သင်၏တဲရာကို ကျယ်စေလော့ (ဟေရှာယ၊ ၅၄း ၂) ==================================== “သင်၏တဲရာကိုကျယ်စေလော့” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ဝေငှလိုပါတယ်။ အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (ဟေရှာယ၊ ၅၄း၂) ဖြစ်ပါသည်။ ကမ္ဘာ့တန်ခိုးကြီးသောနိုင်ငံများသည် (၁၉)ရာစုနှင့် (၂၀)ရာစုအကြားတွင် နီရဲသောမျက်လုံးများဖြင့် နိုင်ငံငယ်များနှင့် အားနည်း သောနိုင်ငံတို့ကို လက်အောက်ခံ ကိုလိုနီနိုင်ငံများအားဖြင့် သိမ်းပိုက်ရန် စူးစိုက်ကြည့်နေကြပြီး ဒုတိယ ကမ္ဘာစစ်ကြီးအဆုံးတိုင်အောင် သက်ဆိုးရှည်ခဲ့သည်။ ကမ္ဘာ့တန်ခိုးကြီးသောနိုင်ငံများသည် မိမိတို့၏လက်အောက်ခံနယ်ပယ်တို့ကို ချဲ့ခြင်းအားဖြင့် နယ်ချဲ့လိုကြသည်။ ဘုရားသခင်သည် ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ခေါ်ဆောင်လာသောအခါ၌ နို့နှင့်ပျားရည်စီးသောပြည်ဖြစ်သည် ခါနန် ပြည်ကို သိမ်းပိုက်ကြရန် မိန့်မှာတော်မူသည်။ ဣသရေလလူတို့သည် သိမ်းပိုက်ကြသော်လည်း ထိုပြည်၌ နဂိုနေထိုင်သောလူ...
Comments