္မ၌ထိုမၽွမကျပဳေတာ္ မူပါေစေသာဟုျပန္ဆို၏။ 
  17. ႐ုသသည္လိုက္ျခင္းငွါခိုင္ခံ့ေသာစိတ္ရွိသည္ကိုေနာမိသည္သိျမင္ေသာ္တိတ္ဆိတ္စြာေနေလ၏။
  18. ထိုသူႏွစ္ေယာက္တို႔သည္ခရီးသြား၍ဗက္လင္ၿမိဳ႕သို႔ေရာက္ေသာအခါ၊ တၿမိဳ႕လုံးအုတ္အုတ္က်က္က်က္ ျဖစ္၍၊ ဤသူကားေနာမိ ဟုတ္သေလာဟုေမးၾက၏။ 
  19. သူကလည္းေနာမိဟူ၍ မေခၚပါႏွင့္။ မာရဟူ၍ေခၚပါ။ အနႏၲတန္ခိုးရွင္သည္ ငါ့အားအလြန္ ခါးေသာအရာကိုေပးေတာ္မူၿပီ။ 
  20. ငါသည္ႂကြယ္ဝျပည့္စုံလ်က္ထြက္သြား၏။ ယခုမူကားဆင္းရဲလ်က္ တကိုယ္တည္းရွိမွ၊ ထာဝရဘုရား သည္ ငါ့ကိုပို႔ျပန္ေတာ္မူၿပီ။ ထာဝရဘုရားသည္ငါ့ကိုႏွိမ့္ခ်၍အနႏၲတန္ခိုးရွင္သည္ ငါ့ကိုဆင္းရဲေစေတာ္မူသည္ ျဖစ္၍၊ ေနာမိအမည္ျဖင့္အဘယ္ေၾကာင့္ ငါ့ကိုေခၚၾကသနည္းဟု ျပန္ေျပာ၏။ 
  21. ထိုသို႔ေမာဘျပည္မွ လိုက္လာေသာ ေမာဘျပည္သူေခၽြးမ႐ုသႏွင့္အတူေနာမိသည္ျပန္လာ၍၊ မုေယာ စပါးကိုရိတ္စကာလ၌ဗက္လင္ၿမိဳ႕သို႔ေရာက္ၾက၏။
[Zawgyi] -


ရုသဝတ္ထု။ ၁
  1. တရားသူကြီးအုပ်စိုးသောကာလ၊ တရံရောအခါဣသရေလပြည်၌ အစာအာဟာရခေါင်းပါး၍ယုဒပြည် ဗက်လင် မြို့သား တယောက်သည်၊ မယားနှင့်သားနှစ်ယောက်ပါလျက် မောဘပြည်၌ တည်းခိုခြင်းငှါ သွား၏။ 
  2. ထိုသူ၏အမည်ကား ဧလိမလက်။ မယားအမည်ကား နောမိ။ သားနှစ်ယောက်အမည်ကား မဟာလုန်နှင့် ခိလျုန်တည်း။ သူတို့သည်ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်လျက်၊ မောဘပြည်သို့သွား ၍နေကြ၏။ 
  3. နောမိ၏ခင်ပွန်းဧလိမလက်သည်သေ၍မယားနှင့်သားနှစ်ယောက်တို့သည် ကျန်ရစ်ကြ၏။ 
  4. သားတို့သည်မောဘပြည်သူဩရပနှင့်ရုသအမည်ရှိသော မိန်းမ နှစ်ယောက် တို့နှင့် စုံဘက်ခြင်းကိုပြု၍၊ ထိုပြည်မှာ ဆယ်နှစ်ခန့်မျှ နေပြီးမှ၊ 
  5. ထိုသားနှစ်ယောက် မဟာလုန်နှင့်ခိလျုန်တို့သည် သေ၍ နောမိသည်သားမရှိ၊ ခင်ပွန်းလည်းမရှိ ကျန်ရစ်လေ၏။
  6. တဖန်ထာဝရဘုရားသည်မိမိလူတို့ကိုအကြည့်အရှုကြွ၍ မုန့်ကိုပေးသနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘပြည်၌ကြားသောအခါ၊ မောဘပြည်မှပြန်သွားမည်ဟု ချွေးမနှစ်ယောက်နှင့်အတူထ၍၊ 
  7. တည်းခိုရာအရပ်က ထွက်ပြီးလျှင် ယုဒပြည်သို့ရောက်လိုသောငှါသွားကြ၏။ 
  8. သို့ရာတွင် ချွေးမနှစ်ယောက်တို့အား၊ သင်တို့သည် ကိုယ်အမိအိမ်သို့ပြန်ကြလော့။ သေလွန်သောသူ၌ ၎င်း၊ ငါ၌၎င်း၊ ကျေးဇူးပြုသည်နှင့်အညီ၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုတော်မူပါစေသော။
  9. သင်တို့နှစ်ယောက်သည် နောက်ရသောလင်အိမ်၌ချမ်းသာစွာနေရမည်အကြောင်း ထာဝရဘုရား ကယ်မသနားတော်မူပါစေသောဟုဆိုလျက်သူတို့ကို နမ်းလေ၏။ သူတို့သည်လည်း၊ အသံကိုလွှင့်၍ငိုကြွေး လျက်၊ အကယ်စင်စစ်အကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ၊ ကိုယ်တော်၏ အမျိုးထံသို့ လိုက်သွားပါမည်ဟု ဆိုကြ၏။ 
  10. နောမိကလည်း၊ငါ့သမီးတို့ပြန်သွားကြလော့။ ငါနှင့်အတူအဘယ်ကြောင့် လိုက်ရမည်နည်း။ သင်တို့လင် လျှာဘို့ငါ၏ဝမ်း၌ သားရှိသေး သလော။ 
  11. ငါ့သမီးတို့ပြန်သွားကြလော့။ ငါသည်အသက်အရွယ်လွန်၍လင်နှင့်မနေသင့်။ သို့မဟုတ်မြော်လင့်စရာရှိ သေးသည်ဟုငါဆိုလျှင်၎င်း၊ ယနေ့ညမှာလင်နေလျှင်၎င်း၊ သားတို့ကိုလည်းဘွားမြင်လျှင်၎င်း၊ 
  12. ထိုသားတို့သည်ကြီးပွားသည်တိုင်အောင်ငံ့နေလိမ့်မည်လော။ လင်မနေဘဲသူတို့ကို မြော်လင့်လိမ့်မည် လော။ ငါ့သမီးတို့ထိုသို့မဖြစ်ရ။ ထာဝရဘုရား လက်တော်သည် ငါ၌ ကန့်လန့်ရှိသည်ကို သင်တို့အတွက် ငါအလွန်ကြင်နာသော စိတ်ရှိသည်ဟုဆိုလေသော်၊ 
  13. သူတို့သည်တဖန်အသံကိုလွှင့်၍ငိုကြွေးကြ၏။ ထိုအခါဩရပသည်ယောက္ခမကိုနမ်း၍မိမိအမျိုးသား တို့ထံသွားသို့ပြန်သွား၏။ ရုသမူကား၊ ယောက္ခမ၌မှီဝဲဆည်းကပ်လျက်နေသေး၏။ 
  14. နောမိကလည်း၊ သင့်အစ်မသည်အမျိုးသားရင်းဘုရားရင်းတို့ထံသို့ပြန်သွားပြီ။ အစ်မနောက်သို့ လိုက်သွားပါဟုဆိုသော်၊ 
  15. ရုသက၊ ကျွန်မသည် ကိုယ်တော်ကိုမစွန့်ပါရစေနှင့်။ နောက်တော်သို့မလိုက်ဘဲ ပြန်သွားစေခြင်းငှါ မပြုပါနှင့်။ ကိုယ်တော်သွားလေရာရာသို့ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည်ကျွန်မဘုရားဖြစ်ပါစေ။ 
  16. ကိုယ်တော်သေရာအရပ်၌ ကျွန်မသေ၍ သင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတပါး၊ အခြားသောအမှုကြောင့် ကိုယ်တော်နှင့်ကျွန်မကွာလျှင်၊ ထာဝရဘုရားသည် ကျွန်မ၌ထိုမျှမကပြုတော် မူပါစေသောဟုပြန်ဆို၏။ 
  17. ရုသသည်လိုက်ခြင်းငှါခိုင်ခံ့သောစိတ်ရှိသည်ကိုနောမိသည်သိမြင်သော်တိတ်ဆိတ်စွာနေလေ၏။
  18. ထိုသူနှစ်ယောက်တို့သည်ခရီးသွား၍ဗက်လင်မြို့သို့ရောက်သောအခါ၊ တမြို့လုံးအုတ်အုတ်ကျက်ကျက် ဖြစ်၍၊ ဤသူကားနောမိ ဟုတ်သလောဟုမေးကြ၏။ 
  19. သူကလည်းနောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် ငါ့အားအလွန် ခါးသောအရာကိုပေးတော်မူပြီ။ 
  20. ငါသည်ကြွယ်ဝပြည့်စုံလျက်ထွက်သွား၏။ ယခုမူကားဆင်းရဲလျက် တကိုယ်တည်းရှိမှ၊ ထာဝရဘုရား သည် ငါ့ကိုပို့ပြန်တော်မူပြီ။ ထာဝရဘုရားသည်ငါ့ကိုနှိမ့်ချ၍အနန္တတန်ခိုးရှင်သည် ငါ့ကိုဆင်းရဲစေတော်မူသည် ဖြစ်၍၊ နောမိအမည်ဖြင့်အဘယ်ကြောင့် ငါ့ကိုခေါ်ကြသနည်းဟု ပြန်ပြော၏။ 
  21. ထိုသို့မောဘပြည်မှ လိုက်လာသော မောဘပြည်သူချွေးမရုသနှင့်အတူနောမိသည်ပြန်လာ၍၊ မုယော စပါးကိုရိတ်စကာလ၌ဗက်လင်မြို့သို့ရောက်ကြ၏။
[Unicode] -

Comments

Popular posts from this blog

ဘုရားသခင္ကို ခ်ီးမြမ္းသည့္အသက္တာ

ေယာသပ္ကို ကၽြန္အျဖစ္ေရာင္းစားခံရျခင္း

သင္၏တဲရာကို က်ယ္ေစေလာ့