လိမ်လည်လှည့်ဖြားသူ"စာတန်" (သင်ခန်းစာ ၁-၃) အတွဲ ၁
[ Zawgyi ] 
⇷⇸⇷⇸⇷⇸⇷⇸⇷⇸
“စာတန်”                                                                      ၁ - ၃
(ကမ္ဘာ၊ ၃း၁-၆၊ ၁၃-၁၅)
[ Unicode ]
သင်ခန်းစာလေ့လာနည်းပုံစံ ⇒ 👉 ဖတ်မည် 👈
⇷⇸⇷⇸⇷⇸⇷⇸⇷⇸
လိမ်လည်လှည့်ဖြားသူ                                                      သင်ခန်းစာ
“စာတန်”                                                                      ၁ - ၃
သူသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါလာသည်
 သင်ခန်းစာခေါင်းစီး - မြေဆီလွှာကိုပြုပြင်ပေါင်းသင်ခြင်း
        မကောင်းဆိုးဝါးဟူသည် အမှန်ပင်ရှိသည်။ စာတန်သည် မကောင်းဆိုးဝါးပင်ဖြစ်သည်။ စာတန်သည် ဘုရားသခင်ကို မုန်းတီး၍ ဘုရားသခင်၏စုံလင်သောလက်ရာဖြစ်သည့်လူတို့ကိုလည်း မုန်းသည်။ စာတန်သည် လူကိုမုန်းသောကြောင့် ဘုရားနှင့်လူကြားတွင်ရှိ သော အထူးမိတ်သဟာယဖွဲ့ခြင်းကို ဖျက်ဆီးဖို့ရန် မြွေယောင်ဆောင်လျက် ဤကမ္ဘာမြေသို့လာခဲ့သည်။      
အဓိကကျမ်းပိုဒ် - သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းငှါလာသတည်း။ (ယော ၁၀း၁၀)
 သမ္မာကျမ်းစာပုံဝတ္ထု - မျိုးစေ့ကြဲခြင်း
မိတ်ဆက်ပေးခြင်းသည် ကျမ်းစာပုံဝတ္ထုကို နားလည်စေရန် သတင်းအချက်အလက်ပေးပါသည်။
        လှပသည့် ဥယျာဉ်ထဲတွင် လူလင်မယားတို့အား နေစေ၏။ အပင်တစ်ပင်မှ တစ်ပါးဥယျာဉ်ထဲတွင် ရှိသော အပင်အားလုံးကို စားနိုင် ကြောင်း ဘုရားသခင်သည် လူအားပြော၏။ ထိုအပင်၏အသီးကိုကား စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု မိန့်တော်မူ၏။ တစ်နေ့ တွင် စာတန်သည် မြွေယောင် ဆောင်လျက် ဧဝအား လာရောက်လိမ်လည်လှည့်ဖြားလေ၏။
သမ္မာကျမ်းစာပုံဝတ္ထုသည် ဤနေရာမှ အစပြုပါသည် -
        ၁မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား သင်တို့သည် ဥယျာဉ်၌ရှိသမျှ သောအပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော်မူသလောဟု မေး၏။- ၂ မိန်းမကလည်း၊ ငါတို့ သည် ဥယျာဉ်၌ရှိသော အပင်တို့၏အသီးကိုစားရသော အခွင့်ရှိ၏။- ၃ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားဘဲနေကြလော့။ သို့မဟုတ် သေမည်ဟု ဘုရားသခင်အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။ ၄ မြွေကလည်း၊ သင်တို့သည် ဧကန် အမှန်သေရမည်မဟုတ်။- ၅ အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ဖြစ်ကြလတံ့သည်ကို၊ ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို၏။- ၆ ထိုအပင်သည် စားဘွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက်ဘွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည်မြင်လျှင်၊ အသီးကိုယူ၍စား၏။ မိမိ ခင်ပွန်းအားလည်းပေး၍ သူသည်လည်းစား၏။- ၁၃ ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်းဟု မိန်းမအား မေးတော်မူလျှင်၊ မိန်းမက၊ မြွေသည် ကျွန်တော်မကိုလှည့်စား၍ကျွန်တော်မသည်စားမိပါပြီဟု လျှောက်လေ၏။- ၁၄ ထာဝရအရှင် ဘုရားသခင်သည် မြွေကိုခေါ်၍ သင်သည် ဤအမှုကိုပြုသောကြောင့်၊ သားယဉ်သားရဲအပေါင်းတို့ထက် ကျိန်ခြင်းကိုခံရ၏။ သင်သည် ၀မ်းဖြင့်သွား၍ မြေမှုန့်ကို တသက်လုံး စားရမည်။- ၁၅ သင်နှင့်မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကို၎င်း၊ ငါသည် ရန်ငြိူးဖွဲ့စေမည်။ သူသည် သ၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည်သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။
(ကမ္ဘာ၊ ၃း၁-၆၊ ၁၃-၁၅)
ရှာဖွေလေ့လာခြင်းဖြစ်စဉ် - ရေလောင်းခြင်းနှင့် မြေသြဇာထည့်ခြင်း
သင်ခန်းစာဖြည့်စွက်ကျမ်းပိုဒ် - အကိုင်းအခက်များကိုချိုင်ခြင်း
( မဿဲ ၁း၉-၁၃၊ ၂ သက် ၂း၈-၁၀၊ ဗျာဒိတ် ၁၂း၉၊ ၁ပေ ၅း၈ )
လက်တွေ့မေးခွန်းများနှင့်နိဂုံးချုပ် - ခူးဆွတ်ရိတ်သိမ်းခြင်း (၂တိ ၃း၁၆-၁၇) 
                        နိဂုံး -  စာတန်၏ဆိုးညစ်သော ဆန္ဒသည် လူကိုဘုရားသခင်၏အကြံအစည်တော်ကို ဆန့်ကျင်တိုက်ခိုက်ရာသို့ ဦးတည် စေခဲ့သည်။ စာတန်၏လှုပ်ရှားမှုသည် ဤကမ္ဘာပေါ်တွင် ဧဝကိုလှည့်စားခြင်းဖြင့်အစပြုခဲ့သည်။ ဧဝသည် ဘုရားသခင်အား မနာခံဖို့ရန် စာတန် လှည့်ဖြားခဲ့သည်။ စာတန်သည် ဘုရားသခင်နှင့်လူအကြား၌ရှိသော အထူးဆက်ဆံရေးကို စက်ဆုပ်မုန်းတီးသည်။
Comments
Popular posts from this blog
ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ
ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း
သင်၏တဲရာကို ကျယ်စေလော့