႐ုသ၀တၳဳ ၂

႐ုသဝတၳဳ။ ၂

  1. ေနာမိ၏လင္ဧလိမလက္၏ အေဆြအမ်ိဳးတြင္အလြန္ရတတ္ေသာေပါက္ေဘာ္တေယာက္ရွိ၏။ သူ၏အမည္ကား ေဗာဇတည္း။ 
  2. ေမာဘျပည္သူ႐ုသက၊ ကၽြန္မသည္ လယ္ျပင္သို႔သြား၍ စိတ္ႏွင့္ေတြ႕ေသာသူေနာက္မွာစပါးက်န္ကို ေကာက္ပါရေစဟု ေနာမိ၌အခြင့္ပန္လၽွင္၊ ေနာမိက၊ သြားေတာ့ငါ့သမီးဟုဆို၏။ 
  3. ႐ုသသည္သြား၍စပါးရိတ္ေသာသူတို႔ေနာက္မွာ၊ စပါးက်န္ကို ေကာက္သည္တြင္၊ ဧလိမလက္၏ အေဆြအမ်ိဳး ေဗာဇပိုင္ေသာလယ္၌ အမွတ္တမဲ့ ေနရာက်၏။ 
  4. ထိုအခါေဗာဇသည္ ဗက္လင္ၿမိဳ႕က လာ၍၊ ထာဝရဘုရားသည္သင္တို႔ႏွင့္အတူရွိေတာ္မူပါေစေသာဟု ရိတ္ေသာသူတို႔အားဆိုလၽွင္၊ သူတို႔က၊ ကိုယ္ေတာ္ကိုထာဝရဘုရားေကာင္းႀကီးေပးေတာ္မူပါေစေသာဟု ျပန္ေျပာၾက၏။ 
  5. ေဗာဇကလည္း၊ ထိုမိန္းမငယ္သည္ အဘယ္သူႏွင့္ဆိုင္သနည္းဟု လယ္ေခါင္းအားေမးေသာ္၊ 
  6. လယ္ေခါင္းက၊ ေမာဘျပည္မွေနာမိႏွင့္အတူလိုက္လာေသာ ေမာဘအမ်ိဳးသမီးျဖစ္ပါ၏။ 
  7. သူကလည္း၊ ကၽြန္မသည္ စပါးရိတ္ေသာသူတို႔ေနာက္၌ ေကာက္လွိုင္းစုထဲမွာ က်န္ေသာ စပါးကို ေကာက္သိမ္းပါရေစဟု အခြင့္ေတာင္းလ်က္ဝင္သျဖင့္၊ နံနက္မွစ၍ ယခုခဏတဲ၌ေနေသာအခ်ိန္ တိုင္ေအာင္ လုပ္ေနပါၿပီဟုေျပာဆိုလၽွင္၊ 
  8. ေဗာဇသည္ ႐ုသကိုေခၚ၍၊ နားေထာင္ပါ၊ ငါ့သမီး။ အျခားေသာလယ္သို႔သြား၍စပါးက်န္ကို မေကာက္ႏွင့္။ ဤအရပ္ကမထြက္ဘဲ၊ ငါ့ကၽြန္မတို႔၌ မွီဝဲလ်က္ေနေတာ့။ 
  9. သူတို႔ရိတ္ေသာလယ္ကြက္ကိုၾကည့္မွတ္၍ သူတို႔ေနာက္၌ လိုက္ေလာ့။ လုလင္တို႔သည္သင့္ကို မေႏွာင့္ရွက္ရမည္အေၾကာင္း ငါမွာထားၿပီ။ ေရငတ္ေသာအခါ၊ အိုးထားရာသို႔သြား၍လုလင္ခပ္ေသာေရကို ေသာက္ေတာ့ဟုဆိုေလေသာ္၊ 
  10. ႐ုသသည္ေျမေပၚမွာဦးခ်ျပပ္ဝပ္လ်က္၊ ကၽြန္မသည္တပါးအမ်ိဳးသားျဖစ္၍ ကိုယ္ေတာ္သည္ ကၽြန္မကို သိမွတ္မည္အေၾကာင္း၊ အဘယ္သို႔စိတ္ေတာ္ႏွင့္ေတြ႕ရပါသနည္းဟုေလၽွာက္ေလ၏။ 
  11. ေဗာဇကလည္း၊ သင္၏လင္ေသသြားေနာက္၊ သင္သည္ေယာကၡမအားျပဳစုသမၽွကို၎၊ သင္သည္မိဘႏွင့္ေမြးဘြားရာဌာနျပည္ကိုစြန္႔၍အထက္က မသိဘူးေသာျပည္သို႔လာေၾကာင္းကို၎၊ ငါ့အားေသခ်ာစြာေျပာၾကၿပီ။ 
  12. သင့္အမွု၏အက်ိဳးကိုထာဝရဘုရားေပးေတာ္မူပါေစေသာ။ သင္သည္အေတာင္ေတာ္ေအာက္၌ ခိုလွုံ ျခင္းငွါ ခ်ဥ္းကပ္ေသာ ဣသေရလအမ်ိဳး၏ ဘုရားသခင္ထာဝရဘုရားသည္ စုံလင္ေသာဆုကို ခ်ေတာ္မူပါေစေသာဟု ဆိုေသာ္၊ 
  13. ႐ုသကလည္း သခင္ကၽြန္မသည္ ေရွ႕ေတာ္၌မ်က္ႏွာရပါေစ။ ကၽြန္မသည္ကိုယ္ေတာ္ကၽြန္မတို႔ႏွင့္ မတူေသာ္လည္း၊ ကိုယ္ေတာ္သည္ ေလာကဝတ္ စကားကို ေျပာ၍ကၽြန္မကို ႏွစ္သိမ့္ေစပါၿပီဟု ေလၽွာက္ေလ၏။ 
  14. ေဗာဇကလည္း၊ စားေသာက္ေသာအခ်ိန္ရွိၿပီ။ လာ၍မုန္႔ကို စားေလာ့။ ပုံးရည္၌ စားစရာကို န်စ္ေလာ့ ဟု ေခၚဆိုသည္အတိုင္း၊ ႐ုသသည္ စပါးရိတ္ေသာ သူတို႔ႏွင့္အတူ ထိုင္လၽွင္၊ ေဗာဇသည္ ေပါက္ေပါက္ကိုလွမ္း၍ ေပးသျဖင့္၊ သူသည္ ဝစြာစားၿပီးမွခ်န္ထားေသး၏။ 
  15. စပါးက်န္ကို ေကာက္ျခင္းငွါထသြားေသာအခါ၊ ေဗာဇသည္လုလင္တို႔အား၊ ထိုမိန္းမသည္ ေကာက္လွိုင္း စုထဲမွာက်န္ေသာစပါးကိုေကာက္သိမ္း ပါေစ၊ အရွက္မခြဲၾကႏွင့္။ 
  16. ရိတ္ၿပီးေသာစပါးအခ်ိဳ႕ကိုလည္း သူအဘို႔ခ်ထားေလာ့။ ေကာက္ယူပါေစ။ အျပစ္မတင္ၾကႏွင့္ဟု မွာထား၏။ 
  17. ႐ုသသည္ထိုလယ္၌ ညဦးတိုင္ေအာင္ စပါးက်န္ကိုေကာက္၍ ရေသာစပါးကိုနယ္ၿပီးလၽွင္ မုေယာဆန္တဧဖာခန္႔မၽွရွိ၏။ 
  18. ထိုဆန္ကိုယူ၍ၿမိဳ႕ထဲသို႔ ဝင္သျဖင့္၊ ေကာက္၍ရေသာဆန္ကိုလည္း ေယာကၡမအားျပ၏။ ဝစြာစားၿပီးမွ ခ်န္ထားေသာ အရာကိုလည္း ထုတ္၍ ေပးေသး၏။ 
  19. ေယာကၡမကလည္း၊ ယေန႔အဘယ္မွာလုပ္သနည္း။ သင္သိမွတ္ ေသာသူသည္မဂၤလာရွိပါေစေသာ ဟုႁမြက္ဆိုလၽွင္၊ ႐ုသက ယေန႔ကၽြန္မလုပ္ေသာသူ၏အမည္ကား၊ ေဗာဇျဖစ္ပါသည္ဟုေယာကၡမအား ၾကားေျပာေသာ္။ 
  20. ေယာကၡမက၊ အသက္ရွင္ေသာသူ၊ ေသေသာ သူတို႔၌ ေက်းဇူးမျပတ္ ျပဳေတာ္မူေသးေသာထာဝရဘုရား သည္သူ႔ကိုေကာင္းႀကီးေပးေတာ္မူပါေစေသာဟူ၍၎၊ ထိုသူသည္ငါတို႔ႏွင့္ေပါက္ေဘာ္ေတာ္ေသာသူ၊ နီးစပ္ေသာ အမ်ိဳးသားခ်င္း အဝင္ ျဖစ္သည္ဟူ၍၎၊ ေခၽြးမအားေျပာဆို၏။ 
  21. ထိုသူက၊ ငါ့စပါးရိတ္ျခင္းအမွု မၿပီးမွီတိုင္ေအာင္၊ ငါ့လူတို႔၌မွီဝဲလ်က္ေနေတာ့ဟု ဆိုေၾကာင္းကိုလည္း ေမာဘအမ်ိဳးသမီး ႐ုသသည္ ၾကားေျပာေသာ္၊ 
  22. ေနာမိက၊ ငါ့သမီး၊ သင္သည္ သူ၏ကၽြန္မတို႔ႏွင့္ေပါင္းေဘာ္ေကာင္း၏။ အျခားေသာလယ္၌သူတို႔သည္ သင့္ကိုမေတြ႕ေစေကာင္းဟု၊ ေခၽြးမ႐ုသအားေျပာသည္အတိုင္း၊ 
  23. သူသည္ မုေယာစပါး၊ ဂ်ဳံစပါးရိတ္ျခင္းအမွု ၿပီးသည္တိုင္ေအာင္ေဗာဇ၏ ကၽြန္မတို၌ မွီဝဲလ်က္၊ စပါးက်င္ကိုေကာက္၍ ေယာကၡမထံမွာေနေလ၏။
[Zawgyi] -

ရုသဝတ္ထု။ ၂
  1. နောမိ၏လင်ဧလိမလက်၏ အဆွေအမျိုးတွင်အလွန်ရတတ်သောပေါက်ဘော်တယောက်ရှိ၏။ သူ၏အမည်ကား ဗောဇတည်း။ 
  2. မောဘပြည်သူရုသက၊ ကျွန်မသည် လယ်ပြင်သို့သွား၍ စိတ်နှင့်တွေ့သောသူနောက်မှာစပါးကျန်ကို ကောက်ပါရစေဟု နောမိ၌အခွင့်ပန်လျှင်၊ နောမိက၊ သွားတော့ငါ့သမီးဟုဆို၏။ 
  3. ရုသသည်သွား၍စပါးရိတ်သောသူတို့နောက်မှာ၊ စပါးကျန်ကို ကောက်သည်တွင်၊ ဧလိမလက်၏ အဆွေအမျိုး ဗောဇပိုင်သောလယ်၌ အမှတ်တမဲ့ နေရာကျ၏။ 
  4. ထိုအခါဗောဇသည် ဗက်လင်မြို့က လာ၍၊ ထာဝရဘုရားသည်သင်တို့နှင့်အတူရှိတော်မူပါစေသောဟု ရိတ်သောသူတို့အားဆိုလျှင်၊ သူတို့က၊ ကိုယ်တော်ကိုထာဝရဘုရားကောင်းကြီးပေးတော်မူပါစေသောဟု ပြန်ပြောကြ၏။ 
  5. ဗောဇကလည်း၊ ထိုမိန်းမငယ်သည် အဘယ်သူနှင့်ဆိုင်သနည်းဟု လယ်ခေါင်းအားမေးသော်၊ 
  6. လယ်ခေါင်းက၊ မောဘပြည်မှနောမိနှင့်အတူလိုက်လာသော မောဘအမျိုးသမီးဖြစ်ပါ၏။ 
  7. သူကလည်း၊ ကျွန်မသည် စပါးရိတ်သောသူတို့နောက်၌ ကောက်လှိုင်းစုထဲမှာ ကျန်သော စပါးကို ကောက်သိမ်းပါရစေဟု အခွင့်တောင်းလျက်ဝင်သဖြင့်၊ နံနက်မှစ၍ ယခုခဏတဲ၌နေသောအချိန် တိုင်အောင် လုပ်နေပါပြီဟုပြောဆိုလျှင်၊ 
  8. ဗောဇသည် ရုသကိုခေါ်၍၊ နားထောင်ပါ၊ ငါ့သမီး။ အခြားသောလယ်သို့သွား၍စပါးကျန်ကို မကောက်နှင့်။ ဤအရပ်ကမထွက်ဘဲ၊ ငါ့ကျွန်မတို့၌ မှီဝဲလျက်နေတော့။ 
  9. သူတို့ရိတ်သောလယ်ကွက်ကိုကြည့်မှတ်၍ သူတို့နောက်၌ လိုက်လော့။ လုလင်တို့သည်သင့်ကို မနှောင့်ရှက်ရမည်အကြောင်း ငါမှာထားပြီ။ ရေငတ်သောအခါ၊ အိုးထားရာသို့သွား၍လုလင်ခပ်သောရေကို သောက်တော့ဟုဆိုလေသော်၊ 
  10. ရုသသည်မြေပေါ်မှာဦးချပြပ်ဝပ်လျက်၊ ကျွန်မသည်တပါးအမျိုးသားဖြစ်၍ ကိုယ်တော်သည် ကျွန်မကို သိမှတ်မည်အကြောင်း၊ အဘယ်သို့စိတ်တော်နှင့်တွေ့ရပါသနည်းဟုလျှောက်လေ၏။ 
  11. ဗောဇကလည်း၊ သင်၏လင်သေသွားနောက်၊ သင်သည်ယောက္ခမအားပြုစုသမျှကို၎င်း၊ သင်သည်မိဘနှင့်မွေးဘွားရာဌာနပြည်ကိုစွန့်၍အထက်က မသိဘူးသောပြည်သို့လာကြောင်းကို၎င်း၊ ငါ့အားသေချာစွာပြောကြပြီ။ 
  12. သင့်အမှု၏အကျိုးကိုထာဝရဘုရားပေးတော်မူပါစေသော။ သင်သည်အတောင်တော်အောက်၌ ခိုလှုံ ခြင်းငှါ ချဉ်းကပ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် စုံလင်သောဆုကို ချတော်မူပါစေသောဟု ဆိုသော်၊ 
  13. ရုသကလည်း သခင်ကျွန်မသည် ရှေ့တော်၌မျက်နှာရပါစေ။ ကျွန်မသည်ကိုယ်တော်ကျွန်မတို့နှင့် မတူသော်လည်း၊ ကိုယ်တော်သည် လောကဝတ် စကားကို ပြော၍ကျွန်မကို နှစ်သိမ့်စေပါပြီဟု လျှောက်လေ၏။ 
  14. ဗောဇကလည်း၊ စားသောက်သောအချိန်ရှိပြီ။ လာ၍မုန့်ကို စားလော့။ ပုံးရည်၌ စားစရာကို နျစ်လော့ ဟု ခေါ်ဆိုသည်အတိုင်း၊ ရုသသည် စပါးရိတ်သော သူတို့နှင့်အတူ ထိုင်လျှင်၊ ဗောဇသည် ပေါက်ပေါက်ကိုလှမ်း၍ ပေးသဖြင့်၊ သူသည် ဝစွာစားပြီးမှချန်ထားသေး၏။ 
  15. စပါးကျန်ကို ကောက်ခြင်းငှါထသွားသောအခါ၊ ဗောဇသည်လုလင်တို့အား၊ ထိုမိန်းမသည် ကောက်လှိုင်း စုထဲမှာကျန်သောစပါးကိုကောက်သိမ်း ပါစေ၊ အရှက်မခွဲကြနှင့်။ 
  16. ရိတ်ပြီးသောစပါးအချို့ကိုလည်း သူအဘို့ချထားလော့။ ကောက်ယူပါစေ။ အပြစ်မတင်ကြနှင့်ဟု မှာထား၏။ 
  17. ရုသသည်ထိုလယ်၌ ညဦးတိုင်အောင် စပါးကျန်ကိုကောက်၍ ရသောစပါးကိုနယ်ပြီးလျှင် မုယောဆန်တဧဖာခန့်မျှရှိ၏။ 
  18. ထိုဆန်ကိုယူ၍မြို့ထဲသို့ ဝင်သဖြင့်၊ ကောက်၍ရသောဆန်ကိုလည်း ယောက္ခမအားပြ၏။ ဝစွာစားပြီးမှ ချန်ထားသော အရာကိုလည်း ထုတ်၍ ပေးသေး၏။ 
  19. ယောက္ခမကလည်း၊ ယနေ့အဘယ်မှာလုပ်သနည်း။ သင်သိမှတ် သောသူသည်မင်္ဂလာရှိပါစေသော ဟုမြွက်ဆိုလျှင်၊ ရုသက ယနေ့ကျွန်မလုပ်သောသူ၏အမည်ကား၊ ဗောဇဖြစ်ပါသည်ဟုယောက္ခမအား ကြားပြောသော်။ 
  20. ယောက္ခမက၊ အသက်ရှင်သောသူ၊ သေသော သူတို့၌ ကျေးဇူးမပြတ် ပြုတော်မူသေးသောထာဝရဘုရား သည်သူ့ကိုကောင်းကြီးပေးတော်မူပါစေသောဟူ၍၎င်း၊ ထိုသူသည်ငါတို့နှင့်ပေါက်ဘော်တော်သောသူ၊ နီးစပ်သော အမျိုးသားချင်း အဝင် ဖြစ်သည်ဟူ၍၎င်း၊ ချွေးမအားပြောဆို၏။ 
  21. ထိုသူက၊ ငါ့စပါးရိတ်ခြင်းအမှု မပြီးမှီတိုင်အောင်၊ ငါ့လူတို့၌မှီဝဲလျက်နေတော့ဟု ဆိုကြောင်းကိုလည်း မောဘအမျိုးသမီး ရုသသည် ကြားပြောသော်၊ 
  22. နောမိက၊ ငါ့သမီး၊ သင်သည် သူ၏ကျွန်မတို့နှင့်ပေါင်းဘော်ကောင်း၏။ အခြားသောလယ်၌သူတို့သည် သင့်ကိုမတွေ့စေကောင်းဟု၊ ချွေးမရုသအားပြောသည်အတိုင်း၊ 
  23. သူသည် မုယောစပါး၊ ဂျုံစပါးရိတ်ခြင်းအမှု ပြီးသည်တိုင်အောင်ဗောဇ၏ ကျွန်မတို၌ မှီဝဲလျက်၊ စပါးကျင်ကိုကောက်၍ ယောက္ခမထံမှာနေလေ၏။
[Unicode]

Comments

Popular posts from this blog

ဘုရားသခင္ကို ခ်ီးမြမ္းသည့္အသက္တာ

ေယာသပ္ကို ကၽြန္အျဖစ္ေရာင္းစားခံရျခင္း

သင္၏တဲရာကို က်ယ္ေစေလာ့