ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ဘုရားသခင် (BFAM သင်ခန်းစာ ၁-၁) အတွဲ ၁

သင်ခန်းစာလေ့လာခြင်း ပုံစံ

ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ဘုရားသခင်
ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ၏

န်းစာ
     
       ၁သင်ခန်းစာခေါင်းစီး - မြေဆီလွှာကိုပြုပြင်ပေါင်းသင်ခြင်း
        ဘုရားသခင်တစ်ဆူတည်းရှိတော်မူ၏။ နေရာတိုင်းတွင် ရှိတော်မူ၍ အနတ္တတန်ခိုးရှင်ဖြစ်တော်မူ၏။ တစ်ဆူတည်းဖြစ် တော်မူသော ဘုရားသခင်သည် မည်သည့်အရာမျှမရှိသည့်အထဲမှ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ စကြာဝဋ္ဌာ တစ်ခုလုံးသည် အမိန့်တော် အားဖြင့် ဖြစ်ပေါ်လာသည်။ ဘုရားသခင်သည် ဥဿုံပြည့်စုံတော်မူသော ဘုရားသခင် ဖြစ်သော ကြောင့် ဖန်ဆင်းတော်မူသမျှသည်လည်း ပြည်စုံလျှက်ရှိ၏။

အဓိကကျမ်းပိုဒ် - တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော်မူပြီး ပညတ်တော်အားဖြင့် လောကဓာတ်ကိုတည်တော်မူပြီ။ ဥာဏ်တော်အားဖြင့် မိုးကောင်းကင်ကိုကျက်တော်မူပြီ။ (ယေရမိ ၅၁း၁၅)

သမ္မာကျမ်းစာပုံဝတ္ထု - မျိုးစေ့ကြဲခြင်း
မိတ်ဆက်ပေးခြင်းသည် ကျမ်းစာပုံဝတ္ထုကို နားလည်စေရန် သတင်းအချက်အလက်ပေးပါသည်။
        မည်သည့်အရာမျှမရှိမှီ ဘုရားသခင်သည် ရှိတော်မူ၏။ (၆)ရက်အတွင်းတွင် ကမ္ဘာမြေကြီးနှင့်မြေကြီးပေါ်မှာရှိသမျှအရာအားလုံးကို ဖန်ဆင်းတော်မူ ကြောင်း ကျမ်းစာတွင် တွေ့ရှိရသည်။ အလင်း၊ နေ၊ လ၊ ကြယ်၊ ကောင်းကင်၊ ရေနှင့်ကုန်းမြေတို့ကို (၅)ရက်အတွင်းတွင် ဖန်ဆင်းတော်မူ၏။ အမျိုးအလိုက်မျိုးပွားနိုင်သော ငှက်မျိုးကိုလည်းကောင်း၊ ရေသတ္တ၀ါများကိုလည်းကောင်း၊ သစ်သီးဝလံများကိုလည်း ကောင်း၊ ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းခြင်းလက်ရာများကို ဘု ရားသခင်ကြည့်မြင်၍ ထိုအရာတို့သည်ကောင်းသည်ဟု နှုတ်မြွတ်တော်မူ၏။ ကျွန်ုပ်တို့လေ့လာကြရမည့် အကြောင်းအရာသည် ခြောက်ရက်မြောက်နေ့တွင် အစပြုသည်။
သမ္မာကျမ်းစာပုံဝတ္ထုသည် ဤနေရာမှ အစပြုပါသည် -
        ၂၄တဖန်ဘုရားသခင်က၊ မြေသည် အသက်ရှင်သောသတ္တ၀ါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို ၎င်း၊ မွေးဘွားစေဟုအမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ ၂၅ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်မျိုးအ ပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။ ၂၆တဖန် ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့်တညီ တသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်အပေါင်းတို့ကို ၎င်း၊ အုပ်စိုးစေဟု အမိန့်တော်ရှိ၏။ ၂၇ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ လူ ယောက်ျား၊လူမိန်းမကို ဖန်ဆင်းပြီးလျှင်၊- ၂၈အချင်းတို့၊ များပြားစွာမွေးဘွားကြလော့။ မြေကြီးကို ပြည့်စေ၍နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်း ကင်ငှက်တို့ကို၎င်း၊ အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ အုပ်စိုးကြလော့ဟု မိန့်တော်မူ၍၊ သူတို့ကိုကောင်းကြီးပေးတော်မူ ၏။ (ကမ္ဘာဦးကျမ်း ၁း၂၄-၂၈)
ရှာဖွေလေ့လာခြင်းဖြစ်စဉ် - ရေလောင်းခြင်းနှင့် မြေသြဇာထည့်ခြင်း




သင်ခန်းစာဖြည့်စွက်ကျမ်းပိုဒ် - အကိုင်းအခက်များကိုချိုင်ခြင်း
(ကော ၁း၁၆၊ ဗျာ ၄း၁၁၊ ဆာ ၃၃း၆-၉၊ ဟေရှာ ၄၀း၂၁-၂၈၊ ဟေဗြဲ ၁၁း၃၊ ဆာ ၇၄း၁၆-၁၇)



လက်တွေ့မေးခွန်းများနှင့်နိဂုံးချုပ် - ခူးဆွတ်ရိတ်သိမ်းခြင်း (၂တိ ၃း၁၆-၁၇)

            နိဂုံး -  ဤစကြာဝဋ္ဌာနှင့်အရာအားလုံးတို့သည် မတော်တဆကြောင့် ဖြစ်ခဲ့ကြသည်မဟုတ်ပါ။ ဖန်ဆင်းရှင်ရှိခဲ့ပြီး ထိုသူသည် ဘုရားသခင်ဖြစ်တော်မူ၏။ ဘုရားသခင်ဖန်ဆင်းသောအရာအားလုံးတို့သည် စုံလင်လျက်ရှိ၏။

သင်ခန်းစာလေ့လာခြင်း ပုံစံ

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့