လူကိုအထူးဖန္ဆင္းျခင္း (သင္ခန္းစာ ၁-၂) အတြဲ ၁


“လူ” ကို                                                                     သင္ခန္းစာ
အထူးဖန္ဆင္းျခင္း                                                           ၁ - ၂
ဘုရားသခင္ႏွင့္၎၊ မိမိတို႔အခ်င္းခ်င္းႏွင့္၎၊ အထူးမိတ္သဟာယဖြဲ႕ရန္ ဖန္ဆင္းခဲ့သည္။


သင္ခန္းစာေခါင္းစီး - ေျမဆီလႊာကိုျပဳျပင္ေပါင္းသင္ျခင္း
        ဘုရားသခင္သည္ လူကိုတိရစာၦန္မ်ားႏွင့္ အလြန္ျခားနားစြာဖန္ဆင္းခဲ့သည္။ ဘုရားသခင္သေဘာသဘာ၀ကို ထင္ရွားေစရန္ လူတို႔ သည္ဖန္ဆင္းျခင္းခံခဲ့ရသည္။ ဘုရားသခင္သည္ မိမိႏွင့္အထူးမိတ္သဟာယဖြဲ႕ရန္ လူကိုဖန္ဆင္းခဲ့သည္။ ဘုရားသခင္သည္ လူ၏အ ေထာက္အမကိုလည္း ဖန္ဆင္းခဲ့သည္။                       

အဓိကက်မ္းပိုဒ္ - အကၽြႏ္ုပ္သည္ ေၾကာက္မတ္ဖြယ္ေသာလကၡဏာ၊ ထူးဆန္းေသာလကၡဏာတို႔ႏွင့္ျပည့္စံုသည္ျဖစ္၍ ကိုယ္ေတာ္ကို ခ်ီးမြမ္းပါမည္။ (ဆာလံ ၁၃၉း၁၄)


သမၼာက်မ္းစာပံု၀တၳဳ - မ်ဳိးေစ့ႀကဲျခင္း
မိတ္ဆက္ေပးျခင္းသည္ က်မ္းစာပံု၀တၳဳကို နားလည္ေစရန္ သတင္းအခ်က္အလက္ေပးပါသည္။
        ဘုရားသခင္သည္ ေကာင္းကင္၊ ေျမႀကီးႏွင့္ ေျမႀကီးေပၚတြင္ရွိသမွ်ေသာအရာအားလံုးကို ဖန္ဆင္းေတာ္မူ၍ ထိုအရာတို႔သည္ ေကာင္းသည္ဟု ႏႈတ္ ျမြတ္ေတာ္မူေၾကာင္း က်မ္းစာအားျဖင့္ သိရွိၿပီးျဖစ္သည္။
သမၼာက်မ္းစာပံု၀တၳဳသည္ ဤေနရာမွ အစျပဳပါသည္ -
                ထို႔ေနာက္ ထာ၀ရအရွင္ဘုရားသခင္သည္ ေျမမႈန္႔ျဖင့္လူကိုဖန္ဆင္း၍၊ သူ၏ႏွာေခါင္းထဲသို႔ ဇီ၀အသက္ကိုမႈတ္ေတာ္မူလွ်င္၊ လူသည္အသက္ရွင္ ေသာသတၱ၀ါျဖစ္ေလ၏။  ၁၈ထာ၀ရအရွင္ ဘုရားသခင္ကလည္း ေယာက်္ားသည္တေယာက္တည္းမေနေကာင္း သူ ႏွင့္ေတာ္ေသာအေထာက္အမကို သူ႔ဘို႔ငါလုပ္ဦးမည္ဟု အႀကံရွိေတာ္မူ၏။- ၁၉ထာ၀ရအရွင္ဘုရားသခင္သည္ ေျမတိရစာၦန္တို႔ႏွင့္၊ မိုဃ္းေကာင္းကင္ငွက္အေပါင္းတို႔ကို ေျမျဖင့္ဖန္ဆင္းေတာ္မူၿပီးလွ်င္ လူသည္အဘယ္သို႔ေခၚေ၀ၚသမုတ္မည္ကိုသိျခင္းငွါ၊ လူရွိရာသို႔ ေဆာင္ခဲ့ေတာ္မူ၏။ လူသည္လည္း အသက္ရွင္ေသာသတၱ၀ါအေပါင္းတို႔ကို ေခၚ ေ၀ၚသမုတ္သည္အတိုင္း၊ နာမည္အသီးသီးရွိၾက၏။- ၂၀ထိုသို႔လူသည္ သားယဥ္အေပါင္းတို႔ကို၎၊ မိုဃ္းေကာင္းကင္ငွက္အေပါင္းတို႔ကို၎၊ သားရဲအေပါင္းတို႔ကို၎၊ အမည္ေပး၍မွည့္ ေလ၏။ သို႔ေသာ္လည္း လူႏွင့္ေတာ္ေသာအေထာက္အမ မေပၚမရွိေသး။ ၂၁ထိုအခါ ထာ၀ရအရွင္ဘုရားသခင္သည္ လူကို ႀကီးေသာ အိပ္ျခင္းျဖင့္ အိပ္ေစေတာ္မူ၍၊ လူသည္အိပ္ေပ်ာ္စဥ္၊ နံ႐ိုးတေခ်ာင္းကို ဘုရားသခင္ထုတ္ၿပီးလွ်င္၊ ထုိအ႐ိုးအစားအသားကိုေစ့စပ္ေစ ေတာ္မူ၏ ၂၂ထာ၀ရအရွင္ဘုရားသခင္သည္ လူထဲကထုတ္ေသာနံ႐ိုးျဖင့္ လူမိန္းမကိုဖန္ဆင္း၍ လူရွိရာသို႔ေဆာင္ခဲ့ေတာ္မူ၏။ (ကမာၻဦးက်မ္း ၂း၇၊၁၈-၂၂)


ရွာေဖြေလ့လာျခင္းျဖစ္စဥ္ - ေရေလာင္းျခင္းႏွင့္ ေျမၾသဇာထည့္ျခင္း

သင္ခန္းစာျဖည့္စြက္က်မ္းပိုဒ္ - အကိုင္းအခက္မ်ားကိုခ်ဳိင္ျခင္း

( ဆာ ၁၃၉း၁၃-၁၆၊ ဧဖက္ ၅း၂၈-၃၁၊ ေရာမ ၈း၃၈-၃၉၊ ဆာ ၂၄း၁၊ ဆာ ၁၀၀း၃ )

လက္ေတြ႕ေမးခြန္းမ်ားႏွင့္နိဂံုးခ်ဳပ္ - ခူးဆြတ္ရိတ္သိမ္းျခင္း (၂တိ ၃း၁၆-၁၇)

                        နိဂံုး -  လူေယာက်္ားႏွင့္ လူမိန္းမတို႔ကို ဘုရားသခင္သည္ အထူးဖန္ဆင္းေတာ္မူခဲ့ပါသည္။ တူညီစြာဖန္ဆင္းျခင္းခံရ သည္။ ၎တို႔သည္ တစ္ဦးႏွင့္တစ္ဦး မိတ္သဟာယဖြဲ႕လ်က္ ေနထိုင္ရန္ ဖန္ဆင္းထားျခင္းျဖစ္သည္။ ဘုရားသခင္ႏွင့္လည္း မိတ္သဟာ ယဖြဲ႔ဖို႔ရန္ ဖန္ဆင္းထားျခင္းျဖစ္သည္။ ဘုရားသခင္သည္ လူတို႔အား စကားေျပာေတာ္မူ၍ လူတို႔သည္လည္း ဘုရားစကားေျပေသာအခါ ၾကားႏုိင္ေလ၏။ သူတို႔ႏွင့္အတူ မိတ္သဟာယဖြဲ႕ျခင္း၌ ဘုရားသခင္တည္ရွိေတာ္မူေသာေၾကာင့္ လူတို႔သည္ တစ္စံုတစ္ခုေသာအမႈကို လုပ္ေဆာင္ဖို႔ရန္ ေစခိုင္းျခင္းခံရသည္။



“လူ” ကို                                                                     သင်ခန်းစာ
အထူးဖန်ဆင်းခြင်း                                                                                ၁ - ၂
ဘုရားသခင်နှင့်၎င်း၊ မိမိတို့အချင်းချင်းနှင့်၎င်း၊ အထူးမိတ်သဟာယဖွဲ့ရန် ဖန်ဆင်းခဲ့သည်။

သင်ခန်းစာခေါင်းစီး - မြေဆီလွှာကိုပြုပြင်ပေါင်းသင်ခြင်း
        ဘုရားသခင်သည် လူကိုတိရစ္ဆာန်များနှင့် အလွန်ခြားနားစွာဖန်ဆင်းခဲ့သည်။ ဘုရားသခင်သဘောသဘာဝကို ထင်ရှားစေရန် လူတို့ သည်ဖန်ဆင်းခြင်းခံခဲ့ရသည်။ ဘုရားသခင်သည် မိမိနှင့်အထူးမိတ်သဟာယဖွဲ့ရန် လူကိုဖန်ဆင်းခဲ့သည်။ ဘုရားသခင်သည် လူ၏အ ထောက်အမကိုလည်း ဖန်ဆင်းခဲ့သည်။                       

အဓိကကျမ်းပိုဒ် - အကျွန်ုပ်သည် ကြောက်မတ်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကို ချီးမွမ်းပါမည်။ (ဆာလံ ၁၃၉း၁၄)

သမ္မာကျမ်းစာပုံဝတ္ထု - မျိုးစေ့ကြဲခြင်း
မိတ်ဆက်ပေးခြင်းသည် ကျမ်းစာပုံဝတ္ထုကို နားလည်စေရန် သတင်းအချက်အလက်ပေးပါသည်။
        ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် မြေကြီးပေါ်တွင်ရှိသမျှသောအရာအားလုံးကို ဖန်ဆင်းတော်မူ၍ ထိုအရာတို့သည် ကောင်းသည်ဟု နှုတ် မြွတ်တော်မူကြောင်း ကျမ်းစာအားဖြင့် သိရှိပြီးဖြစ်သည်။
သမ္မာကျမ်းစာပုံဝတ္ထုသည် ဤနေရာမှ အစပြုပါသည် -
                ရထို့နောက် ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင်၊ လူသည်အသက်ရှင် သောသတ္တဝါဖြစ်လေ၏။  ၁၈ထာဝရအရှင် ဘုရားသခင်ကလည်း ယောကျ်ားသည်တယောက်တည်းမနေကောင်း သူ နှင့်တော်သောအထောက်အမကို သူ့ဘို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။- ၁၉ထာဝရအရှင်ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့်၊ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်းတော်မူပြီးလျှင် လူသည်အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကိုသိခြင်းငှါ၊ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူသည်လည်း အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ခေါ် ဝေါ်သမုတ်သည်အတိုင်း၊ နာမည်အသီးသီးရှိကြ၏။- ၂၀ထိုသို့လူသည် သားယဉ်အပေါင်းတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို၎င်း၊ သားရဲအပေါင်းတို့ကို၎င်း၊ အမည်ပေး၍မှည့် လေ၏။ သို့သော်လည်း လူနှင့်တော်သောအထောက်အမ မပေါ်မရှိသေး။ ၂၁ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကို ကြီးသော အိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူသည်အိပ်ပျော်စဉ်၊ နံရိုးတချောင်းကို ဘုရားသခင်ထုတ်ပြီးလျှင်၊ ထိုအရိုးအစားအသားကိုစေ့စပ်စေ တော်မူ၏ ၂၂ထာဝရအရှင်ဘုရားသခင်သည် လူထဲကထုတ်သောနံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍ လူရှိရာသို့ဆောင်ခဲ့တော်မူ၏။ (ကမ္ဘာဦးကျမ်း ၂းရ၊၁၈-၂၂)

ရှာဖွေလေ့လာခြင်းဖြစ်စဉ် - ရေလောင်းခြင်းနှင့် မြေသြဇာထည့်ခြင်း
သင်ခန်းစာဖြည့်စွက်ကျမ်းပိုဒ် - အကိုင်းအခက်များကိုချိုင်ခြင်း
( ဆာ ၁၃၉း၁၃-၁၆၊ ဧဖက် ၅း၂၈-၃၁၊ ရောမ ၈း၃၈-၃၉၊ ဆာ ၂၄း၁၊ ဆာ ၁၀၀း၃ )

လက်တွေ့မေးခွန်းများနှင့်နိဂုံးချုပ် - ခူးဆွတ်ရိတ်သိမ်းခြင်း (၂တိ ၃း၁၆-၁၇)
                        နိဂုံး -  လူယောကျ်ားနှင့် လူမိန်းမတို့ကို ဘုရားသခင်သည် အထူးဖန်ဆင်းတော်မူခဲ့ပါသည်။ တူညီစွာဖန်ဆင်းခြင်းခံရ သည်။ ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး မိတ်သဟာယဖွဲ့လျက် နေထိုင်ရန် ဖန်ဆင်းထားခြင်းဖြစ်သည်။ ဘုရားသခင်နှင့်လည်း မိတ်သဟာ ယဖွဲ့ဖို့ရန် ဖန်ဆင်းထားခြင်းဖြစ်သည်။ ဘုရားသခင်သည် လူတို့အား စကားပြောတော်မူ၍ လူတို့သည်လည်း ဘုရားစကားပြေသောအခါ ကြားနိုင်လေ၏။ သူတို့နှင့်အတူ မိတ်သဟာယဖွဲ့ခြင်း၌ ဘုရားသခင်တည်ရှိတော်မူသောကြောင့် လူတို့သည် တစ်စုံတစ်ခုသောအမှုကို လုပ်ဆောင်ဖို့ရန် စေခိုင်းခြင်းခံရသည်။

Comments

Popular posts from this blog

ဘုရားသခင္ကို ခ်ီးမြမ္းသည့္အသက္တာ

ေယာသပ္ကို ကၽြန္အျဖစ္ေရာင္းစားခံရျခင္း

သင္၏တဲရာကို က်ယ္ေစေလာ့