BFAM သင်ခန်းစာလေ့လာခြင်းနည်းလမ်း

သင်ခန်းစာပုံစံ

အဆင့် ၁ - မြေဆီလွှာကိုပြုပြင်ပေါင်းသင်ခြင်း      -       သင်ခန်းစာခေါင်းစီး

အဆင့် ၂ - မျိုးစေ့ကြဲခြင်း                           -        သမ္မာကျမ်းစာပုံဝတ္ထု

အဆင့် ၃ - ရေလောင်းခြင်းနှင့်မြေဩဇာထည့်ခြင်း  -       ရှာဖွေလေ့လာခြင်းဖြစ်စဉ်

အကြောင်းအရာကိုသိရန် - မေးပါ
မည်သူ၊ လုပ်ဆောင်မှုများနှင့် အသေးစိတ်အချက်အလက်များ
-       သရုပ်ဆောင်များကာ မည်သူနည်း။
-       သရုပ်ဆောင်များ၏လုပ်ဆောင်မှုကားအဘယ်နည်း။
-       ဤကျမ်းစာပုံပြင်၏အသေးစိတ်အချက်အလက်များကား အဘယ်နည်း။
ကျမ်းစာကိုနားလည်ရန် - ရှာဖွေပါ
စိတ်ခံစားမှုများ၊ အရင်းခံအကြောင်းအရင်းများနှင့် ရွေးချယ်မှုများ
-       သရုပ်ဆောင်များသည် မည်သည့်စိတ်ခံစားမှုရှိကြသနည်း။
-       မည်သည့် အရင်းခံအကြောင်းရင်းကြောင့် သရုပ်ဆောင်များသည် ဤသို့လုပ်ဆောင်ရသနည်း။
-       သရုပ်ဆောင်များတို့၏အခြားရွေးချယ်နိုင်မှုများမှာ အဘယ်သို့ဖြစ်နိုင်ပါသနည်း။
သမ္မာတရားကိုရှာဖွေလေ့လာခြင်း - ခေါက်ပါ
ကျမ်းစာနှင့်ညီသော အတွေးအခေါ်များနှင့်လုပ်ဆောင်မှုများ
-       သင်သည် သရုပ်ဆောင်များ၏လုပ်ဆောင်မှုများ၊ အသေးစိတ်အချက်အလတ်များ၊ စိတ်ခံစားမှုများ၊ အရင်းခံ အကြောင်းရင်းများနှင့် ရွေးချယ်မှုများတို့ကို လေ့လာရှာဖွေကြည့်ခြင်းဖြင့် မည်ကဲ့သို့ သင်ယူရရှိသနည်း။

အဆင့် ၄ - အကိုင်းအခတ်များကိုချိုင်ခြင်း    -        သင်ခန်းစာဖြည့်စွက်ကျမ်းပိုဒ်

အဆင့် ၅ - ခူးဆွတ်ရိတ်သိမ်းခြင်း                    -       လက်တွေ့မေးခွန်းများနှင့်နိဂုံးချုပ်

“ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူဖြစ်မည်အကြောင်း ဩ၀ါဒပေးခြင်း၊ အပြစ်ကိုဖေါ်ပြ ခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း၊ ကျေးဇူးများကိုပြုတတ်၏။” (၂ တိ ၃း၁၆-၁၇)

ကျမ်းစာထဲမှ ရှာဖွေတွေ့ရှိထားသော သမ္မာကျမ်းစာနှင့်ညီသောအတွေးအခေါ်များနှင့်အပြုအမူများကို အခြေခံ၍ အောက်ပါမေးခွန်းများကို တုန့်ပြန်ပါ။ (သွန်သင်ခြင်း)
၁။ ကျွန်ုပ်တွင် မှားယွင်းသောအတွေးများနှင့်လုပ်ဆောင်ချက်များရှိပါသလား။ (အပြစ်ကို ထောက်ပြခြင်း)
၂။ အဘယ်ကဲ့သို့ ကျွန်ုပ်၏အတွေးအခေါ်များနှင့်အပြုအမူများကို ပြုပြင်မည်နည်း။ (ပြုပြင်ပေးခြင်း)
၃။ အဘယ်ကဲ့သို့ အကျွန်ုပ်သည် သမ္မာကျမ်းစာနှင့်ညီသော အတွေးအခေါ်များနှင့်အပြုအမူများကို ထိန်းသိမ်းမည် နည်း။ (လေ့ကျင့်သင်တန်းပေးခြင်း)

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့